Join Mart Direct Import from Thai FDA Quality Products

  • Home
  • Join Mart Direct Import from Thai FDA Quality Products

Join Mart Direct Import from Thai FDA Quality Products ဈေးနုန်းသက်သာပြီးပစ္စည်းစစ်မှန်စွ?

29/08/2025

အဖွဲ့အမည် - Prime In Modern
ကျောင်းအမည် - CDC

အားလုံးပဲမင်္ဂလာပါရှင် လက်ရှိကျွန်မတို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ အများဆုံးမြင်တွေ့နေရပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အမှိုက်ကဘာလဲလို့မေးခွန်းထုတ်လိုက်ရင် plastic လို့ပြန်ဖြေကြမယ့်သူတွေကတော့ရာခိုင်နှုန်းပိုများမှာဖြစ်ပါတယ်။ plastic ဆိုတာက Chemical တွေအများဆုံးအသုံးပြုထားတဲ့အတွက် နှစ်ပေါင်းများစွာကြာတဲ့အထိဆွေးမြေ့ဖို့ခက်ခဲပါတယ်။ ကျွန်မတို့လက်လွတ်စပယ်စွန့်ပစ်လိုက်တယ်အမှိုက်တွေကသဘာဝပတ်ဝန်းကျင်ရဲ့လေထု၊‌ ရေထုနဲ့ မြေထုကိုအင်မတန်မှအကျည်းတန်စေပါတယ်။ ဒါတင်မကပဲထိုနေရာမှာရှိတဲ့သတ္တဝါတွေကိုလည်း အန္တရာယ်ပြုထိခိုက်စေနိုင်ပါသေးတယ်ရှင် ။ ကဲ ဒါဆိုရင်ကျွန်မတို့ကဒီလို အန္တရာယ်ရှိပြီးထိခိုက်စေနိုင်တဲ့အမှိုက်တွေကို ဘယ်လိုဖြေရှင်းကြမလဲ ? ။ အခုပြောမယ့်အကြောင်းအရာကိုကမ္ဘာပေါ်မှာရှိတဲ့တစ်ဦးတစ်ယောက်စီတိုင်းရဲ့အမြင်ထဲ ၊နားထဲကိုရောက်စေချင်မိပါတယ်ရှင်။ ကျွန်မတို့တွေကမလိုတော့ဘဲစွန့်ပစ်မယ်ဆိုရင်လည်းစနစ်တကျစွန့်ပစ်ဖို့အနေနဲ့တိုက်တွန်းချင်ပါတယ်။ နောက်ပြီးပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်များကိုလည်းလူသားတွေအတွက်အသုံးဝင်တဲ့ပစ္စည်းတွေအဖြစ်ဖန်တီးနိုင်တာကြောင့် ကျမကတော့ plastic တွေနဲ့ပြန်လည်ဖန်တီးနိုင်ကြောင်းကို ဒီနည်းလမ်းလေးနဲ့ချပြချင်ပါတယ်ရှင်။ ဒီရက်တွေမှာကျွန်မတို့လူငယ်တွေစုပြီး "ပလက်စတစ်ဆိုဝေး" ကနေပြုလုပ်ပေးတဲ့ ပြိုင်ပွဲအတွက် plastic အမှိုက်ကနေ ပြန်လည်အသုံးဝင်နိုင်မယ့်ဝတ်စုံတစ်ထည်ကိုဖန်တီးခဲ့ကြပါတယ် ။ ဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ ပြိုင်ပွဲမှာဆုရခြင်းထက် ကျမတို့ဝတ်စုံမှာအသုံးပြုထားတဲ့ Plastic အမှိုက်တွေဟာ စွန့်ပစ်အသုံးမလိုတော့ခြင်းမှပြန်လည်တီထွင်ဖန်တီးပြီးအသုံးချနိုင်ကြောင်းကိုသိရှိစေချင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ကျမတို့တွေဟာသုံးစွဲလို့သုံးစွဲနေမှန်းမသိလိုက်ရတဲ့ Plastic တွေကိုလွန်စွာအသုံးပြုမိနေကြပါတယ်။ ဒါ့အပြင်အမှိုက်များကိုစည်းကမ်းမဲ့စွာစွန့်ပစ်လိုက်ခြင်းကြောင့် ရေနေသတ္တဝါများ ၊ ကုန်းနေသတ္တဝါများ စသဖြင့်ထိခိုက်သေကြေပျက်စီးခြင်းများလည်းနေ့စဉ်နှင့်အမျှရင်ဆိုင်နေကြရပါတယ်။ ဒါ့ကြောင့် ပလက်စတစ်အသုံးပြုခြင်းတွေကို အတတ်နိုင်ဆုံးလျှော့ချပြီးသဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းမှုနည်းပါးအောင်လုပ်ဆောင်စေချင်ပါတယ်ရှင်။ ကျမ‌တို့ဖန်တီးထားတဲ့ Recycle ဝတ်စုံဟာ ကမ္ဘာကြီးပေါ်တွင် Plastic သုံးစွဲမှုများပြားခြင်းကိုလျှော့ချဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်ရှင်။ ကျမတို့ပတ်ဝန်းကျင်မှာလူတိုင်းလိုလို Plastic အမှိုက်များကိုနေ့စဉ်သုံးစွဲစွန့်ပစ်နေကြပါတယ်။ ဒါကြောင့်ပဲကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ Plastic များမှထွက်တဲ့ဓာတုဓါတ်ငွေ့တွေဟာ လေထုကိုညစ်ညမ်းလာပြီးလူသားတွေအတွက်အန္တရာယ်ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့အလှတရားများမှာလည်းအချိန်နဲ့အမျှထိခိုက်လာနေတဲ့အတွက်ကြောင့်ကျမတို့က ကမ္ဘာပေါ်ရှိအလှတရားအားလုံးကို ပန်းရောင်အဖြစ်ကိုယ်စားပြုပြီး Plastic မှထွက်သောဓါတုဓါတ်ငွေ့များကိုခဲရောင်အဖြစ်ကိုယ်စားပြုထားကာ ကမ္ဘာကြီးပူနွေးလာကြောင်းကို ရွှေရောင်သွေးကြောများနဲ့အတူအရောင်ရောစပ်ထားပါတယ်။ နောက်ပြီး Plastic ရေသန့်ဗူးခွံများကိုမိခင်ကမ္ဘာလုံးသဏ္ဍာန်စက်ဝိုင်းပုံစံလေများညှပ်ပြီးဖော်ပြထားပါတယ်ရှင်။ ဝတ်စုံရဲ့ဖန်တီးမှုကို ကျမတို့လူငယ် (၅) ယောက်ရဲ့အတွေးများနဲ့အတူအတူတကွဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပြီးဖန်တီးထားကြပါတယ်။ ဝတ်စုံဖန်တီးလိုက်ခြင်းအားဖြင့် Plastic အမှိုက်တွေကလည်းလူသားတို့အတွက်အသုံးဝင်ပြီး သင့်တင့်လှပတဲ့ Recycle ပစ္စည်းအဖြစ်အသုံးပြုနိုင်ကြောင်း ကမ္ဘာပေါ်ရှိလူသားများကိုပြန်လည်ချပြလိုက်ပါတယ်ရှင်။

*****************************************************

ပြန်လည်အသုံးပြု ဆန်းသစ်ဖန်တီးမှု ပြိုင်ပွဲ “Say No to Plastic (ပလပ်စတစ်ဆိုဝေး!) Online Voting!!!

အွန်လိုင်း Voting ကို ယနေ့မှစ၍ စက်တင်ဘာလ ၅ရက်၊ 2025 ခုနှစ် (ညနေ ၅ နာရီထိ) နောက်ဆုံးထားပြီး မိမိကြိုက်နှစ်သက်ရာ ပုံကို Like & Share ပြုလုပ်ပေးခြင်းအားဖြင့် Voting ပေးနိုင်ပါသည်။
အွန်လိုင်း Voting အမှတ်။ ။ Like (1 mark) Share (2 marks)
အွန်လိုင်းမှ ရရှိသော စုစုပေါင်းရမှတ်၏ 50% နှင့် ဒိုင်များ၏အကဲဖြတ်ရလဒ် 50% ပေါင်း၍ ဆုများကို အကဲဖြတ်သွားမည်ဖြစ်သည်။

မှတ်ချက်။ ။ ပြိုင်ပွဲဝင်များထဲမှ အမှတ်အများဆုံးရရှိသော အဖွဲ့ (၂၀) ကိုသာရွေးချယ်၍ လာမည့် 15ရက်နေ့ Rays of Youth လူငယ်များနေ့ပွဲတော် ဖက်ရှင်ရှိုးပြိုင်ပွဲတွင် ပါဝင်တက်ရောကက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။

07/08/2024
07/08/2024

Smith Express
29/06/2024

Smith Express

Address


95

Website

Alerts

Be the first to know and let us send you an email when Join Mart Direct Import from Thai FDA Quality Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share