17/10/2026
📢 ရန်ကုန်မြို့တွင်း အထည်ချုပ်ရုံများသာ ဆက်သွယ်ပေးပါရန်
အထည်ချုပ်လုပ်ငန်းအတွက် လက်ရာသေသပ်လှပပြီး အရည်အသွေးကောင်းမွန်သော ချုပ်ရုံများကို ရှာဖွေနေပါသည်။
✅ ရန်ကုန်မြို့တွင်းရှိ ချုပ်ရုံများသာ ဆက်သွယ်ပေးပါရန်။
✅ Neck Label နှင့် အိတ် (Bag) ကို ကျွန်ုပ်ဘက်မှ ပေးပါမည်။
✅ Size Chart ပေးပါမည်။ ပေးထားသည့် Size Chart အတိုင်း Simple Design ကို နမူနာချုပ်ပြနိုင်ရပါမည်။
✅ အထည်ချုပ်အတွေ့အကြုံရှိပြီး လက်ရာသေသပ်၊ လှပကာ အရည်အသွေးထိန်းသိမ်းနိုင်သော ချုပ်ရုံများကိုသာ ဆက်သွယ်စေလိုပါသည်။
သာမန်ချုပ်တတ်ရုံအဆင့်သာရှိပါက ဆက်သွယ်ပေးခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
📌 အထည်အပ်နှံမည့် အစီအစဉ်
* ပထမအကြိမ် လက်ရာနှင့် ဈေးနှုန်း အဆင်ပြေပါက အထည် ၃၀ မှ ၄၀ ထည် စတင်အပ်နှံပါမည်။
* လက်ရာ၊ အရည်အသွေးနှင့် ဈေးနှုန်း အဆင်ပြေပါက နောက်ပိုင်းတွင် အထည်ရာနှင့်ချီ၍ ရေရှည်အပ်နှံသွားရန် ရည်ရွယ်ထားပါသည်။
အထက်ပါအချက်များနဲ့ ကိုက်ညီသော ချုပ်ရုံများသာ ဆက်သွယ်ပေးဖို့ ထက်မံ မေတ္တာရပ်ခံပါတယ်ရှင့်
စိတ်ဝင်စားသော ချုပ်ရုံများအနေဖြင့် ချုပ်ရုံတည်နေရာ၊ လက်ရာနမူနာဓာတ်ပုံများနှင့် တစ်ထည်ချင်း ချုပ်ခ တို့ကို ပေးပို့ဆက်သွယ်ပေးပါရန်။
ရေရှည်လက်တွဲလုပ်ကိုင်နိုင်မည့် ချုပ်ရုံကောင်းများကို မျှော်လင့်လျက်ရှိပါသည်။ 🙏