Agatha Rose

Call Contact the business

Agatha Rose 🕊️ ယုံကြည်ချက်ကို မရောင်းသလို အမှန်တရားကို မစွန့်ပါ။ မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းရင်းလျှောက်နေဆဲ🌱

ကဗျာဆရာမကိုသဘောကျလို့💚ရဲမေတစ်ယောက်၏ နှလုံးသားကိုယ်ပိုင်အိပ်မက်တွေကိုခဏ ခေါက်သိမ်းထားခဲ့သူ၊ကိုယ်ပိုင်ပျော်ရွှင်မှုတွေကိုတ...
09/10/2026

ကဗျာဆရာမကိုသဘောကျလို့💚

ရဲမေတစ်ယောက်၏ နှလုံးသား
ကိုယ်ပိုင်အိပ်မက်တွေကို
ခဏ ခေါက်သိမ်းထားခဲ့သူ၊
ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို
တာဝန်တွေအောက်မှာ ချန်ထားခဲ့သူ
သူမဟာ ရဲမေတစ်ယောက်။
အဖွဲ့အစည်းဆိုတာ
နာမည်တစ်ခုတည်း မဟုတ်ဘူး၊
ယုံကြည်ချက်နဲ့ တည်ဆောက်ထားတဲ့
မိသားစုတစ်ခုလို
သူမ ရင်ထဲမှာ သိမ်းထားခဲ့တယ်။
ကိုယ်ပင်ပန်းတဲ့နေ့တွေမှာတောင်
“ငါပဲ အရင်နားမယ်” မပြောခဲ့ဘူး၊
ငယ်သားတွေ ပင်ပန်းနေတဲ့အခါ
သူမရဲ့ ပင်ပန်းမှုကို မေ့ပြီး
“မင်းတို့ အဆင်ပြေရဲ့လား” လို့
အရင်မေးတတ်ခဲ့တယ်။
ငယ်သားတစ်ယောက် မှားတဲ့အခါ
အပြစ်တင်ဖို့ထက်
နားလည်ပေးဖို့ ရွေးခဲ့တယ်။
စကားကြမ်းကြမ်း ပြောနိုင်တဲ့အချိန်မှာတောင်
သည်းခံခြင်းနဲ့ သင်ပြပေးခဲ့တယ်။
သူမရဲ့ တင်းမာမှုနောက်ကွယ်မှာ
နူးညံ့တဲ့နှလုံးသားတစ်စုံရှိတယ်၊
သူမရဲ့ ဆုံးမစကားနောက်ကွယ်မှာ
“မင်းတို့ ပိုကောင်းလာစေချင်တယ်” ဆိုတဲ့
မေတ္တာတစ်ခုရှိတယ်။
အဖွဲ့အစည်းအတွက်ဆို
ကိုယ်ကျိုးကို နောက်ဆုံးထားခဲ့တယ်။
ငယ်သားတွေအတွက်ဆို
ကိုယ့်အချိန်ကို ပေးခဲ့တယ်။
တာဝန်အတွက်ဆို
ကိုယ့်အားနည်းချက်တွေကိုတောင်
ပြုံးပြီး ဖုံးကွယ်ခဲ့တယ်။
တစ်ခါတလေ
သူမလည်း ငိုချင်ခဲ့မှာပဲ၊
သူမလည်း အားကိုးချင်ခဲ့မှာပဲ၊
သူမလည်း “ငါ ပင်ပန်းနေပြီ”
လို့ ပြောချင်ခဲ့မှာပဲ။
ဒါပေမယ့်
သူမရှေ့မှာ ရပ်နေတဲ့
ငယ်သားတွေရဲ့မျက်နှာကို ကြည့်လိုက်တိုင်း
သူမဟာ ထပ်ပြီး မတ်တပ်ရပ်ခဲ့တယ်။
ရဲမေဆိုတာ
သေနတ်ကိုင်ထားသူတစ်ယောက်တည်း မဟုတ်ဘူး။
အခက်အခဲကြားမှာ မပြိုလဲအောင်
တခြားသူတွေကိုပါ ထိန်းပေးနိုင်တဲ့
နှလုံးသားတစ်စုံရှိသူ ဖြစ်တယ်။
သူမပေးခဲ့တာ
အချိန်တင်မဟုတ်ဘူး
အိပ်မက်တွေ၊ အားအင်တွေ၊
မျက်ရည်တွေ၊ တိတ်တိတ်လေးခံစားခဲ့ရတဲ့
နာကျင်မှုတွေပါ ပါခဲ့တယ်။
တစ်နေ့နေ့မှာ
ငယ်သားတွေ အားကောင်းလာပြီး
သူမ မလိုတော့တဲ့နေ့ ရောက်ခဲ့ရင်တောင်
သူမ မနာကျင်ပါဘူး။
ဘာလို့လဲဆိုတော့
သူမလိုချင်ခဲ့တာက
“ငါ့ကို အမြဲလိုအပ်နေပါစေ” မဟုတ်ဘူး။
“ငါတို့အားလုံး ပိုကောင်းတဲ့လူတွေ ဖြစ်လာကြပါစေ”
ဆိုတာပဲ။
ဒါကြောင့်
ရဲမေတစ်ယောက်ရဲ့ အနစ်နာခံမှုဟာ
သမိုင်းစာမျက်နှာပေါ်က စာကြောင်းတစ်ကြောင်းမဟုတ်ဘူး
ငယ်သားတွေရဲ့ နှလုံးသားထဲမှာ
တစ်သက်လုံး မပျောက်မယ့်
အမှတ်တရတစ်ခု ဖြစ်နေတတ်တယ်။
#စိမ်းမြအိမ်

ရဲမေတစ်ယောက်၏ နှလုံးသား
ကိုယ်ပိုင်အိပ်မက်တွေကို
ခဏ ခေါက်သိမ်းထားခဲ့သူ၊
ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို
တာဝန်တွေအောက်မှာ ချန်ထားခဲ့သူ
သူမဟာ ရဲမေတစ်ယောက်။
အဖွဲ့အစည်းဆိုတာ
နာမည်တစ်ခုတည်း မဟုတ်ဘူး၊
ယုံကြည်ချက်နဲ့ တည်ဆောက်ထားတဲ့
မိသားစုတစ်ခုလို
သူမ ရင်ထဲမှာ သိမ်းထားခဲ့တယ်။
ကိုယ်ပင်ပန်းတဲ့နေ့တွေမှာတောင်
“ငါပဲ အရင်နားမယ်” မပြောခဲ့ဘူး၊
ငယ်သားတွေ ပင်ပန်းနေတဲ့အခါ
သူမရဲ့ ပင်ပန်းမှုကို မေ့ပြီး
“မင်းတို့ အဆင်ပြေရဲ့လား” လို့
အရင်မေးတတ်ခဲ့တယ်။
ငယ်သားတစ်ယောက် မှားတဲ့အခါ
အပြစ်တင်ဖို့ထက်
နားလည်ပေးဖို့ ရွေးခဲ့တယ်။
စကားကြမ်းကြမ်း ပြောနိုင်တဲ့အချိန်မှာတောင်
သည်းခံခြင်းနဲ့ သင်ပြပေးခဲ့တယ်။
သူမရဲ့ တင်းမာမှုနောက်ကွယ်မှာ
နူးညံ့တဲ့နှလုံးသားတစ်စုံရှိတယ်၊
သူမရဲ့ ဆုံးမစကားနောက်ကွယ်မှာ
“မင်းတို့ ပိုကောင်းလာစေချင်တယ်” ဆိုတဲ့
မေတ္တာတစ်ခုရှိတယ်။
အဖွဲ့အစည်းအတွက်ဆို
ကိုယ်ကျိုးကို နောက်ဆုံးထားခဲ့တယ်။
ငယ်သားတွေအတွက်ဆို
ကိုယ့်အချိန်ကို ပေးခဲ့တယ်။
တာဝန်အတွက်ဆို
ကိုယ့်အားနည်းချက်တွေကိုတောင်
ပြုံးပြီး ဖုံးကွယ်ခဲ့တယ်။
တစ်ခါတလေ
သူမလည်း ငိုချင်ခဲ့မှာပဲ၊
သူမလည်း အားကိုးချင်ခဲ့မှာပဲ၊
သူမလည်း “ငါ ပင်ပန်းနေပြီ”
လို့ ပြောချင်ခဲ့မှာပဲ။
ဒါပေမယ့်
သူမရှေ့မှာ ရပ်နေတဲ့
ငယ်သားတွေရဲ့မျက်နှာကို ကြည့်လိုက်တိုင်း
သူမဟာ ထပ်ပြီး မတ်တပ်ရပ်ခဲ့တယ်။
ရဲမေဆိုတာ
သေနတ်ကိုင်ထားသူတစ်ယောက်တည်း မဟုတ်ဘူး။
အခက်အခဲကြားမှာ မပြိုလဲအောင်
တခြားသူတွေကိုပါ ထိန်းပေးနိုင်တဲ့
နှလုံးသားတစ်စုံရှိသူ ဖြစ်တယ်။
သူမပေးခဲ့တာ
အချိန်တင်မဟုတ်ဘူး
အိပ်မက်တွေ၊ အားအင်တွေ၊
မျက်ရည်တွေ၊ တိတ်တိတ်လေးခံစားခဲ့ရတဲ့
နာကျင်မှုတွေပါ ပါခဲ့တယ်။
တစ်နေ့နေ့မှာ
ငယ်သားတွေ အားကောင်းလာပြီး
သူမ မလိုတော့တဲ့နေ့ ရောက်ခဲ့ရင်တောင်
သူမ မနာကျင်ပါဘူး။
ဘာလို့လဲဆိုတော့
သူမလိုချင်ခဲ့တာက
“ငါ့ကို အမြဲလိုအပ်နေပါစေ” မဟုတ်ဘူး။
“ငါတို့အားလုံး ပိုကောင်းတဲ့လူတွေ ဖြစ်လာကြပါစေ”
ဆိုတာပဲ။
ဒါကြောင့်
ရဲမေတစ်ယောက်ရဲ့ အနစ်နာခံမှုဟာ
သမိုင်းစာမျက်နှာပေါ်က စာကြောင်းတစ်ကြောင်းမဟုတ်ဘူး
ငယ်သားတွေရဲ့ နှလုံးသားထဲမှာ
တစ်သက်လုံး မပျောက်မယ့်
အမှတ်တရတစ်ခု ဖြစ်နေတတ်တယ်။
#စိမ်းမြအိမ်

ချစ်ခြင်းမေတ္တာသည်သာ ငြိမ်းချမ်းရေး နှင့် အေးချမ်းမှု ဖြစ်နိုင်မည်လား။
04/10/2026

ချစ်ခြင်းမေတ္တာသည်သာ
ငြိမ်းချမ်းရေး နှင့် အေးချမ်းမှု ဖြစ်နိုင်မည်လား။

တစ်နေ့ မင်း အတိတ်ကို ပြန်ကြည့်တဲ့အခါ 'ဒီမိန်းကလေးက ကျွန်တော့်ကို တကယ်စိတ်ရင်းနဲ့ ချစ်ခဲ့တာပဲ' လို့ တစ်ကြိမ်လောက်တော့ တွေ...
25/09/2026

တစ်နေ့ မင်း အတိတ်ကို ပြန်ကြည့်တဲ့အခါ 'ဒီမိန်းကလေးက ကျွန်တော့်ကို တကယ်စိတ်ရင်းနဲ့ ချစ်ခဲ့တာပဲ' လို့ တစ်ကြိမ်လောက်တော့ တွေးမိစေချင်တယ်။
လမ်းခွဲပြီးတဲ့နောက် တချို့လူတွေက လက်စားချေချင်ကြတယ်။
ကိုယ့်ကို နာကျင်စေခဲ့တဲ့သူလည်း တစ်နေ့ ကိုယ်ခံစားခဲ့ရသလို ပြန်ခံစားရမယ်လို့ မျှော်လင့်ကြတယ်။
အဲ့ဒီလိုတွေးမိတာလည်း အပြစ်မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်မအတွက်တော့ မတူဘူး။
မင်းကို မုန်းမနေဘူး။
မင်းဘဝ အဆင်မပြေဖြစ်သွားစေချင်တာလည်း မဟုတ်ဘူး။
မင်း ပြန်လာပြီး အရာအားလုံးကို ပြန်စဖို့လည်း စောင့်မနေဘူး။
ကျွန်မ မျှော်လင့်တာ တစ်ခုပဲ ရှိတယ်။
ဘဝက မင်းကို အရာများစွာ သင်ပေးပြီးတဲ့တစ်နေ့...
အတိတ်ကို ငြိမ်ငြိမ်လေး ပြန်လှည့်ကြည့်မိတဲ့တစ်နေ့...
"ဒီလူက ကျွန်တော့်ကို တကယ်စိတ်ရင်းနဲ့ ချစ်ခဲ့တာပဲ"
ဆိုတဲ့ အတွေးလေးတစ်ခု မင်းစိတ်ထဲ ဖြတ်သန်းသွားပါစေ။
ဟုတ်ပါတယ်... ကျွန်မ က ပြီးပြည့်စုံတဲ့ လူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။
အမှားတွေ ရှိခဲ့ တယ်။
စိတ်လိုက်မာန်ပါ ပြောမိတဲ့အချိန်တွေလည်း ရှိတယ်။
တစ်ခါတလေ မင်းရဲ့ခံစားချက်ကို အပြည့်အဝ နားမလည်ပေးနိုင်ခဲ့တဲ့နေ့တွေလည်း ရှိတယ်။
ဒါပေမယ့် အဲ့ဒီအမှားတွေထဲမှာ လှည့်စားဖို့ဆိုတဲ့ စိတ်တော့ ဘယ်တုန်းကမှ မပါခဲ့ဘူး။
မင်းကို အနိုင်ယူဖို့ မချစ်ခဲ့ဘူး။
စိတ်ကစားဖို့ မချစ်ခဲ့ဘူး။
နာကျင်စေဖို့လည်း မရည်ရွယ်ခဲ့ဘူး။
ကျွန်မ လိုချင်ခဲ့တာက ရိုးရိုးလေးပါ။
နှစ်ယောက်လုံး စိတ်ချလက်ချ ယုံကြည်နိုင်တဲ့ ဆက်ဆံရေးတစ်ခု။
ပင်ပန်းတဲ့နေ့တွေမှာ တစ်ယောက်ကိုတစ်ယောက် အားကိုးနိုင်တဲ့ အချစ်တစ်ခု။
ဘယ်လိုအခြေအနေပဲ ရောက်ရောက် "ငါတို့" ဆိုတဲ့ စကားလုံးကို မလွှတ်ချင်တဲ့ ဘဝတစ်ခု။
လူတချို့ရဲ့ တန်ဖိုးက အနားမှာ ရှိနေတုန်း မသိသာဘူး။
တကယ် ဝေးသွားပြီးမှပဲ ကိုယ့်အပေါ် အကျိုးအမြတ်မတွက်ဘဲ၊ စိတ်ရင်းအတိုင်း ချစ်ပေးခဲ့တဲ့သူဆိုတာ ဘယ်လောက်ရှားလဲဆိုတာ နားလည်လာတတ်ကြတယ်။
အဲ့ဒီနားလည်မှုက အတိတ်ကို ပြန်ပြင်ပေးနိုင်မှာတော့ မဟုတ်ဘူး။
ဆုံးရှုံးခဲ့တာတွေကိုလည်း ပြန်ယူပေးနိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့် ကျွန်မကို ပြန်ချစ်လာဖို့ မလိုပါဘူး။
ကျွန်မကို ပြန်ရှာဖို့လည်း မလိုပါဘူး။
တစ်ချိန်က မင်းဘဝထဲမှာ မပြည့်စုံပေမယ့်
မျက်နှာဖုံးမတပ်ဘဲ၊
အကျိုးအမြတ်မတွက်ဘဲ၊
စိတ်ရင်းအပြည့်နဲ့ ချစ်ပေးခဲ့တဲ့သူတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာကိုသာ မှတ်မိနေပေးပါ။
အဲ့ဒီမှတ်မိမှုလေးကျန်နေသရွေ့...
ကျွန်မပေးခဲ့တဲ့ မေတ္တာက ဘယ်တော့မှ ပျောက်မသွားဘူး။

18/08/2026

Today 💚

06/08/2026

Kè Ge Hé 💚

Kayaw Song 🤎

🎶 ခရစ္စတင်းနာလင်း

🎼ချယ်ရီထွေး

မမနဲ့ညီမလေး💚
သူတို့နှစ်ယောက်တူတူကြရှိရင်🥰

😂
01/07/2026

😂

Summer shift change has officially begun 😅

နေရောင်အောက်က💙Cool vibe လေးတစ်ဖြတ်💙
23/06/2026

နေရောင်အောက်က💙
Cool vibe လေးတစ်ဖြတ်💙

02/06/2026

Address

Hpruso
Yangon
0000

Telephone

+959252312913

Website

Alerts

Be the first to know and let us send you an email when Agatha Rose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Agatha Rose:

Shortcuts

Share

Category