01/09/2026
ဒါကတော့ ဂျပန်ဖောင်ဒေးရှင်းက informationလေးပါ။အဓိကကတော့ ဂျပန်ကိုအလုပ်နဲ့သွားမယ့်သူများ ကျောင်းသွားတက်မယ့်သူများအတွက် သင့်လျော်တဲ့ စာမေးပွဲပါပဲ။အားလုံးလည်း သိထားပြီးသားဖြစ်တဲ့ JFT-A2ကိုမှ အောက်တစ်ဆင့်နဲ့ အပေါ်တစ်ဆင့်ထပ်တိုးပြီး စာမေးပွဲကျင်းပပေးတော့မှာပါ။
ဖောင်တင်တာကတော့ ထုံးစံအတိုင်း လက်ခံပေးနေပါတယ်။
----------------------------
【Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ နှင့် ပညာတော်သင်သွားရောက်မည့်သူအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။】
The Japan Foundation Test for Basic Japanese (JFT-Basic) သည် ဂျပန်နိုင်ငံ၏ နေ့စဉ်နေထိုင်မှုဘဝအတွင်း ပြောဆိုဆက်ဆံရေးအတွက် လိုအပ်သော ဂျပန်ဘာသာစကားကျွမ်းကျင်မှုကို တိုင်းတာသည့် စာမေးပွဲတစ်ခုဖြစ်ပါသည်။ ၂၀၂၆ခုနှစ်၊ သြဂုတ်လ၊ (၁)ရက်နေ့မှစတင်ပြီး လက်ရှိ A2 အဆင့်အပြင် A1 နှင့် A2.1အဆင့်ကိုလည်း အကဲဖြတ်ပေးနေပါပြီ။
ထိုပြောင်းလဲမှုမှတဆင့် The Common European Framework of Reference for Languages: Learning, teaching, assessment (CEFR)၊ "JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း"နှင့် "ဂျပန်ဘာသာစကားပညာရေးအတွက် အညွှန်းဘောင်"တို့မှ A1 သို့မဟုတ် A2.1 သို့မဟုတ် A2.2 (A2) အဆင့်ကို ရောက်ရှိနေခြင်းရှိမရှိ ဆုံးဖြတ်နိုင်လာပြီး၊ ကျွမ်းကျင်လုပ်သားစနစ် (ကျွမ်းကျင်လုပ်သားအမှတ် ၁) သာမက ၂၀၂၇ ခုနှစ်၊ ဧပြီလတွင် စတင်ကျင့်သုံးမည့် Employment for Skill Development Program နှင့် ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းများ(LS)သို့ ပညာတော်သင်သွားရောက်လိုသူများအတွက် လိုအပ်သည့် ဂျပန်ဘာသာစကားကျွမ်းကျင်မှုအဆင့်ကို အကဲဖြတ်ပေးမည့် စာမေးပွဲအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
JFT-Basic စာမေးပွဲအား ကျွမ်းကျင်လုပ်သားစနစ် နှင့် ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ နေထိုင်ခွင့်အမျိုးအစားများအတွက် မည်သို့အသုံးပြုနိုင်သည်စသည့် အသေးစိတ်အချက်အလက်များကို အောက်ပါ JFT-Basic၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဂျပန်ဘာသာဖြင့်:https://www.jpf.go.jp/jft-basic/about/index.html
မြန်မာဘာသာဖြင့်:https://www.jpf.go.jp/jft-basic/my/about/index.html
အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုသည်များရှိပါက အောက်ဖော်ပြပါဆက်သွယ်ရန်လိပ်စာများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဂျပန်ဘာသာဌာနရုံးခွဲ(၂)
E-mail(အင်္ဂလိပ်ဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့်ပေးပို့ရန်):jft-basic@jpf.go.jp
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ
E-mail(မြန်မာဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့်ပေးပို့ရန်):[email protected]
ထို့အပြင် စာမေးပွဲကြိုတင်စာရင်းပေးသွင်းခြင်းနှင့် စာမေးပွဲဖြေဆိုခြင်းဆိုင်ရာ အထွေထွေမေးမြန်းလိုသည်များရှိပါက Prometric Customer Service Center သို့ ဆက်သွယ်စုံစမ်းမေးမြန်းပါရန်။
https://www.prometric-jp.com/my/ssw/contact/
○●○●○●○●○●○●○●○○●○●○●○●○●○●○●○
【在留資格「育成就労」・「留学」に対応するために2026年8月からJFT-BasicはA1、A2.1も判定できるようになります】
国際交流基金日本語基礎テスト(JFT-Basic)は、日本の生活場面でのコミュニケーションに必要な日本語能力を測定するテストとして実施していますが、2026年8月1日からは、現在のA2に加えて、A1、A2.1も判定できるようになりました。
この変更により、ヨーロッパ言語共通参照枠(CEFR)、「JF日本語教育スタンダード」、「日本語教育の参照枠」における、A1、A2.1、A2.2(A2)に達しているかどうかを判定できるテストとなり、在留資格「特定技能1号」に加え、2027年4月に運用が開始される「育成就労」と「留学」(日本語教育機関への留学)において求められる日本語能力水準を判定するテストとしてもご活用いただけるようになります。
JFT-Basicの在留資格「育成就労」・「留学」への対応に関する詳細は以下のJFT-Basic公式ウェブサイトからご確認いただけます。
日本語:https://www.jpf.go.jp/jft-basic/about/index.html
ミャンマー語:https://www.jpf.go.jp/jft-basic/my/about/index.html
本件に関するお問い合わせ先は以下のとおりです。
国際交流基金本部 日本語第2事業部
Eメール(英語/日本語):jft-basic@jpf.go.jp
国際交流基金ヤンゴン日本文化センター
Eメール(ミャンマー語/日本語):[email protected]
なお、テスト予約・受験全般に関するご質問は、プロメトリックカスタマーサービスセンター へお問い合わせください。
https://www.prometric-jp.com/ssw/contact/
国際交流基金日本語基礎テスト(Japan Foundation Test for Basic Japanese, 略称:JFT-Basic)は、主として就労のために来日する外国人が遭遇する生活場面でのコミュニケーションに必要な日本語能力を測定するテストです。