Phwe Around Bangkok

Phwe Around Bangkok ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phwe Around Bangkok, ร้านขายของชำ, Bangkok.

Hello Everyone,Welcome back from Phwe Around Bangkok 🩵ဒီနေ့ကတော့ BKK မှာရှိတဲ့ ကြေးအိုးလွမ်းနေတဲ့ မြန်မာများအတွက် Blog လ...
03/11/2024

Hello Everyone,

Welcome back from Phwe Around Bangkok 🩵
ဒီနေ့ကတော့ BKK မှာရှိတဲ့ ကြေးအိုးလွမ်းနေတဲ့ မြန်မာများအတွက် Blog လေးဘဲဖြစ်ပါတယ်။
ဟုတ်ပါတယ် အားလုံးသိကြတဲ့အတိုင်းဘဲ ကြေးအိုးလို့ပြောရင် လူတိုင်းတန်းမြင်ကြတဲ့ “YKKO” ဘဲဖြစ်ပါတယ်ရှင်။
BKK မှာ YKKO လာဖွင့်ပြီဆိုတာနဲ့ အပြေးလေး ရှေ့ဆုံးကနေ သွားစားဖြစ်ခဲ့ပါတယ်။
အရသာကတော့ အားလုံးသိနေပြီးသားအတိုင်း မြန်မာက လက်ရာအတိုင်းပါဘဲ Phway အတွက်တော့ တစက်လေးမှ လျော့မနေဘူးလို့ခံစားရပါတယ်။
Potion အနေနဲ့ကတော့ မြန်မာကနဲ့ယှဉ်ရင် a little လေးနဲတယ် ခံစားရပေမယ့် ဗိုက်တော့ဝခဲ့ပါတယ် 😂။
နေ့လည်စာအတွက် သွားစားတာဆိုပေမယ့်လို့ ညနေစာအတွက်ပါနောက်တစ်ပွဲပါ ပါဆယ် ဆွဲခဲ့ပါတယ်ရှင်🙂‍↕️။
ထုံးစံတိုင်း ကြေးအိုး စားရင်မပါဖြစ် ကြက်ဆာတေး နဲ့ ကျောက်ကြော ဖျော်ရည်လေး ကလဲ ဖွေး အတွက်တော့ အရသာကွက်တိပါဘဲ။
အသား quality လဲတော်တော့်ကို ကောင်းပါတယ်ရှင်။
Service ပိုင်းအနေနဲ့ပြောရရင်လဲ ဝန်ထမ်း တွေကအသစ်မို့လို့ နဲနဲလေးတော့ လိုအပ်ချက်ရှိပါတယ်။
Overall ပြောရရင်တော့ ဖွေးအတွက်ကတော့ 9/10 ပါဘဲရှင်။
ကဲ ဒါဆို ကြေးအိုး လွမ်းနေသူများအတွက် သွားစားဖို့လက်တို့လိုက်ပါတယ်နော် 🥳
လိပ်စာကတော့ MBK 7 floor မှာပါရှင်။
နောက်လဲ ထိုင်း နိုင်ငံ နဲ့ ပတ်သက်တဲ့ Vlog လေးတွေရှိလို့ စိတ်ဝင်စားတယ်ဆိုရင် like & share လေးလုပ်သွားပေးပါအုံးနော် ။

Welcoming 2024 with open arms, embracing the promise of new beginnings, endless possibilities, and the joyous journey ah...
01/01/2024

Welcoming 2024 with open arms, embracing the promise of new beginnings, endless possibilities, and the joyous journey ahead.
May this year be filled with love, laughter, and the fulfillment of your dreams.
Happy New Year to you and yours! 🎉✨

Glow Up or Not ? 🖤2022 Vs 2023
31/10/2023

Glow Up or Not ? 🖤
2022 Vs 2023

Delicate silk creator 🕷️🖤Makeup by SoraLog
31/10/2023

Delicate silk creator 🕷️🖤

Makeup by SoraLog

သီတင်းကျွတ် အခါသမယမှာ followers များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း နိုင်ကြပါစေကြောင်း “ Phwe Around Bangkok “...
28/10/2023

သီတင်းကျွတ် အခါသမယမှာ followers များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း နိုင်ကြပါစေကြောင်း “ Phwe Around Bangkok “ မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏🏻✨

Happy Thindagyunt Festival To You All 🤍
From the bottom of my heart, once again I wish you all a Happy and Prosperous Festival of light, Thadingyut 🕯️

သီတင်းကျွတ် အခါသမယ မှာ follower များအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း “Phwe Around Ban...
28/10/2023

သီတင်းကျွတ် အခါသမယ မှာ follower များအားလုံး စိတ်၏ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း “Phwe Around Bangkok “ မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏻✨

Happy Thadingyut To You all 🤍

Making Memories in Year 3 📚🤎
25/10/2023

Making Memories in Year 3 📚🤎

Hello Everyone,ဒီနေ့ Phway ကတော့ ထိုင်းမှာကျောင်းတက်ဖို့စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် Phway အခုလက်ရှိတက်နေတဲ့ UTCC ISM (...
21/10/2023

Hello Everyone,
ဒီနေ့ Phway ကတော့ ထိုင်းမှာကျောင်းတက်ဖို့စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက် Phway အခုလက်ရှိတက်နေတဲ့ UTCC ISM ( University of the Thai Chamber of Commerce) ထိုင်းလိုဆို (มหาวิทยาลัย หอการค้าไทย) လို့ခေါ်တဲ့ Business University နဲ့ပတ်သက်ပြီး sharing လုပ်သွားပေးပါမယ်နော်။ ဒီကျောင်းက Business ကျောင်းမို့လို့ major တွေကတော့ Business နဲ့ပတ်သက်တဲ့ major တွေဘဲရှိပါတယ်။ဒါကြောင့် Business ကိုဘဲစိတ်ဝင်စားတဲ့သူတွေအတွက် ကျောင်းနဲ့ပတ်သက်တာလေးကိုဝေမျှပေးသွားပါမယ်နော်။ Campus ကတော့အရမ်းမကျယ်ပေမယ့် Dancing Zone , Basketball Court, Grass Field တို့တော့ရှိပါတယ်။ ညနေတိုင်း ကျောင်းသားတွေက Main Building ရဲ့ မြက်ခင်းမှာ ဆော့လို့ရအောင် ကြက်တောင်တို့ ဘောလုံးတို့အပြင် တစ်ခြားပစ္စည်းတွေပါထားပေးထားလေ့ရှိပါတယ်။ Main Building ထဲမှာဆိုရင် library အတွက် နှစ်ထပ်ခွဲပေးထားပါတယ်။ ပထမတစ်ထပ်ကတော့ ကျောင်းသားတွေနားနေလို့ရပါတယိ။ Game ဆော့ဖို့အတွက် PS 5 ၊ UNO နဲ့တစ်ခြားပစ္စည်းတွေထားပေးထားပါတယ်။ ဒီအထပ်ကတော့အသံထွက်လို့ရပါတယ်။ ဒုတိယအထပ်ကတော့ လုံးဝစာလုပ်တဲ့နေရာဘဲဖြစ်ပါတယ်။ အသံလုံးဝထွက်လို့မရပါဘူး။ library ကတော့ ညနေ 5 နာရီထိဖွင့်ပါတယ်။ Main Building ရဲ့အောက်မှာ 7/11 လဲရှိတာမို့ မနက်စာအတွက်လဲစိတ်ပူစရာမလိုပါဘူး။ နေ့လည်စာကတော့ Canteen မှာစျေးတန်တန်နဲ့စားလို့ရသလို ကျောင်းရှေ့မှာလဲ ဆိုင်တွေရှိတာမို့လို့ ထွက်ဝယ်စားလို့ရပါတယ်။ Phway တို့ကျောင်းက နှစ်ပိုင်းခွဲထားပါတယ် International ကျောင်းသားတွေအတွက်က ISM Building ဆိုပြီးသီးသန့် ခွဲပေးထားပါတယ် ။ ISM ကျောင်းသားတွေအတွက် Building မှာဘာတွေပါလဲဆိုရင် နားနေဖို့အတွက် ISM lounge ဆိုပြီး ထားပေးထားပါတယ် ။ အဲ့ထဲမှာ ကျောင်းသားတွေအတွက် ဘိလိယက်ခုံ ၊ Table Soccer၊ meeting room၊ လှဲဖို့ ထိုင်ဖို့ Sofa တွေ စာလုပ်ဖို့ခုံတွေထားပေးပါတယ်။ Lounge ရဲ့အရှေ့မှာဆိုရင် Coffee shop ထားပေးပါတယ်။ ဓာတ်လှေခါးလဲထားပေးထားပေမယ့် အမြဲတန်းစီနေရလို့ Phway ကတော့ လှေကားကနေဘဲတက်ပါတယ်။ ကဲ အခု ဒုတိယထပ် နဲ့ တတိယထပ်က စာသင်ခန်းတွေအကြောင်းပြောပြပါမယ်နော်။ စာသင်ခန်းတွေကတော့ တစ်ခန်း နဲ့ တစ်ခန်းပုံစံ မတူပါဘူး ။ အခန်း design တွေက အမြဲမတူတာမို့လို့ အရမ်းမပြောပြတော့ဘူးနော် ။အခန်းတွေကအမြဲAircon တွေကတော့အရမ်းအေးတာမို့်လို့ အနွေးထည်တွေတော့လိုပါလိမ့်မယ် 🥶။ ISM ကတော့ အတန်းရှိရင် ရှိတဲ့အထိ မနက် ရှစ်နာရီကနေ တစ်ခါတစ်လေ ညကိုးနာရီ အထိဖွင့်လေ့ရှိပါတယ်။ ကျောင်းဝတ်စုံကတော့ မိန်းကလေးဆို င်္အကျီအဖြူ နဲ့ စကပ်အတို အနက် ဝတ်ရပါတယ်။ ကျောင်းကတော့ ကြယ်သီးအရှင် pin နဲ့ ခါးပတ်တွေပေးပါတယ်။ ဒါပေမယ့်တပ်ရအရမ်းခက်လို့ မနက်ဝတ်မယ်ဆို ညကထဲက င်္အကျီမှာတပ်ထားမှအဆင်ပြေပါလိမ့်မယ် မနက်မှထတပ်ရင် အတန်းချိန်နောက်ကျပါလိမ့်မယ် 🥹 ISM ကျောင်းသားတွေအတွက်ကတော့ တစ်ခါတစ်လေဝတ်ဖို့ Polo Shirt နဲ့ T shirt တွေထုပ်ထားပေးပါတယ်။ Phway ကတော့အတန်းမမှီရင် အဲ့ဒါဘဲကောက်စွပ်သွားပါတယ် 😂။ စာနဲ့ပတ်သက်ပြီး Presentation နဲ့ Assignment တွေအရမ်းလုပ်ရပေမယ့် ဆရာ ဆရာမ တွေကလဲ သဘောကောင်းတော့ အရမ်းကြီးပြသနာတော့မရှိပါဘူး။နေမကောင်းဖြစ်လဲ ကျောင်းက insurance ကဒ်လုပ်ပေးတာမို့လို့ ဆေးခန်းတွေမှာဆို ပိုက်ဆံထပ်ပေးစရာမလိုပါဘူးနော်။ကျောင်းသားကဒ် နဲ့ ဘဏ် အကောင့်ကလဲတစ်ခါထဲတွဲရက်မို့လို့ ဘဏ်အကောင့်ဖွင့်ဖို့စာရွက်စာတမ်းတွေကအစ ကျောင်းကပြင်ဆင်ပေးပါတယ်နော်။ဒီမှာက အကုန်လုံးနီးပါး7/11 ကလွဲပြီးကျန်တာအကုန် QR code နဲ့ဘဲသုံးကြတာမို့လို့ ပိုက်ဆံကိုင်လေ့မရှိပါဘူး 😂မြန်မာတွေလဲအများကြီးရှိတာမို့လို့ တစ်ခုခုဆိုလဲစိတ်ပူစရာမရှိပါဘူးနော်။ ကျောင်းကမြို့ထဲမှာမို့ နေဖို့အတွက်ကလဲ ကျောင်းနာတစ်ဝိုက်မှာ အခန်း တွေအများကြီးရှိတာမို့လို့ ကိုယ်ကြိုက်တဲ့ စျေး နဲ့ အခန်းကိုငှါးလို့ရပါတယ် ။ ကျောင်းကနေ 5 မိနစ်လောက်လမ်းလျှောက်တာနဲ့ အခန်းတွေငှါးတဲ့နေရာတွေရှိပါတယ်နော်။ စျေးဆိုလဲ Huai Khwang နဲ့ဆို 5 မိနစ်လောက်ဘဲ လမ်းလျှောက်ရတာမို့လို့ ကိုယ်တိုင်ချက်စားချင်လဲအဆင်ပြေပါတယ်။ ရိုးရိုးစျေးမဟုတ်ဘဲ Super Market သွားချင်တယ်ဆိုလဲ Big C နဲ့ Lotus ကနီးတာမို့လို့ ဆိုင်ကယ် နဲ့ဆို ငါးမိနစ်လောက်ရောက်ပါတယ်နော်။ ကျောင်းကမြို့ထဲမှာဖြစ်လို့ တစ်ခြားနေရာတွေသွားရလဲလွယ်ကူပါတယ် ဘယ်သွားသွား အရမ်းမဝေးတာမို့လို့အဆင်ပြေပါတယ်နော်။ MRT ဆိုလဲ Huai Kwang နဲ့ဆို 15 မိနစ်လောက်ဘဲရှိပါတယ်နော်။ ဒါလေးကတော့ UTCC ISM ကျောင်းသူတစ်ယောက်ရဲ့ Short to the point review လေးပါ။ ကျောင်းအကြောင်းစိတ်ဝင်စားတယ် ဒါမှမဟုတ် ကျောင်းအပ်ချင်တယ်ဆိုလဲ Phway ဆီဆက်သွယ်လို့ရပါတယ်နော်။ ကျောင်းကိစ္စများမေးချင်ခဲ့ရင် Phway ဆီအချိန်မရွေးဆက်သွယ်လိုက်ပါ။ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ။Blog လေးကိုသဘောကျတယ်ဆိုရင် like & share လေးလုပ်သွားပေးပါအုံးရှင့် 🤎

#ပုံတစ်ပုံခြင်းစီရဲ့အောက်မှာအသေးစိတ်ရှင်းပြပေးထားပါတယ်နော်။


#มหาวิทยาลัย หอการค้าไทย

Hello Again ပါရှင့်, ဒီနေ့ Phway ကတော့ ထိုင်း မှာနေနေတဲ့သူတွေဖြစ်ဖြစ် ၊ ထိုင်း ကိုအလည်လာတဲ့သူတွေဖြစ်ဖြစ် ထဲက မာလာရှမ်းကေ...
17/10/2023

Hello Again ပါရှင့်,
ဒီနေ့ Phway ကတော့ ထိုင်း မှာနေနေတဲ့သူတွေဖြစ်ဖြစ် ၊ ထိုင်း ကိုအလည်လာတဲ့သူတွေဖြစ်ဖြစ် ထဲက မာလာရှမ်းကော မစားရမနေနိုင်တဲ့သူတွေ ရှိကြတယ်မလား? ဒါတွေသိလို့ Phway က အရသာကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ် နဲ့ အဆင်ပြေတဲ့ မာလာရှမ်းကော ဆိုင်လေးအကြောင်း ပြောပြပေးပါမယ်နော်။ ဆိုင်နာမည်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ “The Spicy House Thailand” ဘဲဖြစ်ပါတယ်။ ဝန်ထမ်းတွေကလဲမြန်မာတွေဖြစ်တဲ့အပြင် service လဲအတော်ကောင်းပါတယ်။ဆိုင်က အသားတွေကလဲ လတ်တဲ့အထဲပါလို့ တော်တော်စားကောင်းပါတယ်။The Spicy House Thailand ဆိုင်ခွဲတွေထဲကမှ Phway ကတော့ Vanit Village ကဆိုင်ခွဲကို သဘောအကျဆုံးပါဘဲ။ Service ကောင်းပြီး စိတ်အေးလက်အေး နဲ့မို့ အဆင်ပြေပါတယ်။ဆိုင်မှာ မာလာရှမ်းကောအပြင် တစ်ခြား menu တွေလဲရှိပါသေးတယ်နော်။Phway ကတော့နောက်တစ်ခါဆို အဲ့က မာလာငါး ကို Try ကြည့်ဖို့တွေးထားပါတယ်🤭။ဆိုင်ကနေ မြင်ရတဲ့ View လေးကို Phway တော့တော်တော်သဘောကျပါတယ် ဘယ်လိုလေးလဲဆိုတာ အောက်မှာပုံထည့်ပေးထားပါမယ်နော်။ကဲ ဒါဆို မာလာရှမ်းကော သရဲလေးတွေအတွက် ဒီဆိုင်လေး ကို Try ကြည့်လို့ရပါတယ်နော်။ အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါ။ သဘောကျတယ်ဆိုရင် like & share လေးလုပ်သွားပေးပါအုံးရှင့် 💓

Google Map : https://maps.app.goo.gl/YcNDmjoo5tAsbSay7?g_st=ic

08/10/2023

My Very First Vlog 🎉🤎
|| The “Charlie” Live Experience ||

Ft : HanThi’s dream place


#သဘောကျတယ်ဆိုရင်likeလေးလုပ်ပြီးshareသွားလို့ရပါတယ်နော်

Hello Everyone,Phway ရဲ့ ပထမဆုံး blog လေးကိုတော့ ဘန်ကောက်ကို အလည်လာတဲ့ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ လူငယ်တွေရော လူကြီးတွေရော...
05/10/2023

Hello Everyone,

Phway ရဲ့ ပထမဆုံး blog လေးကိုတော့ ဘန်ကောက်ကို အလည်လာတဲ့ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ လူငယ်တွေရော လူကြီးတွေရော အတွက် ထိုင်းမှာ ထိုင်း ဝတ်စုံလေးတွေ နဲ့ ဓာတ်ပုံဆရာပါအပါ မိသားစု နဲ့ဘဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဘဲဖြစ်ဖြစ် တစ်ယောက်ထဲ အလှပုံဘဲဖြစ်ဖြစ် ထိုင်း ဝတ်စုံနဲ့ ဓာတ်ပုံရိုက်လို့အကောင်းဆုံးဖြစ်တဲ့ Wat Arun မှာ ဘယ်လိုဝတ်စုံငှါးပြီး ဘယ်လိုဓာတ်ပုံလှလှလေးတွေ ရိုက်ရမလဲဆိုတဲ့အကြောင်းလေးကို review ရေးပေးသွားမှာဘဲ ဖြစ်ပါတယ်ရှင်။ ဒီအကြောင်းလေးကို Phway က အပိုင်း 3 ပိုင်းခွဲပြီး ရှင်းပြပေးသွားပါမယ်ရှင့်။

- ဖွေးကတော့ အင်္ကျီကို Sense Of Thai ဆိုတဲ့ဆိုင်လေးကနေငှါးဖြစ်ပါတယ်။ သူ့မှာက တစ်ခါထဲ ဓာတ်ပုံရိုက်ပေးတဲ့ package လေးပါတွဲငှါးလို့ရတာမို့လို့တော်တော်အဆင်ပြေပါတယ်။ နောက်တစ်ချက်ကတော့ အင်္ကျီဆိုင် ရော ဓာတ်ပုံဆရာ နဲ့ရော communicate လုပ်တဲ့အခါ အင်္ဂလိပ်စကား ပြောလို့ရတာမို့လို့ အလည်လာတဲ့သူတွေအဖို့ တော်တော်အဆင်ပြေပါတယ်။ ဆိုတော့ အင်္ကျီ ဘက်လေးကိုပြန်လှည့်လိုက်ကြရအောင်နော် သူကတော့ နိုင်ငံခြားသားတွေရော local တွေပါအသိများတဲ့ဆိုင်မို့လို့ booking ကို 5 ရက်လောက်ကြိုလုပ်ထားမှ အဆင်ပြေပါမယ်ရှင့်။ ဆိုင်ရောက်သွားရင်လဲ အင်္ကျီ အရောင်ရွေးတဲ့ အခါ အဆင်ပြေပါ့မလားဆိုပြီးလဲ စိတ်ပူစရာ မလိုပါဘူးနော်။ အရောင်အသွေးတွေ ပုံထဲကအတိုင်း အစုံအလင်ရှိတာမို့လို့ စိတ်ကြိုက်ရွေးလို့ရပါတယ်။ ကိုယ်ကအပေါ်ပိုင်းအဝတ်အရောင်ကိုရွေးယုံပါဘဲ ခါးကပိတ်စအရောင်စပ်လေးတွေကို သူတို့ကကူရွေးတဲ့အတွက် အဆင်မပြေမှာ စိတ်ပူစရာမလိုပါဘူးနော်။ Accessories ကိုလဲ Phway တို့က ရွှေရောင် နဲ့ ငွေရောင် နှစ်မျိုးထဲကကိုယ်ကြိုက်တာရွေးလိုက်ရုံပါဘဲ ကျန်တဲ့ ကျောက်အရောင် နဲ့ ဝတ်စုံနဲ့လိုက်မယ့် အိတ် ကိုသူတို့ကရွေးပေးပါတယ်။ ဝတ်စုံကိုလဲအဝတ်လဲခန်းထဲမှာ သူတို့ကသေချာဝတ်ပေးပါတယ်နော်။ ဆိုင်ကနေ Wat Arun ကိုလဲ ဆိုင်ရှေ့မှာ လှေဆိပ်ရှိတာကြောင့် လှေစီးပြီးသွားချင်လဲရပါတယ်ရှင့်။ Experience အသစ်တွေရတယ်လို့တော့ ခံစားရပါလိမ့်မယ် 😂။ လှေဆိပ် မှာရှိတဲ့ လက်မှတ် ဝယ်ဖို့နေရာကို အောက်က ပုံတွေထဲမှာထည့်ပေးထားပါမယ်နော်။

- ကဲအခုဝတ်စုံအကြောင်းပြောပြီးပြီဆိုတော့ ဓာတ်ပုံ ဘက်ကိုဆက်သွားရအောင်နော်။ ဓာတ်ပုံကတော့ တစ် section ကို 1 နာရီ ကြာပါတယ်နော်။ 1 section ကို 1 ယောက်ကနေ 5 ယောက်ထိ ရိုက်လို့ရတဲ့အတွက် budget save ချင်တဲ့သူတွေ အနေနဲ့လဲအဆင်ပြေပါတယ်နော်။ ပိုစ့်မပေးတတ်မှာလဲစိတ်မပူနဲ့နော် ဖွေး ဆိုပိုစ့်မပေးတတ်မှာဆိုးလို့ ညကထဲက ပိုစ့် တွေအလွတ်ကျက်သွားတာ 😂 တကယ့် တကယ်က မလိုပါဘူးနော် သူတို့က တစ်နာရီအတွင်းကို လုံးဝ စိတ်ကျေနပ်လောက်တဲ့အထိ ပိုစ့် တွေကိုရှယ်သင်ပေးတဲ့အပြင် location တွေပါတစ်ခါထဲရှာပေးတာပါ ကိုယ်ကသူတို့ ပြောတဲ့အတိုင်း နေပေးလိုက်ရုံပါဘဲ camera man ကလဲအရမ်းအရမ်း ကို သဘောကောင်းပါတယ် ရှိန် နေတာဘာညာလဲ မဖြစ်ပါဘူးနော် ။ ဒါကြောင့်စိတ်ပူဖို့မလိုပါဘူးနော် တစ်ခုရှိတာကတော့ သူတို့က schedule နဲ့အတိအကျလုပ်တာမို့လို့ ချိန်းထားတဲ့အချိန် အတိုင်း ကွက်တိ သွားမှအဆင်ပြေပါလိမ့်မယ်နော်။

- အခုဝတ်စုံအကြောင်းရော ဓာတ်ပုံရိုက်ဖို့အတွက်ရော ပြောပြီးပြီဆိုတော့ စျေးနှုန်းလေးအကြောင်းဆက်ပြောပေးပါမယ်နော်။ဝတ်စုံလေးကတော့ 600 ကနေ 900 အထိစျေးအစားစားရှိပါတယ်နော်။ ဓာတ်ပုံကတော့ 1 နာရီကို 2600 ဘတ်ကျသင့်ပါတယ်ရှင့်။ တကယ်လို့သူငယ်ချင်း 5 ရောက်ဖြစ်ဖြစ် ၊ မိသားစု 5 ယောက်ဘဲဖြစ်ဖြစ် Share ပြီးရိုက်မယ်ဆိုရင်တော့ တစ်ယောက်ကို ဘတ် 500 ဝန်းကျင်လောက် ကျပါမယ်ရှင့်။ ဒါပေမယ့် ပေးရတဲ့စျေး နဲ့ quality ကတော့လုံးဝ ထပ်တူကျတယ်လို့ ခံစားရပါမယ်နော်။ Bangkok ရောက်တုန်းလေးတော့ Try ကြည့်သင့်တဲ့အထဲပါပါတယ်နော်။ booking လုပ်ရမယ့် page ကို mention လုပ်ပေးထားပါမယ်နော်။
ဆိုင်အပြင်အဆင်နဲ့ တစ်ခြားပုံတွေကို အောက်မှာထည့်ပေးထားမှာမို့လို့ တစ်ပုံ ချင်းစီ ထောက်ကြည့်သွားလို့ရပါတယ်ရှင့်။ သိချင်တာရှိရင်လဲ comment မှာဖြစ်ဖြစ် cb မှာဖြစ်ဖြစ် အားမနာတမ်း လာမေးလို့ရပါတယ်ရှင့် ။ အဆုံးထိဖတ်ပြီး အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။🤍

👗: Sense Of Thai : Thai Costume Rental
📸: Aofaum Photography : หาช่างภาพ ถ่ายรูปรับปริญญา Pre-wedding และงานมงคลต่างๆ

Hello Everyone 👋,Phway ကတော့ ခုလောလောဆယ်တော့ ထိုင်းမှာကျောင်းတက်နေတဲ့  Third year ကျောင်းသူတစ်ယောက်ပါရှင့်။ 🫶🏻ကျောင်းတက်...
04/10/2023

Hello Everyone 👋,
Phway ကတော့ ခုလောလောဆယ်တော့ ထိုင်းမှာကျောင်းတက်နေတဲ့ Third year ကျောင်းသူတစ်ယောက်ပါရှင့်။ 🫶🏻
ကျောင်းတက်နေတဲ့အတောအတွင်း Phway ရဲ့ Phwe Around Bangkok ဆိုတဲ့ Page လေးကနေ ဘန်ကောက်မှာ ရှိတဲ့ သွားလို့ စားလို့ကောင်းမယ့်နေရာလေးတွေ ၊ ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေ ၊ လူငယ်တွေကြိုက်လောက်မယ့်နေရာလေးတွေ ပြီးတော့ လူကြီးတွေပါကြိုက်လောက်မယ့်နေရာလေးတွေ ၊ ထိုင်းနိုင်ငံရောက်ရင် ဘန်ကောက်နဲ့ နီးစပ်ရာမြို့လေးတွေကို ဘယ်လိုခရီးသွားရမလဲဆိုတာလေးတွေနဲ့ ပတ်သက်ပြီး Content လေးတွေရေးပေးသွားမှာဘဲ ဖြစ်ပါတယ်နော်။❤️

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+66834646758

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phwe Around Bangkokผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phwe Around Bangkok:

แชร์