27/10/2026
‼️ ပွဲအတွင်း လိုက်နာရန် အသိပေးကြေညာချက်
📢 ဝေဟင်မြန်မာလုပ်ငန်းစုက ကြီးမှူးကျင်းပသည့် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကြီးကို ပါဝင်ဆင်နွှဲကြမည့် ညီအကိုမောင်နှမတို့အား ချစ်ခင်လေးစားစွာဖြင့် အသိပေးလိုသည်မှာ -
အောက်တိုဘာလ ၃၀ရက်နေ့တွင် ကျင်းပမည့် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကြီးသည် အိုမန်ရောက် မြန်မာညီအကိုမောင်နှမများ လုံခြုံစိတ်ချမှုနှင့် မိသားစုဆန်ဆန် အတူပျော်ရွှင်နိုင်ရန်အတွက် အိုမန်နိုင်ငံ၏ တရားဝင် ပွဲခွင့်ပြုချက်ကိုယူပြီး ကျင်းပရပါသောကြောင့် အောက်ဖော်ပြပါအချက်များကို လေးစားလိုက်နာပေးပါရန် အသိပေးအပ်ပါသည်။
✅ ပွဲအတွင်း ပစ္စည်းရောင်းချမည့်သူများ လိုက်နာရန်
ပွဲစီစဉ်သူ ဝေဟင်မြန်မာလုပ်ငန်းစုထံမှ ကြိုတင်ခွင့်ပြုချက် ရယူထားသော ဆိုင်များသာ ပွဲအတွင်း ဈေးရောင်းချခွင့်ရှိမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ပွဲအတွင်း လျှို့ဝှက်ရောင်းချခြင်းများကို လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။
-
✅ လုံခြုံရေးအတွက် စစ်ဆေးမှုများကို လိုက်နာရန်
ပွဲတက်ရောက်သူ ညီအကိုမောင်နှမများ လုံခြုံစိတ်ချစွာနှင့် အပြည့်အဝပျော်ရွှင်နိုင်ရန်ရည်ရွယ်၍ ပွဲအဝင်အပေါက်ဝရှိ Security Team များ၏ စစ်ဆေးမှုများကို ပူးပေါင်းပါဝင်ပေးပါရန်။
-
✅ စတုဒိသာနှင့် ဝေငှမှုများအတွက် လိုက်နာရန်
ပွဲစီစဉ်သူ ဝေဟင်မြန်မာလုပ်ငန်းစုထံမှ ကြိုတင်ခွင့်ပြုချက် ရယူထားသော အဖွဲ့များ/ပုဂ္ဂိုလ်များ၏ စတုဒီသာ အကျွေးအမွေးနှင့် အခြားဝေငှမှုများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ခွင့်ပြုချက် ရယူထားခြင်းမရှိပါက ခွင့်ပြုမည်မဟုတ်ပါ။
-
🇴🇲 အိုမန်နိုင်ငံမှာ မြန်မာပွဲတော်များကို နှစ်စဉ် ပျော်ရွှင်စွာဖြင့် ကျင်းပနိုင်ရေးအတွက် အိုမန်နိုင်ငံ၏ ပွဲခွင့်ပြုချက် ဥပဒေများကို လေးစားလိုက်နာ၍သာ ပွဲဖြစ်မြောက်ရေးကို စီစဉ်၍ရနိုင်သည်ဖြစ်ပါသောကြောင့် အိုမန်ရောက် မြန်မာညီအကိုမောင်နှမများအားလုံး အထက်ပါအချက်များကို လေးစားလိုက်နာ၍ ပွဲကို ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
✨✨✨✨✨✨✨✨✨
🗓️ နေ့ရက် - 𝟯𝟬 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝟮𝟬𝟮𝟲
⏰ အချိန် - 𝟭𝟬𝗔𝗠 - 𝟱𝗣𝗠
🎇 ပွဲနေရာ - 𝗔𝗹 𝗝𝗮𝘄𝗵𝗮𝗿𝗮 𝗙𝗮𝗿𝗺, 𝗕𝗮𝗿𝗸𝗮
📌 Google Map :
https://maps.app.goo.gl/VimheaK2PoEEqiSg8
✨✨✨✨✨✨✨✨✨
🌐 www.waihinmyanmarmart.com
#အိုမန် #သီတင်းကျွတ် #ဝေဟင်မြန်မာမတ်