Rayy ရင်ထဲမှာဘောင်တွေခတ်မထား

Forget me not အခန်း-၃ရုံးရောက်တော့လည်း အလုပ်ထဲအာရုံမစိုက်နိုင်ဘဲ စန္ဒာလင်းလုံခြုံရေးအတွက်ခေါင်းစားနေရ၏။သူအတွေးလွန်နေသည်န...
07/12/2024

Forget me not အခန်း-၃

ရုံးရောက်တော့လည်း အလုပ်ထဲအာရုံမစိုက်နိုင်ဘဲ စန္ဒာလင်းလုံခြုံရေးအတွက်ခေါင်းစားနေရ၏။
သူအတွေးလွန်နေသည်နှင့် အခန်းတွင်းသို့ဝင်လာသောသူကိုသတိမထားမိ။

''ကိုကျော်ခေါင်.. ဘာတွေစဥ်းစားနေတာလဲ''

ပြောပြောဆိုဆိုနှင့် ထိုင်ခုံတွင်ထိုင်လိုက်သော ကုမ္ပဏီရှယ်ယာဝင် ဦးသီဟကိုတွေ့လိုက်ရသည်။

''သြော် ကိုသီဟ..ဒီလိုပါပဲဗျာ''

''ခဏ​နော်.. မန်နေဂျာကို​ခေါ်လိုက်မယ်"

''အခုကအလုပ်ကိစ္စနဲ့လာတာမဟုတ်ပါဘူး ကျနော့်သားကိုကျောင်းလိုက်ပြောင်းပေးတာ''

''ဘာလို့လဲ နှစ်ဝက်ပဲရှိနေပြီမလား''

''မပြောချင်တော့ပါဘူး အဲ့ငမွှေသီးနဲ့တော့..ကျောင်းအုပ်က လက်မခံနိုင်တော့ဘူး
ချက်ချင်းပြောင်းပေးရတာ..
သူဆိုးတာက ပြဿနာကြီးကြီးမားမား ​မဟုတ်ပေမဲ့ဆိုတာနဲ့တော်တော်စိတ်ညစ်ရတယ်
ထိန်းရခက်တာကလည်း ...
သူ့အမေကြောင့် အဲ့ကောင်ပျက်စီးနေတာ
ဘာမှဆုံးမလို့မရဘူး ကာဆီးကာဆီးနဲ့ ဟူးး"

ကိုသီဟစကားတွေ တရစပ်ပြောပြီး သူ၏နဖူးပြောင်ပြောင်ကို တစ်ရှူး
ဖြင့်သုတ်လိုက်၏။
ဦးကျော်ခေါင်လည်း ပြုံးလိုက်ကာ

''သားသမီးဆိုတော့လည်းဗျာ
သည်းခံရတာပဲ ရော့ ကိုသီဟ ရေအေးသောက်လိုက်ပါဦး''

ရေတစ်ခွက်လှမ်းပေးလိုက်၏။

''ကျေးဇူးပဲဗျာ''

ရေသောက်ပြီး နာရီကိုကြည့်လျက်

''ကျွန်တော်လည်းဒီဘက်ရောက်တုန်းလမ်းကြုံဝင်လာတာ..မန္တလေးမှာ အလုပ်ကိစ္စချိန်းထားသေးတယ်''

''ဒါဆို အခုပြန်တော့မယ်​ပေါ့ ကိုသီဟ''

''ပြန်တော့မယ် ကိုကျော်ခေါင်
နောက်တစ်ပတ် အစည်းအဝေးကျမှလာခဲ့တော့မယ်
ဒီမှာရော အဆင်ပြေတယ်မှတ်လား ''

''အင်း အားလုံးအဆင်ပြေပါတယ် အလုပ်ကိစ္စ အရေးကြီး ရင်ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်''

''ကောင်းပြီ ကျွန်တော် ပြန်လိုက်ဦးမယ်''

ဦးကျော်ခေါင်လည်းထရပ်လိုက်တော့

'' အာ ကိုကျော်ခေါင် ရတယ်
လိုက်မပို့နဲ့တော့ ''

''ကောင်းပြီ ကိုသီဟ''

ဦးသီဟထွက်သွားတော့ သူလည်း လုပ်လက်စအလုပ်များကိုလက်စသတ်နေလိုက်၏။

စန္ဒာလင်းအောက်ထပ်သို့ဆင်းလာခဲ့၏။ခြံတံခါးရှေ့ကိုလျှောက်လာကာ အပြင်ဘက်ပတ်ဝန်းကျင်ကိုအကဲခတ်နေ၏။
သူမပြောထားသဖြင့် သက်တော်စောင့်တွေတစ်ယောက်မှရှိမနေပေ။
ဒါမှမဟုတ် သူမ မမြင်ရသည့်နေရာမှစောင့်ကြည့်နေသလား..
ဘာပဲဖြစ်ဖြစ် မျက်စိရှေ့မှာတစ်ယောက်မှ
မမြင်သဖြင့် နေရတာသက်တောင့်သက်သာရှိလှသည်။
အိမ်ထဲပြန်ဝင်ပြီး ဧည့်ခန်းမှာဝင်ထိုင်လိုက်သည်။
ဟိုဟိုဒီဒီ ကြည့်​ နေရင်း..အိမ်နောက်ဘက်သို့
အ​ကြည့်ရောက်သွားသည့်အချိန်
ရိပ်ခနဲဖြတ်သွားသော လူရိပ်ကိုတွေ့လိုက်
သဖြင့်နေရာမှထကာ သွားကြည့်လိုက်၏။

မီးဖိုဆောင်ဘေးက အခန်းတံခါးကို
အတင်းဖွင့်နေသောကောင်မလေး
တစ်ယောက်ကိုတွေ့လိုက်ရ၏။ တံခါးကိုဖွင့်မရသဖြင့် ပြန်လှည့်လိုက်သည့်အချိန်တွင် ရပ်ကြည့်နေသောသူမကိုမြင်သွား၍မျက်လုံးပြူးကာကြောင်ကြည့်နေ၏။
စန္ဒာလင်းက

''မင်းဘယ်သူလဲ''

ဟုမေးကာခြေလှမ်းများကကောင်မလေးဆီသို့တစ်လှမ်းချင်းလှမ်းလာရင်းမေးလိုက်၏။ ကောင်မလေးမှာမျက်လုံးအပြူးသားနှင့် သူမကိုကြောင်ကြည့်နေဆဲ။
စန္ဒာလင်းလည်းစိတ်မရှည်သည့်ဟန်ဖြင့်

''ငါမေးနေတယ်လေ နင်ဘယ်သူလဲလို့''

အသံမြှင့်၍မေးလိုက်၏။ ထိုစဥ် ဒေါ်မိလေးရောက်လာပြီး

''အလင်းဘာဖြစ်တာလဲ''

''ဒီမှာလေ ''

''အော် ..ဘာများလဲလို့ အလင်းရယ်ဒေါ်ကြီးရင်ထိတ်သွားတာပဲ
အဲ့ဒါဒေါ်ကြီးတူမလေးရဲ့သမီးပါကွယ်..
သူကဒေါ်ကြီးဆီလာလည်ချင်တယ်ဆိုလို့ ခေါ်ထားတာ မောင်ကျော်ခေါင်ကိုလည်းပြော ထားပါတယ်''

ကောင်မလေးကခေါင်းငုံ့ထား၏။

''မသိပါဘူးဒေါ်ကြီးရယ် သူကထွက်ပြေးတာကိုး..ပြီးတော့
အလင်းရောက်ကတည်းက
သူ့ကိုမတွေ့တာနော်''

''ရောက်နေတာ ၁ပတ်လောက်ပဲရှိပါသေးတယ်.. အလင်းကလည်းအခန်းထဲမှာအနေများတော့မတွေ့ဖြစ်တာထင်တယ်
ပြီးတော့ သူက​လည်း ​အလင်းကိုတွေ့ရင်ပုန်းနေတာလေ''

ဒေါ်မိလေးကကောင်မလေးဘက်
လှည့်လိုက်ကာ

''ဟဲ့ မြမေ ညည်းကဘာလို့ထွက်ပြေးရတာတုန်း''

ကောင်မလေးကပြန်မဖြေဘဲ ခေါင်းငုံ့ထား၏။

''ဘာလဲ ငါကကိုက်စားမှာစိုးလို့လား"

အလင်းကရုပ်တည်နှင့်နောက်လိုက်၏။
ဒေါ်မိလေးက​

"မြမေ နောက်ကို ထွက်မပြေးနဲ့နော်
ကြားလား နင့်မမလိုတာရှိရင်လည်းလုပ်ပေးလိုက်''

ကောင်မလေးကခေါင်းညိတ်သည်။

''အလင်း သမီးလည်း လိုအပ်တာခိုင်းနော်''

ခေါင်းညိတ်ပြပြီး အခန်းထဲသို့ဝင်လာခဲ့၏။မြမေဆိုသည့်အူကြောင်ကြောင် ကောင်မလေးပုံစံကိုပြန်တွေးကာသူမပြုံးမိ၏။

'ငါ့ကိုပုန်းနေတာတဲ့အံ့ရော ငါ့ပုံစံကကြောက်စရာကောင်းနေလို့လား'

သူမကိုယ်သူမမှန်ထဲတွင်ကြည့်ရင်းရေရွတ်လိုက်၏။
ပြီးနောက် နာရီကိုကြည့်ကာ ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်။

#ဝတ္ထု #မြန်မာဝတ္ထု

Forget me not အခန်း-၂မျက်လုံးဖွင့်လိုက်သည်။မည်မျှအိပ်ပျော်သွားသည်မသိ။နာရီကိုကြည့်လိုက်တော့နေ့ခင်း၂နာရီ။အိပ်ရာမှထထိုင်ကာရ...
20/11/2024

Forget me not အခန်း-၂

မျက်လုံးဖွင့်လိုက်သည်။
မည်မျှအိပ်ပျော်သွားသည်မသိ။
နာရီကိုကြည့်လိုက်တော့နေ့ခင်း၂နာရီ။
အိပ်ရာမှထထိုင်ကာရေသွားချိုးလိုက်၏။
ရေချိုးခန်းထဲမှထွက်ပြီးကျောလယ်လောက်ရှိသောဆံပင်ကိုသဘက်နှင့်သုတ်နေရင်းကုတင်ဘေးရှိစားပွဲပေါ်မှဓာတ်ပုံလေးတစ်ခုဆီအကြည့်ရောက်သွား၏။
လသားအရွယ်သူမကိုပြုံးနေသည့်ဟန်ဖြင့်ချီထားသောသူမအမေဓာတ်ပုံ။
ဓာတ်ပုံလေးကိုကောက်ကိုင်ကာ
"လွမ်းတယ် မေမေ.."
ဟုတီးတိုးရေရွတ်မိ၏။
ထိုစဥ်တံခါးခေါက်သံကြားလိုက်ရ၏။
"အလင်း..နိုးပြီလား"
တံခါးဖွင့်လိုက်သည်။
ဒေါ်မိလေး သည်အခန်းရှေ့မှာရပ်​နေ၏။
"ထမင်းစားတော့မလား အလင်း"

"မစားချင်ဘူး"

"ဒါဆို ဘာစားချင်လဲဒေါ်ကြီး
ဘာလုပ်ပေးရမလဲ"

"ဘာမှမလုပ်နဲ့တော့ဒေါ်ကြီး
အခုအပြင်သွားမလို့
အပြင်မှာဘဲစားလိုက်မယ်"

ပြောပြီးတံခါးပြန်ပိတ်ထားလိုက်သည်။
ထို့နောက်သူမပြင်ဆင်၍အပြင်သို့ထွက်သွား၏။

ဦးကျော်ခေါင်သည်အရေးကြီးသောအလုပ်များလက်စသတ်၍
ကျန်သည့်အလုပ်များကိုမန်နေဂျာ
နှင့်လွှဲထားလိုက်ပြီးအိမ်သို့စောစောပြန်လာခဲ့၏။
မနက်ကသမီးနှင့်သေချာစကားမပြောလိုက်ရ။
သမီးပုံစံကိုလည်းအားမရချေ။ ရုတ်တရက်ဖြစ်သွားခဲ့သည့်ကိစ္စကြောင့်သူမရှော့ခ်ရသွားမည်မှာသေချာသည်။
အမေဖြစ်သူကလည်းသူမအရှေ့မှာတင်
ဆုံးပါးသွားခဲ့သည်မဟုတ်လား။

ဘာပဲဖြစ်ဖြစ်သမီးကိုအတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားဖို့ကြိုးစားရမည်။
သမီးအကြောင်းတွေးရင်းကားကအိမ်ရှေ့ရောက်လာခဲ့သည်။
ခြံထဲမှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသောဒေါ်မိလေးကိုတွေ့လိုက်ရသည်။
ဒေါ်မိလေးမှာဦးကျော်ခေါင်ကိုတွေ့သည်နှင့်မျက်နှာပျက်သွား၏။

"ဒေါ်မိ..ဘာဖြစ်နေတာလဲ"

"ဟို...ဟိုလေ.."

ဦးကျော်ခေါင်စိတ်မရှည်တော့။

"ကဲ ပြောမှာသာပြောစမ်းပါ
ဒေါ်မိရယ်"

"အလင်းကအပြင်သွားမယ်ဆိုပြီးထွက်သွားတာပြန်မရောက်သေးလို့."

"ဘယ်အချိန်ကလဲ"

"၂နာရီခွဲလောက်ကပါ"

ဦးကျော်ခေါင်လက်မှနာရီကိုကြည့်လိုက်တော့ ညနေ၅နာရီ။

"ဘယ်သွားမယ်ပြောလဲ"

"အပြင်သွားမယ်ပဲပြောခဲ့တာ"

"ကျွန်တော့်ကိုဖုန်းဆက်လိုက်ရောပေါ့ ဒေါ်မိရယ်"

"ဒီလောက်ကြာမယ်မှန်းမသိလို့ အလင်းအကြောင်းလည်းသိသားနဲ့တော်ကြာ စိတ်ဆိုးနေမှာစိုးလို့ပါ"

ဦးကျော်ခေါင်မျက်မှောင်ကြုတ်ကာ စန္ဒာလင်းကိုဖုန်းခေါ်လိုက်၏။
ထိုစဥ်မှာပင် ခြံတံခါးဖွင့်သံကြားလိုက်ရ၏။
ဒေါ်မိလေးက

"ဟိုမှာ အလင်းပြန်ရောက်နေပြီ"
ဟုပြော၏။
ဦးကျော်ခေါင်လည်းစိတ်အေးသွားသည့်ဟန်ဖြင့်သမီးကိုကြည့်လိုက်၏။
ထို့နောက်

"ဧည့်ခန်းထဲခဏလာခဲ့"
ဟုပြောပြီးရှေ့မှသွားလိုက်၏။ ဆိုဖာမှာထိုင်လိုက်ရင်း

"ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ အလင်း"
စန္ဒာလင်းက ခပ်အေးအေးပင်

"မုန့်သွားစားတာ"
ဟုပြောလိုက်သော စကားကြောင့်
ဦးကျော်ခေါင်က ခေါင်းခါ၍

"နေပါဦး ဘယ်အထိသွားလို့ဒီလောက်ကြာရတာလဲ"

"နည်းနည်းဝေးလို့"

ဟုပြောပြီး လှေကားဆီလျှောက်ကာအပေါ်သို့တက်သွား၏။
ဦးကျော်ခေါင်မှာသက်ပြင်းချ၍ခေါင်းခါ​ပြီး ဆေးလိပ်မီးညှိလိုက်လေသည်။

မနက်၇နာရီ၊ ဦးကျော်ခေါင်ကော်ဖီသောက်နေ၏။
ခြေသံကြား၍ကြည့်လိုက်တော့
စန္ဒာလင်းကိုတွေ့ရသည်။
စားပွဲမှာဝင်ထိုင်လိုက်သောသမီးဖြစ်သူကို
ကြည့်ကာအံသြရ၏။
စန္ဒာလင်းအိမ်သို့ရောက်နေသည်မှာတစ်လ
ပင်ရှိသွား၏။
ရောက်ကတည်းကတစ်ခါမှသူနှင့်မနက်စာ
အတူစားဖို့​မပြောနှင့်တစ်အိမ်ထဲမတွေ့ဖြစ်သလောက်ပင်။
ဒေါ်မိလေးသည်စန္ဒာလင်းကိုကော်ဖီထည့်ပေးနေ၏။
စန္ဒာလင်းကကော်ဖီခွက်ကိုင်ကာ သူ့ကိုအေးစက်စက်ဖြင့်ကြည့်နေ၏။

"အလင်း အဖေ့ကိုပြောစရာရှိလို့လား"

''ဒီကိုပြန်ခေါ်ထားပြီးတော့ဘာမှ
မစီစဥထြားဘူးလား ..
အိမ်ထဲမှာပဲနေရမှာလား
အပြင်ထွက်တိုင်းအိမ်အပြင်ပတ်လည်မှာ
အဖေ့ရဲ့လူတွေစောင့်နေတယ်
အဲ့လူတွေကဘယ်သွားသွား
အနောက်ကတကောက်ကောက်လိုက်နေတာ.. ဘာသဘောလဲ...ဘာအတွက်လဲ''

''သမီးလုံခြုံရေးအတွက်ပါ''

စန္ဒာလင်းကမျက်မှောင်ကြုတ် လိုက်ပြီး

''အဖေ ကုမ္ပဏီလုပ်နေတာ
ဟုတ်ပါတယ်နော်''

ဦးကျော်ခေါင်မျက်နှာပျက်သွားသည်ကိုပြင်လိုက်ရင်း

''ဘာလို့လဲ အလင်း''

''အော် မာဖီးယားဂိုဏ်းထဲများဝင်ထားသလားလို့ပါ''

''မဟုတ်ပါဘူး.. နောက်ပြီး''

ဦးကျော်ခေါင်စကားမဆုံးသေး။
စန္ဒာလင်းက

''ဘာပဲဖြစ်ဖြစ် အဲ့လောက်လိုလို့လား
အဲ့လောက်ထိလုပ်ဖို့မလိုဘူးထင်တယ်''

စန္ဒာလင်း ပြောရင်းအသံကျယ်လာ၏။
ပြီးမှသက်ပြင်းချလိုက်ကာ

''အလင်းဒီမှာကျောင်းတက်မယ် ..
ကျောင်းလည်းရွေးပြီးပြီ''

ဦးကျော်ခေါင်တစ်ခုခုပြောမည်အလုပ်တွင်

စန္ဒာလင်းက
''တိုင်ပင်တာမဟုတ်ဘူး အဖေ့ကို
အသိပေးတာပါ နောက်ပြီး .."

အပြင်ကိုလက်ညိုးညွှန်ပြကာ

"အဲ့ဒီအပြင်ကလူတွေကိုလည်း
ထပ်မမြင်ချင်တော့ဘူး''

ပြောပြီး အပေါ်တက်သွား၏။

ဦးကျော်ခေါင်လည်းခေါင်းစားရပြန်သည်။
စန္ဒာလင်း ရောက်ကတည်းက
သူ၏သက်တော်စောင့်များကို
အလင်းဘယ်သွားသွားစောင့်ကြည့်ရန်တာဝန်ပေးထားခဲ့၏။
ဦးကျော်ခေါင်လည်းသောက်လက်စကော်ဖီကိုချထားလိုက်၏။

ဒေါ်မိလေးသည်

''အလင်းကအရင်လိုမဟုတ်တော့ဘူးနော်တော်တော်လေး ပြောင်းလဲသွားတယ်''

ဟုတစ်ယောက်တည်း ညီးညူသလိုနှင့်ပြောလိုက်၏။
ဦးကျော်ခေါင်လည်း ခေါင်းခါလိုက်ကာ

''မသိပါဘူး ဒေါ်မိရယ် အဲ့ကိစ္စဖြစ်ပြီးကတည်းကအလင်းစပြီး
ပြောင်းလဲသွားတာပဲ''

''ကျွန်မလည်းအခုထိကိုမယုံနိုင်​​ဖြစ်နေတာပါပဲ.. အလင်းဆိုပိုဆိုးမှာပေါ့ သူ့အရှေ့တင်ဖြစ်သွားတာမို့လား''

''ဒါ့ကြောင့်လည်းကျွန်တော် ဘာမှမပြောဘဲသူ့စိတ်တိုင်းကျလုပ်ပေးနေတာပဲ"

သက်ပြင်းချကာ ရုံးသွားတော့မယ်ဟုပြောပြီး ထသွားလေသည်။

#ဝတ္ထု #မြန်မာဝတ္ထု

Forget me notအခန်း-၁ယာဥ်​ကြောတစ်လျှောက်ရှိကားများသည်ဘီးတွေကိုတစ်လှိမ့်ချင်းလှိမ့်ကာသွားနေကြ၏။အနက်ရောင်ကားထဲမှအသက်၄၀ကျော်...
14/11/2024

Forget me not
အခန်း-၁

ယာဥ်​ကြောတစ်လျှောက်ရှိကားများသည်ဘီးတွေကိုတစ်လှိမ့်ချင်းလှိမ့်ကာသွားနေကြ၏။
အနက်ရောင်ကားထဲမှအသက်၄၀ကျော်အရွယ်အမျိုးသားတစ်ယောက်သည်စိတ်စောနေသည့်ဟန်ဖြင့်လက်မှနာရီကိုကြည့်လိုက်ယာဥ်တန်းရှည်ကိုကြည့်လိုက်နှင့်ညီးညူနေ၏။

"ဒီအတိုင်းဆိုရင်လေယာဥ်ကွင်းကရောက်ပါ့ဦးမလား"
တပည့်ဖြစ်သူကားမောင်းနေသည့်လူငယ်လေးကနောက်ကြည့်မှန်ထဲမှ ကြည့်ရင်း

"လမ်းပြင်နေတာလားအက်စီးဒန့်ဖြစ်သလားမသိဘူးဆရာ..
လမ်းတစ်လမ်းပိတ်ထားလို့အခုလိုကားကြပ်ကုန်တာ"

ဦးကျော်ခေါင်သည်သက်ပြင်းတစ်ချက်ချလိုက်ကာ ဖုန်းဆက်လိုက်၏။

"ဟယ်လို ..အစည်းအဝေးကိုအချိန်နည်းနည်းရွေ့ထားလိုက် ..
ငါရောက်ခါနီးဖုန်းဆက်လိုက်မယ်"

တစ်ဘီးချင်းလှိမ့်နေသော ကားထဲမှအပြင်ဘက်ကိုငေးကာ ဦးကျော်ခေါင်အတွေးနယ်ချဲ့နေမိ၏။
သူသည်လူအများအားကျရသော​အောင်မြင်သည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးချမ်းသာ၍ပြီးပြည့်စုံသည်ဟုသာ
လူအများသိကြသည်။
သူ၏မိသားစုဝင်တွေရောအပြင်လူတွေပါမသိသည်ကသူ့မှာ ကုမ္ပဏီလုပ်ငန်းအပြင်နောက်ထပ်လျှို့ဝှက်ထားသည့်အလုပ်ရှိနေခြင်းပင်။
တစ်ဦးတည်းသောသမီးပညာရေးအတွက်ဇနီးနှင့်သမီးကိုလန်ဒန်ပို့ထားသည်။
ဒါကလည်းအကြောင်းပြချက်သက်သက်ပါ။တကယ်တော့ သူ့အလုပ်ကိစ္စရှုပ်ထွေးမှုတွေသူ့မိသားစုကိုလာပတ်သက်မှာ
မလိုချင်၍ဖြစ်သည်။
သို့သော်လည်းလွန်ခဲ့သောနှစ်ဝက်ကသူ့ဘဝမှာထင်မှတ်မထားသောအရာများဖြစ်လာခဲ့သည်။
သူ၏ဇနီးသည် သမီးကိုကျောင်းပို့ရန်ကား
နှင့်အသွားလမ်းမှာအက်စီးဒန့်ဖြစ်ခြင်းပင်။ကုန်ကားကြီးတစ်စီးနှင့်တိုက်မိခြင်းဖြစ်ပြီးဇနီး ဒေါ်မြသွယ်မှာနေရာတွင်သေဆုံးသွားခဲ့၏။
သမီး စန္ဒာလင်းမှာ ဒဏ်ရာပြင်းထန်သဖြင့်ဆေးရုံတွင်၅လနေလိုက်ရသည်။
ဦးကျော်ခေါင်လည်းလန်ဒန်ရှိသမီးဖြစ်သူဆေးရုံသို့သွားလိုက်အလုပ်အတွက်ပြန်လာလိုက်လုပ်နေရ၏။
သမီးကိုလည်းကျောင်းထုတ်လိုက်၏။
ပြန်ကောင်းသွားရင်တောင်ဟိုမှာတစ်ယောက်တည်းထားခဲ့ဖို့စိတ်မချပေ။
စုံစမ်းထားလို့သိရသလောက်ကတော့အက်စီးဒန့်သည်သွေးရိုးသားရိုးမဖြစ်နိုင်။
လုပ်ကြံထားသည်မှာသေချာသည်။
ဒီအကြောင်းတွေသမီးကိုအသိပေး၍မဖြစ်။ သမီးဆေးရုံကဆင်းရပြီဆိုတာနဲ့တစ်ခါတည်းပြန်ခေါ်လာရန်ပြင်ဆင်ထားသော်လည်းအရေးကြီးသည့်ကိစ္စပေါ်လာ၍အရင်ပြန်သွားရ၏။

ယခုမနက်လေယာဥ်ကွင်းကိုလာကြိုခဲ့သည်။
မည်မျှအတွေးလွန်နေသည်မသိ။
တပည့်ဖြစ်သူခေါ်မှဘေးဘီကိုကြည့်မိတော့၏။
"ဆရာ..ရောက်ပြီခင်ဗျ"

"အော် အေး"

ကားပေါ်မှဆင်းလိုက်ကာသမီးကိုရှာနေ၏။လေယာဥ်ဆိုက်ပြီးသည့် အချိန်ကကြာပြီမို့သမီးဘယ်မှာစောင့်နေမှန်းမသိချေ။
သူ့ဘာသာပဲအိမ်ပြန်သွားပြီလားဟုတွေးရင်းတစ်ဖက်သို့လှည့်လိုက်သည်နှင့်သူ့အရှေ့မှလျှောက်လာသောသမီးကိုတွေ့လိုက်ရသည်။
စန္ဒာလင်း အနားကိုလျှောက်လာရင်း

" ရှာလိုက်ရတာ သမီးအိမ်ပြန်သွားပြီတောင်ထင်နေတာ..အဖေတို့လည်းလမ်းမှာ ကားပိတ်နေတာနဲ့နောက်ကျသွားတယ်စောင့်နေတာကြာပြီလား"
စန္ဒာလင်းကဘာမှပြန်မပြောပေ။

"နေကောင်းတယ်နော်သမီး"

စိတ်ပူစွာမေးလိုက်သည်။
စန္ဒာလင်းကခေါင်းတစ်ချက်ညိတ်ပြပြီးခရီးဆောင်အိတ်ကိုတွန်းကာ ကားဆီသို့သွားနေ၏။
ဦးကျော်ခေါင်မှာနောက်ကလိုက်လာပြီး
စန္ဒာလင်းရဲ့အိတ်ကိုယူလိုက်သည်။
တပည့်ဖြစ်သူကဦးကျော်ခေါင်ဆီမှအိတ်ကိုယူ၍ ကားနောက်ခန်းထဲသို့
ထည့်လိုက်သည်။

"အိမ်ကိုမောင်း မောင်ထက်ပိုင်"

"ဟုတ်ကဲ့ဆရာ"

ဦးကျော်ခေါင်လည်းသမီးကိုအကဲခတ်နေ၏။စန္ဒာလင်းက ကားမှန်ချပြီး ဘေးဘက်ရှိပုံရိပ်တွေကိုငေးနေ၏။
ဦးကျော်ခေါင်လည်းစကားပြောချင်ပေမယ့်မပြောတော့ပေ။
ကိုယ်စီအတွေးတွေနှင့်ငြိမ်နေခဲ့ကြသည်။အိမ်ရဲ့ဆင်ဝင်အောက်တွင်ကားရပ်လိုက်သည်နှင့်ဦးကျော်ခေါင်ကားပေါ်မှဆင်းကာအိမ်တွင်းသို့အော်ခေါ်လိုက်၏။

"ဒေါ်မိလေး.. ခဏလာပါဦး"

အသက်၅၀ကျော် ခပ်ပိန်ပိန်မိန်းမကြီးအထဲမှထွက်လာ၏။

" သမီးကိုခေါ်သွား ဒေါ်မိလေး၊
လိုအပ်တာတွေလုပ်ပေးလိုက်ပါ
ကျွန်တော်ရုံးနောက်ကျနေပြီ "

ပြောပြီးစန္ဒာလင်းဘက်လှည့်ကာ

"ကဲ အလင်းလည်းနားတော့..
အဖေအလုပ်သွားလိုက်ဦးမယ်"

ပြောပြောဆိုဆိုဦးကျော်ခေါင်ကားပေါ်တက်သွား၏။
ခြံဝင်းထဲမှ ကားထွက်သွားသည်အထိ စန္ဒာလင်းရပ်ကြည့်နေ၏။
ဒေါ်မိလေးက
"လာလေ အလင်း ဒေါ်ကြီးအကုန်အဆင်
သင့်လုပ်ထားတယ်..
မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ
လှလာလိုက်တာကွယ်..
အရပ်လည်းရှည်လာတယ်
ဗိုက်ဆာလားသမီး ထမင်းစားမလား"

ဒေါ်မိလေးမှာစကားတွေတရစပ်​ပြောရင်းစန္ဒာလင်းရဲ့ခရီးဆောင်အိတ်ကိုမနိုင်မနင်းဆွဲယူနေ၏။

"ရတယ်ဒေါ်ကြီး
အလင်းလုပ်လိုက်မယ်"

အိတ်ကိုယူကာအိမ်ထဲဝင်ပြီး လှေကားနားလျှောက်သွား၏။
ဒေါ်မိလေးမှာအနောက်မှလိုက်ရင်း

"ထမင်းခူးလိုက်မယ်"

"မစားဘူး ဒေါ်ကြီး"

"ဒါဆိုအအေးသောက်မလား"

"မသောက်ချင်ဘူး နားလိုက်ဦးမယ်"

သူမအပေါ်သို့မတက်ခင်နောက်လှည့်ကာ
ဧည့်ခန်းကိုကြည့်လိုက်၏။
ဘာမှမပြောင်းလဲ..သူမငယ်စဥ်တုန်းကပုံစံအတိုင်းပင်။
လှေကားပေါ်တက်လိုက်၍သူမအခန်းထဲဝင်သွားလိုက်၏။
ကုတင်ပေါ်မှာလှဲရင်းသက်ပြင်းတစ်ချက်
ချကာ မျက်လုံးမှိတ်ထားလိုက်လေသည်။

#ဝတ္ထု #မြန်မာဝတ္ထု

မျှော်လင့်မထားပါဘူးငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲမျှော်လင့်မထားသလိုဘာမှလည်းမရခဲ့ဘူး။မမျှော်လင့်ဘူးလို့သာအကြိမ်ကြ...
12/11/2024

မျှော်လင့်မထားပါဘူး
ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ
မျှော်လင့်မထားသလို
ဘာမှလည်းမရခဲ့ဘူး။
မမျှော်လင့်ဘူးလို့သာ
အကြိမ်ကြိမ်ငြင်းနေခဲ့တာ။
ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ
မျှော်လင့်နေတယ်...လိုချင်မိတယ်။
ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိုရင်ပေါ့။

Address

Kuala Lumpur

Website

Alerts

Be the first to know and let us send you an email when Rayy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category