Lee Do woo

Lee Do woo ���

25/06/2025

မပြတ်သားနိုင်သေးလို့
တွယ်ကပ် နေမိခြင်း အတွက်
အားနာမိတယ် ..အချစ်ရယ်

မျက်နှာလေး မကောင်းရင်တောင်
မင်းရဲ့ ကိုယ်စောင့်နတ်ကို ရန်ရှာဖို့ထိ
ဆက်ဆက်ထိမခံတဲ့ ငါအတွက်
အရာရာက သိပ် ခက်ခဲစေတာပေါ့..

ဒါပေမဲ့……

ထွက်သွား လိုက်တာ က
မင်းမမြင်ချင်တဲ့ ငါမျက်နှာကြောင့်
စိတ်ရူပ်စေတဲ့ အမူအယာမျိုးတွေ ကို
ငါ မကြည့်ရက်ဖူး ကွ ….

woo

20/06/2025

ဆရာ စိုင်းခမ်းလေးရဲ့ စကားလေး
ယူသုံးပြီပြောရရင် တော်ယုံလောကဓံကို
ကဗျာရေးပြီ ရင်ဆိုင်မယ်
အဲထက်ပိုတဲ့ လောကဓံကိုတော့
တရားဓမ္မနဲ့ ရင်ဆိုင်မယ်
အဆိုးဆုံးလောကဓံနဲ့ ကြုံရရင်လဲ
မင်းတာ အနားမှာရှိရင်ပြီတာပဲ
ဆိုပြီ စိတ်ဖြေမယ်..
အကိုက လောဘသိပ်မကြီးပါဘူး
အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးမှာ
…ဖက်ကြမ်းနဲ့ မင်းအပြုံးရှိရင်ကို
တော်တော်ကို ပြည်စုံနေပါပြီ ….မီး

# Lee Do woo

19/06/2025

ရင်သားနဲ့တင်ပါးက
အလှတရားကိုမဖော်ကြူးနိုင်ကြောင်းကို..မင်းရဲ့နှစ်လိုဖွယ်အပြုံးတပွင့်ကြောင်း ပဲ

သူငယ်ချင်းတွေနဲ့ …ပြိုင်ငြင်းရအုံးမယ်
ကိုင်း ...ရဲရဲဝံဝံပြောပါ မိန်းကလေး
မင်းအပြုံးအတွက် ....ငါဘာတွေ
စွန့်လွတ်ပေးဖို့ လိုလဲ?

# Do woo

14/06/2025

ကဗျာတစ်ပုဒ်နဲ့ နေမဝင် အင်ပါယာ
ဘယ်ဟာ ယူမလဲမေးလာတဲ့အခါ
ဆရာတာရာ မင်းဝေက
ဒုတိယအရာကို..သူငြင်းတယ်တဲ့ ..

အကိုက ကျတော့ ..
ဘယ်အရာတွေပဲ ယှဉ်လာယှဉ်လာ
အသားညိုပြီ..သွားတက်လေးနဲ့

ကောင်မလေးကို ပဲရွေးမှာ …

# Lee Do woo

09/06/2025

၂၀၂၂ ခုနှစ် ဂျွန်လ။

Budapest မှာ ရေထဲ အလှသရုပ်ဖေါ်ကူးခတ်တဲ့
the World Championships ပြိုင်ပွဲမှာ
မက္ကဆီကိုဖွါး အမေရိကန်နိုင်ငံသူ Anita Álvarez ဟာ
ပြစ်မျိုးကင်းစင် သရုပ်ဖေါ်ကူးခတ်ပြနေတယ်။
သူ့ကဏ္ဍ ပြီးသွားပြီ၊ လက်ခုပ်သံတွေလည်း ညံလို့။
ဒါပေမဲ့ သူမ ရေပေါ် ပေါ်မလာဘူး။

အမှန်တော့ သူမ မေ့မျောသွားတာ။
ခန္ဓာကိုယ်ဟာ ရေပေါ်တချက်ပေါ်လာပြီး
တဖြေဖြေးပြန်မြုပ်သွားတယ်။
တဖြေးဖြေးနစ်မြုပ်သွားတာ ရေကန်အောက်ခြေအထိပဲ။

ဒါပေမဲ့ ဘယ်သူမှ သတိမထားမိကြဘူး။
အားပေးကြည့်ရှုနေတဲ့ ပရိဿတ်တွေ သတိမထားမိသလို
ဒိုင်တွေကလည်း သတိမထားမိကြဘူး။
သူမ ဆက်ဖျော်ဖြေနေတုန်း လို့ထင်ကြပြီး
အားလုံး လက်ခုပ်တီးပေးနေကြတယ်။

ဒါပေမဲ့ သတိထားမိသူ တဦးတော့ရှိတယ်။
အဲဒါက သူမကိုလေ့ကျင့်ပေးတဲ့သူ
သူမရဲ့coach ဖြစ်သူ Andrea Fuentes ပါ။
သူမက Anita အကြောင်း ကောင်းကောင်းသိနေတယ်။
အချိန်ဘယ်လောက်ကြာရင် ရေပေါ်ပြန်ရောက်ရမယ်
ဆိုတာ တိတိကျကျသိတယ်။
ခုလည်း Andrea ရဲ့နှလုံးသားထဲကကို သိနေတယ်၊
Anita တခုခုတော့မှားနေပြီ။

နှစ်ခါ ပြန်မစဉ်းစားတော့ပဲ
အင်္ကျီအဝတ်အစားအပြည့် ရှူးဖိနပ်စီးလျှက်
ရေထဲကို ဒိုက်ထိုးပြီး ရေကန်အောက်ခြေအထိ
တောက်လျှောက်ကူးသွားတယ်။
Anita ကိုတွေ့တာနဲ့ ခါးကိုသိုင်းဖက်ပြီး
ရေပေါ်ကို ပြန်ကူးတက်လာခဲ့တယ်။
သူမ Anita အသက်ကို ကယ်လိုက်နိုင်တယ်။

ဒါ တကယ့်အဖြစ်အပျက်တခုပါ။
အဲဒိီကနေ စဉ်းစားစရာတွေ ရှိလာတယ်။

Edit Lee Do woo
တချာသူတွေကတော့ အမျိုးအမျိုးတွေးခေါ်ကျပေမဲ့
ဒီအခြေအနေပဲ ပတ်သတ်ပြီ ကျွန်တော်အနေနဲ့ တစ်ခုကိုပဲ
မြင်ခဲ့တယ် ကျွန်တော်သိတာက ချစ်ခြင်းမေတ္တာရောယှက်နေတဲ့ ပုံဖော်သူ ဖန်တီးသူတွေရဲ့ စွမ်းအားကြီးမူ့လို့ပဲ ထင်ပါတယ် ကိုယ်မွေးထုတ်သူ ကိုယ်ပညာသင်ပေးတဲ့ တပည့်ရဲ့ အားနည်းချက်နဲ့ အားသာချက်ကို ဆရာဖြစ်သူရဲ့
စေတနာ မေတ္တာထားမူ့ ဂရုစိုက်မူ့တွေကနေပြန်ရလာစေတဲ့ ကောင်းကျိုးတွေပါပဲ။
Interesting World မှဖတ်ယူသည်။

03/06/2025

လှပကျော့ရှင်းသော အဝတ်အစား ဝတ်ဆင်ထားတဲ့

မိန်းကလေးတစ်ဦး ပဂတိတည်ငြိမ်စွာ မလူပ်မရှပ်

ရပ်စောင့်နေသည် သူမ၏ဘေးမှာလဲ ခုံတန်းလေးတစ်ခုရှိ

နေသည် သူမနှင့် မလှမ်းမဝေးတွင်တော့ ပလုံတွန်းလှည်း

ကို တွန်း၍ မိန်းကလေးနှင့်မတူညီ ကွဲပြားသော

အဝတ်အစားနဲ့ လူရွယ်ကောင်လေး တစ်ယောက် တိုးကပ်လာသည်။

ကောင်လေး ချစ်စောင့်နေရတာကြာပြီလား ထိုစကားနှင့်အတူ ခုံတန်းတွင် ကောင်လေး ဝင်ထိုင်လိုက်သည်။

ကောင်မလေးသည်လဲ ကောင်လေးဘေးဝင်ထိုင်လိုက်ပြီ

သနားကြင်နာသော်အကြည့်ဖြစ် ကြည့်နေသည်။

ကောင်လေးသည် ချွေးထွက်နေသော် သူ၏ နဖူးမှ ချွေးစ

များအား အပေါ်

အကျီအောက်စ ဖြစ် သုတ်ပြီ
။ ။
ချစ် မနက်ဖြန် ကိုယ်တို့ရဲ့ Aniniရောက်ပြီနော် ကိုယ်တို့ရဲ့

၃နှစ်ပြည့် Anini အတွက် ကိုယ်ကြိုးစားစုထားတဲ့ ပစ္စည်း

လေ ဒီနေ့ကြိုပေးချင်လို့

ပြောပြီ သူ၏ ေဘာင်းဘီ အိပ်ထဲက စက္ကူလေးနဲ့

ထုတ်ထားတဲ့ ပစ္စည်းကိုဖွင့်နေသည် ။ ။ ကိုယ်မနက်

Aniniမှာ ချစ်ရဲ့အနားမှာမရှိနိုင်ဖူး အကိုတစ်ယောပ်က.

ဧရာဝတီတိုင်းဘက် အဲလုပ်တစ်ခုရှိတယ်လို့ ခေါ်လို့

ကိုယ်လိုက်သွားမို့ နောင်နှစ် ဒီထက် ကောင်းတာလေး ကို

ပေးဖို့ ခုထဲက ကြိုစုရမယ်လေ ပြောပြီ စက္ကူးထုတ်လေးထဲ

က လက်စွပ် လေးထုတ်လိုက်ည် တန်ဖိုးကတော့ ကိုယ်အကြီးကြီး မရှိဖူး ဒါလေး လက်ခံပေးပါနော် ကောင်မလေး
လက်ကလေးအား လက်စွပ် စွပ်ပေးရင်း မနက်ဖြန်ရှိနေမ

ပေးတာကိုလဲ သိတ်မဆိုးနဲ့နော် ချစ်
ကောင်မလေးသည် ပထမပုံဆံအတိုင်း စိုက်ကြည့်နေရကနေ

ကောင်မလေး။ ။ ကောင်လေးလက်ကို စုတ်ကိုင်၍ အေးစက်ဝမ်းနည်းသောအသံဖြစ် ။ ။ချစ် ကိုယ်ကို ပြောစရှိတယ်ကိုယ် အဲစကားက ကိုယ်အတွက်ကော ချစ်အတွက်ပါ အရေးပါတယ်

ကောင်လေး။ ။ ချစ်အတွက်ဆိုရင်တော့ ပြောပါ ကိုယ်နားထောင်နေမယ် ကိုယ်အတွက်ဆိုရင်တော့ မလိုပါဘူး

ကိုယ်က ချစ်သေဆို သေပေးမဲ့ကောင်လေ အကြည့်လေးနဲ့

တင် နာခံဖို့အသင့်ပါ
ကောင်မလေးလက်ကိုဆုတ်ကိုင်ပြောလိုက်သည်။

ကောင်မလေး။ ။ 😢ချစ်ကို မုန်းပေးပါလားဟင်

ကောင်လေး။ ။ ကောင်မလေး၏ မျက်လုံးအား ကြည့်

လိုက်ပီ
ချစ် ကိုယ်နဲ့အဆင်မပြေလို့ လမ်းခွဲချင်တာကို မုန်းခိုင်းတဲ့

အထိ မလိုဖူးလေ ကိုယ်က ချစ်ကို ချစ်တဲ့သူပဲ ဘယ်စကားမဆို လက်ခံပေးဖို့အမြဲတွေးထားသူပါ ချစ် အဆင်မ

ပြေဖူးလို့ ထက်တဲ့အရာကို နပူနဆာလုပ်ပြီ စိတ်ရူပ်အောင်မလုပ်ဖူးလို့ ကိုယ်ဂတိပေးခဲ့တာပဲ (မျက်ရည်ဝဲလျှက်)

ကောင်မလေး ။ ။ချစ်ကို နားလည်ပေးပါကိုယ်
တချက်ရိူက်၍

မေမေက သူရဲ့ သူငယ်ချင်းတွေ သူရဲ့ မိတ်ဆွေတွေ

အိမ်လာတဲ့အခါ ငါသမီးရွေးချယ်တဲ့ ကျေ်ားရဲ့ ပုံဆံက

ဘယ်လိုပုံဆံလို့ ပြောနေတဲ့အချိန် ချစ် ရွေးချယ်ထားတဲ့

ကိုယ်က မေမေသဘောကျတဲ့သူ မဟုတ်ဖူးဆိုတာသိနေရ

တော့ မေမေအတွက် သမီးမိုက်ဖြစ်နေတာကြီးကို တွေးပြီ ချစ် စိတ်မကောင်းဖြစ်မိတယ် မေမေကိုလဲ သနားတယ် ပြီ

တော့ ကိုယ်
ကောင်လေး ကောင်မလေး ပါစပ်က လက်ကလေးနဲ့ တားလိုက်ပီ

ကိုယ်အတွက် ထည့်မတွက်ပါနဲ့လို့ ပြောထားတယ်လေ ကိုယ်ချစ်သူ စိတ်ဆင်းရဲနေတဲ့ ကိစ္စတစ်ခုကို လိုက်ရောမ

ပေးနိုင်ရင် ကိုယ်က ချစ်ကို ချစ်တယ်ဆိုတဲ့စကားတွေက အလကားဖြစ်သွားမှာပေါ့

Address


Website

Alerts

Be the first to know and let us send you an email when Lee Do woo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share