Myint Zu_Transform_Page

Myint Zu_Transform_Page Transform Plus(တောင်သူအကျိုးပြုသဘာဝမြေသြဇာ)

အလွယ်ကူဆုံး နွားချေးမြေဆွေးပြုလုပ်နည်းနွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင်သူတိုင်းအလွယ်တကူ ...
28/05/2024

အလွယ်ကူဆုံး နွားချေးမြေဆွေးပြုလုပ်နည်း

နွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင်သူတိုင်းအလွယ်တကူ ပြုလုပ်နိုင်မည် နွားချေးမြေဆွေးပြုလုပ်နည်း အကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။

နွားချေးမြေဆွေးပြုလုပ်ရာတွင် -
၁) နွားချေးနှင့် အခြားသော သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေးများကို ရေလောင်းရလွယ်ကူပြီး မွှေရလွယ်ကူစေသော အရွယ်အစား ပုံထားပါ။
၂) ပုံထားသော နွားချေးနှင့် အခြားအရာများမှာ ခြောက်နေပါက ရေလောင်းပြီး အပေါ်အောက်လှန်ပေးပါ။
၃) ရေလောင်းပြီးပါက ပလပ်စတစ် အမဲ ဖြင့် နှစ်ထပ်သုံးထပ် ဖုံးအုပ်ပေးပါ။
၄) နှစ်ပတ်ကြာလျှင် ပလပ်စတစ်အားပြန်ခွာပြီး ရေလောင်း၍ အပေါ်အောက်လှန်ကာ ပြန်ဖုံးပေးထားရမည်။ ထိုအချိန်တွင် အပူချိန်အရမ်း မြင့်နိုင် သောကြောင့် သေချာစနစ်တကျလုပ်ဆောင်ရမည်။
၅) နောက်ထပ် ၂ပတ်ကြာပါက စိုက်ခင်းအတွင်းအသုံးပြုနိုင်သော နွားချေးမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူကြီးများ အလွယ်တကူနှင့် လျှင်လျှင်မြန်မြန် တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မျှဝေပေးခြင်းဖြစ်ပါသောကြောင့် လိုအပ်ချက်များ ရှိပါက နားလည်ပေးကြပါခင်ဗျာ။

မြေချဉ်ငံကိန်း Soil pH Level********************pH ဆိုတာ မြေဆီလွှာထဲမှာပါတဲ့ အက်ဆစ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ်ကို တိုင်းတ...
28/05/2024

မြေချဉ်ငံကိန်း Soil pH Level
********************
pH ဆိုတာ မြေဆီလွှာထဲမှာပါတဲ့ အက်ဆစ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ်ကို တိုင်းတာပါတယ်။
pH 7 အောက်ဆို အက်ဆစ်ဓာတ်များပြီး မြေချဉ်တယ်။
Ph 7 ထက်များရင် အယ်လ်ကာလီဓာတ်များပြီး မြေငံပါတယ်။
အပင်အများစုက pH 6 မှ pH 7 အတွင်း အကောင်းဆုံး ဖြစ်ထွန်းပါတယ်။

pH မြေချဉ်ငံကိန်းကို ဘယ်လို သိရှိနိုင်သလဲ
********************
Soil meter သို့မဟုတ် soil tester ဖြင့် သိရှိနိုင်ပါတယ်။ စျေးက သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ အစားစား ရှိကြပါတယ်။ အစိုဓာတ် ရှိတဲ့မြေထဲ လေးလက်မခန့် ထိုးသွင်းပြီး မိမိမြေရဲ့ pH အဆင့်ကို တိုင်းတာနိုင်ပါတယ်။

အပင်အတွက် pH ဘာကြောင့်အရေးပါ
*******************
သင့်တော်တဲ့ pH level မရှိရင် မြေဆီလွှာထဲမှာရှိတဲ့ အစာအာဟာရကို မစုပ်ယူနိုင်လို့ပါ။

pH 7 ထက်နိမ့်တဲ့ အက်ဆစ်ဆန်သော မြေချဉ်များမှာ အနည်းလို အာဟာရဓာတ်များဖြစ်တဲ့ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖာရပ်စ်စတဲ့ ဓာတ်တွေ မစုပ်ယူနိုင်ပါ။

pH 7 ထက်မြင့်တဲ့ အယ်လ်ကာလီဆန်သော မြေငံများမှာ အနည်းလို အာဟာရဓာတ်များဖြစ်တဲ့ ဇင့်၊ ကော့ပါးစတဲ့ ဓာတ်တွေကို မစုပ်ယူနိုင်ပါ။

မြေချဉ်ငံကိန်းကို ဘယ်လို ပြုပြင်ကြမလဲ
*************************
Increasing soil pH
အက်ဆစ်ဆန်သောမြေကို မြှင့်လိုလျှင်
ထုံး၊ ပြာ ထည့်ပါ။ ထုံးထည့်ပြီးလျှင် ရေလောင်းဖြန်းပေးဖို့ လိုအပ်ပါတယ်။

Decreasing soil pH
အယ်လ်ကာလီ ဆန်သောမြေကို နှိမ့်လိုလျှင်
အော်ဂဲနစ်မြေဆွေးသစ်ဆွေးများ၊ အလူမီနီယမ် ဆာလ်ဖိတ်၊ ဆာလ်ဖာ၊ ဒိုင်အမိုနီယမ် ဖော့စဖိတ်၊ အမိုနီယမ် နိုက်ထရိတ်စတဲ့ အရာများထည့်ပါ။ ဆာလ်ဖာ ထည့်ပြီးလျှင် အပင်တွေမလောင်ဖို့ ရေလောင်းဖြန်းပေးဖို့ လိုအပ်ပါတယ်။

မြေဧကတွက်နည်း။❖❖❖❖❖❖❖❖❖❖၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ၁ ပေ(...
28/05/2024

မြေဧကတွက်နည်း။
❖❖❖❖❖❖❖❖❖❖
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ပေ(sqft) = ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက
Square Feet မှ ဧကပြောင်း
Sqft ÷ 43560 = ( ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 ÷ 43560 = 0.459 ဧက
ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 × 43560 = 21780 Sqft
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ်များဟာ Imperial Units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)
၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။
ထို့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါသည်။
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။
၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက
#ဗဟုသုတ
# crd to original owner

🌾 မိုးစပါးတွေ စစိုက်တော့မယ်ဆိုတာနဲ့ ကြိုတင်သတိထားသင့်တဲ့ အချက်တစ်ချက်ကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။ မိတ်ဆွေတို့အတွက် ဒီ...
25/05/2024

🌾 မိုးစပါးတွေ စစိုက်တော့မယ်ဆိုတာနဲ့ ကြိုတင်သတိထားသင့်တဲ့ အချက်တစ်ချက်ကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။ မိတ်ဆွေတို့အတွက် ဒီခေါင်းစဉ်က သိပ်မစိမ်းပေမဲ့ သတိမထားမိဘဲ လွတ်သွားတာမျိုးမရှိစေဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။

👉 ရွှေခရုကို ဒီလို ကြိုတင်ကာကွယ် 👈

ရွှေခရုက ရေမထိန်းနိုင်တဲ့ စပါးစိုက်ဒေသတွေမှာဆိုရင် စပါးခင်းတစ်ခင်းလုံးကို အချိန်တိုအတွင်း ဖျက်ဆီးမှုအားကောင်းတဲ့ ဖျက်ပိုးတစ်မျိုးပါ။

ရေသွင်းမြောင်း၊ ဆည်ရေ၊ ရေကြီးရေလျှံတို့မှတစ်ဆင့် ပျံ့နှံ့တတ်ပြီး လယ်ထဲမှာ ရေမရှိတဲ့အခြေအနေမျိုးမှာလည်းပဲ ရွှံ့နွံတွေနဲ့ဖုံးလွှမ်းပြီးတော့ (၄) လမှ (၆) လအထိ မြေကြီးထဲမှာ ခိုအောင်းနေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရေရှိတဲ့အခါကျမှ မြေကြီးထဲကနေ ပြန်ထွက်လာပြီး စပါးပင်ကို တိုက်ခိုက်ဖျက်ဆီးပါတယ်။

ဒီလိုမျိုး စပါးပင်တွေကို (၁၀၀) ရာခိုင်နှုန်းအထိ ပျက်စီးစေတဲ့ ရွှေခရုကို ကာကွယ်ဖို့ဆိုရင် မြေပြင်ချိန်မှာကတည်းက စတင်လုပ်ဆောင်သင့်ပါတယ်။

**မြေပြင်ချိန်**
(၁) ထုံး (၂၀၀-၄၀၀ ပိဿာ/ ဧက) ကို အနည်းဆုံး တစ်ပတ်ကြိုတင် (နောက်ဆုံးမြေပြင်ချိန်) ထည့်ပေးပါ။

(၂) စိုက်ခင်းဝန်းကျင်နဲ့ ကန်သင်းဘောင်ရှိ ဥမြုံများကို ဖျက်ဆီးပါ။ ခရုတွေ ရှိနေမယ်ဆိုရင်လည်း လက်ဖြင့် ကောက်ယူ ဖျက်ဆီးပါ။

(၃) စပါးခင်းရေဝင်ပေါက်များကို ဇကာ (သို့) ပိုက်ကွန် (သို့) ဝါးကဒ်များဖြင့် ကာပြီးမှ ရေသွင်းရေထုတ် ပြုလုပ်ပါ။

(၄) ဘဲလွှတ်ကျောင်းပေးပါ။

အခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ သီးနှံမစိုက်ခင် မြေပြင်စဉ်မှာကတည်းက ဓာတုဆေးသုံးစရာမလိုဘဲ အလွယ်တကူ ကြိုတင်ကာကွယ်နိုင်တဲ့ သဘာဝနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အပင်ငယ်စဉ်နဲ့ နောက်ပိုင်းအဆင့်တွေအတွက်ကိုလည်း ဆက်ပြီး မျှဝေပေးသွားပါဦးမယ်ဗျ။

ဒီစာက စပါးစိုက်တောင်သူများအတွက် အကျိုးရှိတယ်ဆိုရင် Like, shareလုပ်ပေးပြီးတော့ အခြားစပါးစိုက်တောင်သူများပါ မြင်အောင် ကူညီပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

#ရွှေခရု

ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာနှင့် ရေစီးရေလာကောင်းမွန်စေရန် သိကောင်းစရာများ  ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာ...
25/05/2024

ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာနှင့် ရေစီးရေလာကောင်းမွန်စေရန် သိကောင်းစရာများ


ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာဟာ တစ်ချိန်လုံး ရေဝပ်ပြီးစိုစွတ်နေတာမျိုး သို့မဟုတ် ခြောက်သွေ့နေတာမျိုး တွေ့ရှိဖူးတယ်ဆိုရင် အဆိုပါအ​ခြေအနေဟာ မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို မြှင့်တင်ဖို့ရာ လုပ်ဆောင်ပေးရမဲ့ အနေအထားဖြစ်ပါတယ်။ အပင်တွေစိုက်ပျိုးတဲ့အခါ အများစုဟာ ရေစီးရေလာကောင်းမွန်ပြီး ရေစိမ့်ဝင်နိုင်မှုမြင့်မားသော မြေဆီလွှာမှာ အကောင်းဆုံးရှင်သန်ဖြစ်ထွန်းနိုင်တယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒါဆိုရင် မိမိရဲ့ မြေဆီလွှာဟာ ရေစိမ့်နိုင်မှုကောင်းသလားဆိုတာကို ဘယ်လိုပြောနိုင်ပါသလဲ။ အပင်ရဲ့ အမြစ်များဆီသို့ လေနဲ့ ရေကို အချိုးညီညီ ထောက်ပံ့ပေးနိုင်တဲ့ မြေဆီလွှာကို အပင်စိုက်ပျိုးသူတိုင်း လိုအပ်ကြတာ ဖြစ်ပါတယ်။ မိမိရဲ့ စိုက်ခင်းမြေဟာ သဲဆန်တဲ့မြေဖြစ်ပါက ရေများ လျင်မြန်စွာ စိမ့်ဝင်စီးဆင်းသွားတာကို သတိပြုမိနိုင်ပြီး အပင်များ ခြောက်သွေ့ပြီး မြန်မြန်ရင့်ရော်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ထို့နည်းတူ မြေဆီလွှာဟာ ရွှံ့စေးဆန်တဲ့မြေ ဖြစ်နေမယ်ဆိုရင် ရေဝပ်နေပြီး လေဝင်လေထွက်မရှိခြင်းကြောင့် အမြစ်များပုပ်နိုင်တဲ့ ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ မိမိရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာဟာ ရေစိမ့်ဝင်နိုင်မှုနဲ့ပတ်သတ်လို့ လွန်ကဲစွာ ထိခိုက်ခံစားနေရပါက ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် ကျန်းမာစွာရှင်သန်ကြီးထွားနိုင်တဲ့ ဥယျာဉ်စိုက်ခင်းတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ရေစိမ့်ဝင်မှုကောင်းသောမြေ၏ လက္ခဏာများ

မည်သည့် မြေဆီလွှာမှာမဆို မြေစိုင်မြေခဲအမှုန်များကြားရှိ နေရာလွတ်များမှာ အပင်ကျန်းမာကြီးထွားရန်အတွက် လိုအပ်သော အောက်ဆီဂျင်နဲ့ ရေများ ရှိနေတာဖြစ်ပါတယ်။ မိုးရွာသွန်းတဲ့အခါ သို့မဟုတ် ဥယျာဉ်စိုက်ခင်းကို ရေသွင်းတဲ့အခါမှာ အဲဒီနေရာလွတ်တွေဟာ ရေနဲ့ပြည့်သွားမှာ ဖြစ်ပါတယ်။ ရေဟာ မြေဆီလွှာမှတဆင့် အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာတာနဲ့အမျှ ၎င်းနေရာကို လေတွေ ပြန်လည် အစားထိုးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါရွေ့လျားမှုကို မြေဆီလွှာရေစိမ့်နိုင်ခြင်းလို့ ခေါ်ဆိုကြတာဖြစ်ပြီး ၎င်းဖြစ်စဥ်ဟာ မည်မျှမြန်ဆန်စွာ ဖြစ်ပျက်သွားတယ်ဆိုတာက အရေးကြီးတာဖြစ်ပါတယ်။

မိမိရဲ့မြေဆီလွှာဟာ ​ရေကောင်းစွာ စိမ့်ဝင်နိုင်ကြောင်း ဆုံးဖြတ်ဖို့ရာ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ မိမိရဲ့ မြေဆီလွှာမှာ အကျယ် ၁ ပေ နဲ့ အနက် ၁ ပေ ခန့်ရှိသော ကျင်းတစ်ခုကို တူးပါ။ ထို့နောက် ၎င်းကျင်းကို ရေဖြည့်လိုက်ပါ။ ရေ လုံးဝစိမ့်ဝင်သွားပြီးနောက် ရေအပြည့် ပြန်ဖြည့်ကာ ရေပြန်စိမ့်ဝင်သွားစေရန် အချိန်မည်မျှကြာကြောင်း မှတ်သားထားပါ။ ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာဆိုရင် တစ်နာရီလျှင် ၁ - ၆ လက်မခန့်နှုန်းဖြင့် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ပုံမှန်ထက် နှေးကွေးစွာ သို့မဟုတ် မြန်ဆန်စွာ​ ရေ စိမ့်ဝင်နေတယ်ဆိုပါက မြေဆီလွှာကို ပိုမိုကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ပေးသင့်တာ ဖြစ်ပါတယ်။

ရေစိမ့်ဝင်နိုင်မှု ကောင်းမွန်သော မြေဆီလွှာကို ဘယ်လိုဖန်တီးမလဲ

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ရှိပြီးသားဖြစ်တဲ့ အော်ဂဲနစ်ပစ္စည်းများ (သဘာဝမြေဆွေး၊ တိရစ္ဆာန်အညစ်အကြေးမြေဆွေး သို့မဟုတ် သစ်ရွက်ခြောက်) ဟာ မြေဆီလွှာရဲ့ ရေစိမ့်နိုင်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီလုပ်ဆောင်ပေးနိုင်သော အကောင်းဆုံးအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရှင်းသောပစ္စည်းနဲ့ ပြုပြင်လုပ်ဆောင်ခြင်းဟာ လျင်မြန်စွာ ရေစိမ့်ဝင်နိုင်သော သို့မဟုတ် နှေးကွေးစွာ စိမ့်ဝင်နိုင်သော မြေဆီလွှာများအတွက် အကျိုးရှိစေနိုင်တာ ဖြစ်ပါတယ်။ အပင်မစိုက်ပျိုးရသေးသော မြေဆီလွှာမှာဆိုရင် အော်ဂဲနစ်ပစ္စည်းများကို မြေမျက်နှာပြင်ပေါ်မှာ ၃ - ၄ လက်မခန့်အထူ ဖြန့်ခင်းပြီး ပေါက်ပြား၊ ထွန်ခြစ် သို့မဟုတ် ကောက်ဆွဖြင့် မြေဆီလွှာ ၈ - ၁၂ လက်မအထိရောက်အောက် ရောမွှေပြုပြင်ထားသင့်ပါတယ်။ စိုက်ပျိုးပြီးသား မြေဆီလွှာမှာဆိုရင်တော့ အပင်များရဲ့အောက်ခြေနဲ့ အနီးတဝိုက်မှာ သဘာဝမြေဆွေးကို ၂ လက်မခန့်အထူ ဖြန့်ခင်းပြီး မြေဆွပေးသင့်ပါတယ်။ ထိုကဲ့သို့ နှစ်စဥ်ထည့်ပေးခြင်းအားဖြင့် အချိန်ကြာလာတာနဲ့အမျှ သဘာဝအတိုင်း မြေဆီလွှာနဲ့ ရောစပ်အသားကျသွားမှာ ဖြစ်ပါတယ်။

မြေဆီလွှာကို တူးဆွခြင်းအား ရှောင်ရှားလိုပါက စိုက်ပေါင် (ဘောင်) များ ပြုလုပ်စိုက်ပျိုးခြင်းဟာ ကောင်းမွန်သော အဖြေတစ်ခု ဖြစ်ပါတယ်။ စိုက်ပေါင်ပြုလုပ်မယ်ဆိုရင်တော့ လက်ရှိမြေဆီလွှာထက် ၆ - ၈ လက်မ အမြင့်ရှိသော ပေါင်များပြုလုပ်သင့်ပါတယ်။ ပေါင်လုပ်ပြီး စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာရောစပ်ခြင်းအတွက် နည်းလမ်းများစွာရှိပြီး အခြေခံအားဖြင့်ဆိုရင်တော့ မြေဆီလွှာ ၄၀ - ၆၀ ရာခိုင်နှုန်းနဲ့ မြေဆွေး သို့မဟုတ် အခြားသော ကောင်းမွန်စွာ ပြိုကွဲပျက်စီးနေတဲ့ အော်ဂဲနစ်ပစ္စည်းများကို ပေါင်းစပ်ပြုလုပ်မယ်ဆိုရင်တော့ ရေစိမ့်နိုင်မှုအတွက် အကောင်းဆုံးအ​ခြေအနေဖြစ်ပါတယ်။

Htoo (Agri)

မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား  ဒီအပင်ကိုစိုက်သင့်တယ်. ."နတ်ပြည်က ပေးတဲ့ရတ...
18/05/2024

မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား ဒီအပင်ကိုစိုက်သင့်တယ်. .

"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "
=======================

Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင်
နောင်နှစ် နောင်နှစ်တွေမှာ ဒီလောက်မပူရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီ ....
အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။
အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။

"အပင်ရဲ့ဂုဏ်သတ္တိတွေ"
================
မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်း၀င်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။
နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။
သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာ၀နည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။
အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။

Credit: Zin Min Latt

 #အက်စစ်မိုး (သို့) မိုးဆိုတိုင်းစိတ်မချရပါ==========================ကျွန်ုပ်တို့မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာမြေကြီးသည...
18/05/2024

#အက်စစ်မိုး (သို့) မိုးဆိုတိုင်းစိတ်မချရပါ
==========================
ကျွန်ုပ်တို့မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာမြေကြီးသည် လုံးဝန်သောပုံသဏ္ဍန်ရှိ၍ အချင်းမှာ ၁၂၈၀၀ ကီိလိုမီတာခန့် ရှိပါသည်။ ကမ္ဘာမြေပြင်အထက် ၁၀၀၀ ကီိလိုမီတာတိုင်အောင် လေထုဖြင့် လွှမ်းခြုံထားပါသည်။
သို့ရာတွင် ကမ္ဘာမြေပြင်မှ အထက် ၃၀ ကီိလိုမီတာခန့်အတွင်းတွင် တည်ရှိသော လေထု၌ ၉၉% သော ဓာတ်ငွေ့များ ပေါင်းစပ်ပါဝင်နေပါသည်။ ထိုဓာတ်ငွေ့များမှာ အောက်ဆီဂျင် ၂၁%၊ နိုက်ထရိုဂျင် ၇၈%၊ အာဂွန် ၀.၉ %၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ၀.၀၃ % နှင့် အခြားဓာတ်ငွေ့များ ၀.၀၇ %တို့ အသီးသီးပါ၀င်နေပါသည်။
ဤလေထုသည် ကမ္ဘာမြေနှင့် နှိုင်းစာပါက အလွန်ပါးလွှာပါသည်။ ဥပမာအားဖြင့် ကမ္ဘာမြေသည် ပန်းသီးတစ်လုံး၏ အရွယ်ပမာဏရှိပါက လေထုသည် ပန်းသီး၏ အခွံခန့်သာ ထူပေလိမ့်မည်။ ကမ္ဘာမြေနှင့်ထိစပ်လျှက်ရှိသော လေထု၏ အောက်ခြေလွှာတွင် လ၊ူ သတ္တဝါနှင့် သစ်ပင်တို့သည် အသက်ရှင်ပေါက်ဖွား နေထိုင်လျက်ရှိပါသည်။
လေထုအတွင်း၌ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2)နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်(NOx) ဒြပ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့၏ ပါဝင်မှုအရေအတွက် တနေ့တခြား မြင့်တက်လျက်ရှိကြောင်း ထိုကဲ့သို့ လေထုညစ်ညမ်းမှု ဆက်လက်တိုးပွားလာပါက ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်လျက်ရှိသော လူသားများ၊ ကုန်နေ ရေနေသတ္တဝါများ၊ သစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ကမ္ဘာနိုင်ငံအသီးသီးမှ သိပ္ပံပညာရှင်များက တခဲနက် ထောက်ပြ သတိပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ ကမ္ဘာမြေ အရှည်တည်တံ့၍ ဆက်လက်ရှင်သန်နိုင်ရန် ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ရမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းသည် အလွန်အရေးပါသကဲ့သို့ လေထုညမ်းညမ်းမှု ဖြစ်စေ သော ဇီဝရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကို လျှော့ချပြီး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသော နေရောင်ခြည်နှင့် လေအားမှ လျှပ်စစ်စွမ်းအင် ထုတ်ယူမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်နေပါသည်။
လေထုညမ်းညမ်းရာမှ အစပြု၍ ဖြစ်ပွားသော အက်ဆစ်ဖြစ်ထွန်းခြင်း လေ့လာစောင့်ကြည့်မှု လုပ်ငန်းကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် အက်ဆစ်ဖြစ်ထွန်းမှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လေ့လာစောင့်ကြည့်လျက်ရှိသည့်အပြင် အရှေ့အာရှ အက်ဆစ် ဖြစ်ထွန်းမှု လေ့လာစောင့်ကြည့်ရေးကွန်ယက်(EANET)၏ အဖွဲ့ဝင်နုိင်ငံတစ်ခုအဖြစ် ပါဝင်၍ မိမိနိုင်ငံတွင် အက်ဆစ်ဖြစ်ထွန်းမှု အခြေအနေများကို စောင့်ကြည့်လေ့လာ သုတေသနပြုလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် စခန်းအသီးသီးမှ တိုင်းတာရရှိသော မိုးရေ၏ ပျမ်းမျှ pH တန်းဖိုးများကို လေ့လာရာတွင် မြစ်ကြီးနား၊ ကျိုင်းတုံ၊ တောင်ကြီး၊ ဘားအံ၊ ပဲခူးနှင့် မော်လမြိုင်မြို့၏ pH တန်းဖိုးများသည် ၅.၆ နှင့်အောက်တွင် ရောက်ရှိနေသဖြင့် အက်ဆစ်ဖြစ်ထွန်းမှု အခြေအနေ ဆက်လက်လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်နေပါသည်။ မြန်မာနိုင်ငံတွင် အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဌာန အဖွဲ့အစည်းများမှာ -
v ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
v မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
v မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
v ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
v သစ်တောဦးစီဌာန
v ကျန်းမာရေးဦးစီးဌာန
v ဆေးသုတေသနဦးစီးဌာန
v စည်ပင်သာယာရေးဦးစီးဌာန
v ဆည်မြောင်းဦးစီးဌာန
v ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန
v အဏုမြူစွမ်းအင်ဦးစီးဌာန
v ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင် တုိ့ ဖြစ်ပါသည်။

အက်ဆစ်ဖြစ်ထွန်းမှု ဖြစ်စဉ်
====================
ကျွန်ုပ်တို့ မှီတင်းနေထိုင်လျက်ရှိသော ကမ္ဘာမြေအား လေထုတို့ဖြင့် လွှမ်းခြုံထားပါသည်။ ထိုလေထု၏ အောက်ခြေအလွှာအတွင်းတွင် ဓာတ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့ ပျံ့လွင့်လျက်ရှိပါသည်။ အချို့ကို သာမန်မျက်စိဖြင့် မြင်နိုင်စွမ်း၏။ အချို့မှာ အလွန်သေးငယ်သောကြောင့် မြင်နိုင်စွမ်း မရှိပေ။ ထိုမြူမှုန်၊ ဒြပ်မှုန်တို့ လေထုအတွင်းသို့ ရောက်ရှိလာရခြင်း၏အကြောင်းရင်းတို့မှာ သဘာဝအလျောက် ဖြစ်ပေါ်ခြင်းနှင့် လူသားတို့၏ လုပ်ဆောင်မှုများကြောင့်ဟူ၍ (၂)မျိုး ခွဲခြားနိုင်ပါသည်။
သဘာဝအလျောက် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းခြင်းများမှာ မီးတောင်ပေါက်ကွဲမှု၊ တောမီးလောင်ကျွမ်းမှုတို့ကြောင့် ချော်မှုန်၊ ပြာမှုန်များ လေထုအတွင်းသို့ ရောက်ရှိလာရခြင်းဖြစ်ပါသည်။
လူသားတို့၏ လုပ်ဆောင်မှုကြောင့် လေထုညစ်ညမ်းမှုဖြစ်ရခြင်း အကြောင်းအချက်တို့မှာ ရုပ်ကြွင်းလောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံနှင့် ထင်းမီးသွေး အသုံးပြုခြင်းများအပြင် ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်း၍ မီးရှို့ရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များနှင့် ပြာများ၊ ကျောက်မီးသွေးမှုန်များ၊ ကြပ်ခိုးများ လေထဲတွင် မျောပါပျံ့လွင့်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကျောက်မီးသွေးနှင့် လောင်စာများဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကို လျှပ်စစ်ဓာတ်အား ပေးစက်၊ စက်မှုန်ကုန်ထုတ်စက်ရုံများ၊ ပို့ဆောင်ရေးယာဉ်တို့တွင် အသုံးပြုရာမှ ထွက်ပေါ်လာသည့် SO2 နှင့် NOx ဓာတ်ငွေ့များအပြင် မီးခိုး၊ ကြပ်ခိုး နှင့် ဒြပ်မှုန်တို့သည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး အက်ဆစ် ဖြစ်ထွန်းခြင်းများ ဖြစ်ပေါ်စေပါသည်။
အက်ဆစ်ဖြစ်ထွန်းခြင်း (၂) မျိုးရှိပါသည်။ အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းခြင်းဟူ၍ ဖြစ်ပါသည်။
အစိုဖြစ်ထွန်းခြင်း ဆာလဖာဒိုင်အောက်ဆိုဒ် SO2 နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် NOx ဓာတ်ငွေ့နှင့် အခြား ဓာတ်မှုန်တို့သည် လေထုအတွင်း၌ လွင့်မျောလျက်ရှိသော တိမ်များနှင့် ပူးပေါင်းမိသောအခါ တိမ်အတွင်းရှိ ရေစက်ရေပေါက်များနှင့် ဟိုက်ဒရိုဂျင်အိုင်ယွန်း(H+)တို့ဓာတ်ပြုပြီး၊ ဆာလဖြူရစ်အက်ဆစ်နှင့် နိုက်ထရစ် အက်ဆစ်များအဖြစ်သို့ ဓာတ်ပြောင်းသွားကြပါသည်။ ထိုကဲ့သို့ အက်ဆစ်ဓာတ်ပါဝင်သော မိုးရေ(Rain)၊ နှင်းပွင့် (Snow) ၊ မြူထူ(Fog)နှင့် မြူ(Mist) တို့သည် ကမ္ဘာမြေပေါ်သို့ ရွာကျခြင်းဖြစ်စဉ်ဖြင့် ရောက်ရှိသွားခြင်းကို အစိုဖြစ်ထွန်ခြင်းဟု ခေါ်ဆိုပါသည်။
အခြောက်ဖြစ်ထွန်းခြင်း အက်ဆစ်အခြောက်ဖြစ်ထွန်းခြင်းဆိုသည်မှာ ရာသီဥတုသာယာသည့် အချိန်အခါများနှင့် တိမ်ထူသည့်နေ့များတွင် လေထုထဲတွင် ရောနှောပါဝင်နေသော အက်ဆစ် ဖြစ်ထွန်း စေနိုင်သည့် ဓာတ်ငွေ့များနှင့် လွင့်မျောနေသော မြူမှုန်၊ ဒြပ်မှုန်တို့သည် မြေပြင်၊ အဆောက်အဦနှင့် သစ်ပင်များပေါ်သို့ တိုက်ရိုက်ကျရောက်ခြင့်နှင့် လူတို့၏ ကိုယ်ခန္ဓာအတွင်းသို့ အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်သည့် ဖြစ်စဉ်ကို ဆိုလိုပါသည်။
အက်ဆစ်အစိုဖြစ်ထွန်းခြင်းနှင့် အခြောက်ဖြစ်ထွန်းသည့် ဖြစ်စဉ်များသည် မြေဆီလွှာ၊ အင်းအိုင်၊ ရေပြင်းပေါ်များပေါ်သို့ရောက်သည့်အခါ ဓာတ်ပြုမှုများပေါ်ပြီး အက်ဆစ်ဖြစ်ထွန်းသဖြင့် သစ်ပင်နှင့် ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပါသည်။ အက်ဆစ်ဖြစ်ထွန်းစေသော ဓာတ်ငွေ့များနှင့် မြူမှုန်၊ ဒြပ်မှုန်တို့၏ ပမာဏများပြားလျှင် အက်ဆစ်ပြင်းအား ပိုမို များပြားပါသည်။

အက်ဆစ်ဆိုတာ ဘာလဲ ?
================
အက်ဆစ်ပါ၀င်မှုနှုန်းထားကို pH ဖြင့် ဖော်ညွှန်းပါသည်။ pH ဆိုသည်မှာ ဟိုက်ဒရိုဂျင် အိုင်းယွန်း ပါ၀င်မှုနှုန်းဖြစ်ပါသည်။ ဟိုက်ဒရိုဂျင် အိုင်းယွန်းပါ၀င်မှုများလျှင် အက်ဆစ်၏ ပြင်းအား များပြားပါသည်။ ဘက်ထရီတွင်ပါ၀င်သော အက်ဆစ်သည် pH အဆင့် (၁)ရှိပါသည်။ လူတို့၏ အသားအရေနှင့် ထိတွေ့ပါက ပူလောင်ပြီး အနာတရ ဖြစ်စေသည့်အပြင် အ၀တ်အထည်တို့ကို ပေါက်ပြဲစေပါသည်။ ကျွနုပ်တို့ စားသောက်လျက်ရှိသော အစားအစာတို့တွင် အက်ဆစ်ပါ၀င်မှုများရှိနေပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်သည် အက်ဆစ်ဓာတ်ပါ၀င်မှုကို ကန့်သတ်ချက်အတိုင်းအတာဖြင့် လက်ခံနိုင်စွမ်းရှိသည်ကို တွေ့ရှိရပါသည်။
အက်ဆစ်ပါ၀င်သော မိုးရေထဲတွင်လမ်းလျှောက်ခြင်း၊ ရေချိုးခြင်း၊ အက်ဆစ်ဓာတ်အပျော့စားဖြစ်ပေါ် နေသော ရေကန်၊ အင်းအိုင်တို့တွင် ရေကူးခြင်းများ ပြုလုပ်သော်လည်း လူသားများအားထိခိုက်မှုမရှိပေ။ သို့ရာတွင် သံထည်ပစ္စည်းများ သံချေးတက်ခြင်း၊ ကြေးထည်ပစ္စည်းများကြေးညှိတက်ခြင်း၊ ကွန်ကရိ အဆောက်အဦများ ပျက်စီးခြင်း၊ မာဘယ်ကျောက်များ အရောင်ပြောင်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

အက်ဆစ်ဖြစ်ထွန်းခြင်းကြောင့်ဖြစ်ပေါ်လာသော ပြဿနာများ
========================================
အက်ဆစ်ဖြစ်ထွန်းမှုကြောင့် သက်ရှိသတ္တဝါများနှင့် သက်မဲ့ ရုပ်၀တ္တုများကို ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် အက်ဆစ်ဖြစ်ထွန်းမှုများပြားလာပါက မှီတင်းနေထိုင်သော ရေနေသတ္တဝါများအား ထိခိုက်ပျက်စီးစေပါသည်။ ငါးတို့သည် ငါးသားဥ၊ သားဖောက်ခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ချေ။ ထိုအပြင် ငါးတို့၏ အစာဖြစ်သော ပိုးမွှားကောင်များ သေကြေပျက်စီးကြသဖြင့် အစာအာဟာရ ရှားပါးမှုကြုံတွေ့ရပါသည်။ မြေဆီလွှာ တိုက်စားမှုမှ ပါ၀င်လာသော သတ္တုများကြောင့် ငါးများ၏ ပါးဟက် ပျက်စီးမှုများဖြစ်ကာ အသက်ရှုရန် အခက်အခဲဖြစ်ပြီး သေဆုံးကြရသည်။
သစ်ပင် သစ်တောများသည် လေထဲတွင်မျောပါလာသည့် အက်ဆစ်ဖြစ်ထွန်းစေသော မြူမှုန်၊ ဒြပ်မှုန်များ ကျရောက်သဖြင့် ဧရိယာကျယ်ပြန့်စွာ တဖြည်းဖြည်းခြောက်သွေ့သေဆုံးနေသည်ကို တွေ့မြင်ရ ပါသည်။ မြေဆီလွှာတွင်ရှိသော မြေသြဇာများကို အက်ဆစ်များမှ ချေဖျက်သဖြင့် သစ်ပင်များ အာဟာရ ခေါင်းပါးမှုကို ကြုံတွေ့နိုင်ပါသည်။ ထိုအခါ သစ်ပင်မှ သစ်ရွက်များ တဖြည်းဖြည်း ကျဲပါးလာပါသည်။ ထို့နောက် သစ်ပင်၏ ပင်စည်များတွင် ကပ်ပါးမှိုများ ကျရောက်၍ သစ်တော သစ်ပင်များကို ပျက်စီးဆုံးရှုံးမှုဖြစ်စေပါသည်။
ရေညှိပင်များသည် အက်ဆစ်ဒဏ်ကို ခံနိုင်မှုနည်းပါးသော သစ်ပင်များဖြစ်ပါသည်။ အကယ်၍ အက်ဆစ်ဖြစ်ထွန်းမှု မရှိသော နေရာတွင် အပင်တို့သည် ကြီးထွားရှင်သန် ပေါက်ရောက်သော်လည်း လေထုညစ်ညမ်း၍ အက်ဆစ်ဖြစ်ထွန်းမှုရှိပါက ရေညှိပင်များ သေဆုံးနေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းဒေသတွင် အက်ဆစ်ဖြစ်ထွန်းမှုအခြေအနေကို သိရှိနိုင်ပါသည်။
အက်ဆစ်ဖြစ်ထွန်းမှုကြောင့် လူသားတို့ ပြုလုပ်ဖန်တီးထားသော ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။
သက်ရှိလူသားများသည်လည်း အက်ဆစ်ဖြစ်ထွန်းမှု၏ ဆိုးကျိုးများ ခံစားနေကြရပါသည်။ လေထုညစ်ညမ်းမှုကြောင့် လူသားများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သော ပန်းနာရင်ကြပ် ဝေဒနာ၊ အဆုပ်ရောဂါနှင့် ခဲဆိပ်သင့်သည့် ဝေဒနာတို့ကို ခံစားကြရသည်။
to DMH

ပဲတီစိမ်းစနစ်တကျစိုက်ပျိုးနည်းကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးများသည် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်ကြရာတွင်     စိုက်...
18/05/2024

ပဲတီစိမ်းစနစ်တကျစိုက်ပျိုးနည်း

ကျေးလက်ဒေသနေ တောင်သူလယ်သမားကြီးများသည် သီးနှံများကို စိုက်ပျိုး ထုတ်လုပ်ကြရာတွင် စိုက်စနစ်များ မှန်ကန်ရေး၊သီးနှံများအလိုက်အထွက်ကောင်း မျိုးများကို သုံးစွဲရေး၊ ဓာတ်မြေသြဇာများ နှင့် ဒေသထွက် သဘာ၀မြေသြဇာများနှင့် ပေါင်းစပ်အသုံးပြုရေးတို့ကိုလည်း ပါ၀င်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါသည်။

#ပဲတီစိမ်းသီးနှံများကို စိုက်ပျိုးရန် စိုက်ခင်းမြေများကို နွားထယ်၊ သို့မဟုတ် စက်ထယ်ဖြင့် တစ်စပ်၊ နွားထွန်၊ သို့မဟုတ်စက်ထွန်ဖြင့် တစ်စပ်ရရှိအောင် ဆောင်ရွက်ပါ။

#မြေခံအဖြစ် သဘာဝမြေသြဇာ နွားချေးဆွေးကို တစ်ဧက လှည်းငါးစီး(တင်း ၁၀၀)နှုန်းကို နေရာနှံ့စပ်အောင် ထည့်ပေးပါ။

#ထယ်ရေး၊ ထွန်ရေးပြင်ချိန်တွင် NPK ပါ၀င်သော ကွန်ပေါင်းဓာတ်မြေသြဇာတစ်အိတ် နှုန်းထည့်ပေးပါ။

#အမှိုက်များ၊ ပေါင်းမြက် များကိုပြောင်စင်အောင် ကောက်ပြီးလျှင် အထွက်ကောင်း ပဲတီစိမ်းမျိုးများဖြစ်သည့် ရေဆင်း(၉)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ စိုက်ပျိုးရေး(၁)စသည့်မျိုးများကို အစိုဓာတ်မိအောင် စိုက်ပျိုးပါ။

#ပဲတီစိမ်းအပင်များ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာနေစေရန် မျိုးများကို ရေတွင် နာရီဝက်ခန့်စိမ်ပြီး ရိုက်ဆိုဗီယမ်၊ ပဲမြစ်ဖု ဇီဝမြေသြဇာများဖြင့် သမအောင်ရောမွှေပြီး စိုက်ပျိုးပါ။

#ပဲတီစိမ်းကိုမိုးကြို၊မိုးနှောင်းရာသီများတွင် တန်းကြား၁၂ လက်မ၊ ပင်ကြား လေးလက်မဖြင့် တစ်ဧက အပင်ပေါင်း ၁၃၀၀၀၀ ရရှိအောင် စိုက်ပျိုးပါ။

#မိုးရာသီတွင် တန်းကြား ၁၈ လက်မ၊ ပင်ကြားလေးလက်မဖြင့် မျိုးလေးပြည်မှ ခြောက်ပြည်အထိ အသုံးပြုပါ။

#ပဲတီစိမ်းသီးနှံသည် စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်း ပေါင်းမြက်ကင်းစင် အောင် ဆောင်ရွက်ပေးရပါမည်။

#အပင် ငယ်စဉ်တွင် ပျ၊ ပင့်ကူနီ၊ ပင်စည်ထိုးယင် ကျရောက်တတ်ပါသည်။ လိုအပ်ပါက ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးဖြင့် ပက် ဖျန်း ကာကွယ်ပေးပါ။

#ပဲတီစိမ်းအပင်များ ကြီးထွားသန်မာစေရန် NPK နှင့် အနည်းလိုအာဟာရဓာတ်များပါ၀င်သော ရွက်ဖျန်းမြေသြဇာများတွင်N အချိုးများသည့် ရွက်ဖျန်းမြေသြဇာအရည်ကို၁၅ ရက်ခြား နှစ်ကြိမ်အထိ ပက်ဖျန်းပေးပါ။

#ပဲတီစိမ်းကို စိုက်ပျိုးပြီး ၁၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွက်စားပိုး၊ ငမြှောင်တောင်၊ ပင်စည်ထိုးယင်၊ ထွာ ကောင်စိမ်း၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက် ကပ်ပိုး၊ သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့်ဖြစ်သော အဝါရောင် မှိုစေ့ဗိုင်းရပ်စ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ပိုးသတ်ဆေးတစ်မျိုးမျိုး ဖြင့် တစ်ကြိမ်ခန့်ပက်ဖျန်းကာကွယ်ပေး ပါ။

#ပဲတီစိမ်းအပင်များသည် စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ ခန့်မှစတင်၍ သီးကိုင်းဖူး၊ ပန်းဖူးကိုင်းကလေးများ စတင်နိုးကြားလာပါသည်။

ထိုအချိန်တွင်အစိုဓာတ် မပြတ်စေရန်နှင့် အာဟာရမချို့တဲ့စေရန် ပိုး၊ ရောဂါများပါ မကျရောက်စေရန် သတိပြုဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါသည်။

#ပဲတီစိမ်းသီးနှံသည် ၄၅ ရက်သားမှစတင်၍ ပန်းစပွင့်ပါသည်။ ပန်းပွင့်အား ကောင်း၍ ပဲအသီးတောင့်များ များများရရှိစေရန်၊ အစေ့နှင့်အဆန်များ အားလုံးကောင်းမွန်စေရန် P နှင့် K ရာခိုင်နှုန်းများသော ရွက်ဖျန်းမြေသြဇာအရည်များကို ၁၅ရက်ခြား နှစ်ကြိမ်ခန့် ဖျန်းပေးပါ။ သို့မဟုတ် ယူရီးယား လေးဇွန်း၊ လက်ချားမှုန့် တစ်ဇွန်း၊
ရေတစ်ဂါလန်နှုန်း တစ်ဧက ဂါလန် ၂၀ နှုန်းအထိပက်ဖျန်းပေးပါ။

#ပဲတီစိမ်းအတောင့်များ ဖြစ်ထွန်းချိန် တွင်သီးလုံးဖောက်ပိုးကျရောက်တတ်ပါသည်။ ပဲတီစိမ်းသည် စိုက်ပျိုးသည့်မျိုးနှင့် ရာသီဥတုအပေါ်မူတည်၍ ၆၅ ရက်မှ ၉၅ ရက်အတွင်း ရင့်မှည့်လေ့ရှိကြပါသည်။ အရွက်များဝါပြီး ပဲအတောင့်များ ရ၅ မှ ၈၅ ရာခိုင်နှုန်း အနက်ရောင်
ပြောင်း၍ ခြောက်သွေ့ချိန်တွင် ကောက်ယူ ခူးဆွတ် ရိတ်သိမ်းပါ။

#ရိတ်သိမ်းပြီး ပဲတီစိမ်းများ ကို နှစ် နေမှ သုံးနေလှန်း၍ ခြွေလှေ့သန့်စင်ပါ။ ရရှိလာသော ပဲတီစိမ်းများကို စျေး ကွက်တွင် စတင်ရောင်းချနိုင်ပါသည်။

#ပဲတီစိမ်းသီးနှံကို ပြည်တွင်း၌ အသင့်အတင့်သာ စားသုံးပြီးပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ အဓိက အားဖြင့် အိန္ဒိယ၊ ဥရောပနှင့် တရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနေသော ပဲသီးနှံပင် ဖြစ်ပါသည်။

#ပဲတီစိမ်းကို အထွက်တိုးအောင် စိုက်ပျိုးလာနိုင် သည် နှင့်အမျှတောင်သူကြီးများ မိသားစုဝင်ငွေ တိုးတက်စေပြီး လူနေမှုအဆင့်အတန်းများပါ မြင့်မားလာမည်ဖြစ်ပါသည်။

- ရွှေမင်းအောင်(ကျောက်ပန်းတောင်း)

မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ ဖူးပွင့်စေသောနည်းများ #ကြက်ဥခွံ         နေလှန်းပြီးခြောက်သွေ့လာသော ဥခွံမ...
14/05/2024

မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပ ဖူးပွင့်စေသောနည်းများ

#ကြက်ဥခွံ

နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)

#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။

#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

ေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။
အိုးပြောင်းထားသည့်အပင်များ၊
ရွှေ့စိုက်ထားသောအပင်များတွင်
Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။

... Original writer

❗️ရွက်ဖျန်းမြေဩဇာ(Foliar Fertilizer)--------------------------------🚩ပထမဆုံးအထောက်အထားအဖြစ် သစ်ရွက်များမှ ရေကိုစုပ်ယူမှု...
14/05/2024

❗️ရွက်ဖျန်းမြေဩဇာ(Foliar Fertilizer)
--------------------------------

🚩ပထမဆုံးအထောက်အထားအဖြစ် သစ်ရွက်များမှ ရေကိုစုပ်ယူမှုကို(၁၇)ရာစု နှစ်လယ်ပိုင်းတွင်တွေ့ရှိရပြီး(၁၉)ရာစုနှစ်တွင်အဟာရဓာတ်များ စုပ်ယူခြင်းကို သုတေသန ပညာရှင်များတွေ့ရှိကြသည်။ပထမဆုံး အရွက်များမှမြေဩဇာကျွေးခြင်းအစီရင်ခံစာကို(၁၈၄၄)ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ စတင်ကြောင်းရေးသားထားသည်။

🚩တောင်သူများနှင့်စိုက်ပျိုးသူများ သည် အဓိကအနေဖြင့် သစ်ရွက်၏လေရှုပေါက်၊ရေစုပ်ယူခြင်း၊အဟာရထုတ်ယူသည့်(Stomata) ကိုသိလျှင်ပင် လုံလောက်ပါသည်။ရွက်ဖျန်းမြေဩဇာကျွေးရာတွင် အရွက်၏အောက်ဖက်မျက်နှာပြင်ရှိ(Stomata)ဆဲလ်များမှအဟာရဓာတ်များကိုအဓိကစုပ်ယူခြင်းဖြစ်သည်။

🚩 သီးနှံပင်များ ရှင်သန်ကြီးထွားရန်အတွက် အဟာရဓာတ်(၁၆)မျိုးလိုအပ်သည်၊၎င်းတို့ထဲမှ(ကာဘွန်၊ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်)ဓာတ်၃မျိုးသည်လေထုနှင့် မြေဆီလွှာတွင်းရှိရေမှရရှိနိုင်သည်။လေဝင်လေထွက်ကောင်းပြီးအစိုဓာတ်ရှိနေလျှင်၎င်းဓာတ်၃မျိုးအတွက် ပူစရာမလိုတော့ပေ။ကျန်ဓာတ်(၁၃)မျိုးဖြစ်သော နိုင်ထရိုဂျင်(N)၊ဖော့စပါးရပ်စ်(P) ၊ပိုတက်စီယံ(K)၊ ကယ်စီယံ(Ca)၊မက်ဂနီဆီယမ်(Mg)၊ကန့်(S)
၊သံဓာတ်(Fe)၊ ဘိုရွန်(Bo)၊ကြေးနီ(Cu)၊မင်းဂနီးစ်(Mm)၊မိုလီဘဒီနမ်(Mo)၊သွပ်(Zn)၊နှင့်ကလိုရင်း(CI)၊တို့ဖြစ်သည်။

❗️"ဘာကြောင့်ရွက်ဖျန်းမြေဩဇာသုံးရသလဲ?"
------------------------------------------------
သီးနှံပင်သည် ၎င်းတို့လိုအပ်သော အဟာရဓာတ်ကို မြေဆီလွှာမှတဆင့် အမြစ်များကစုပ်ယူသကဲ့သို့ အရွက်များမှတဆင့်လည်းစုပ်ယူကြသည်၊လိုအပ်သောအဟာရဓာတ်များမြေဆီလွှာမှရရှိရန်အခြေအနေမပေးသည့်အခါ(မြေညံ့လျှင်၊ခုခေတ်မြေတွေပျက်နေချိန်)နှင့်ပိုးရောဂါများကာကွယ်နှိမ်နင်းရာတွင် အရွက်များမှဖျန်းပေးရသည်။မြေဆီလွှာမှကျွေးသောမြေဩဇာအချို့သည်(နိုင်ထရိုဂျင်)မြေထဲသို့စိမ့်ဝင်စီးဆင်းပျောက်ဆုံး(Leaching)ဖြစ်သွားနိုင်သော်လည်းအရွက်မှဖျန်းလျှင်ဆုံးရှံးမှုမရှိပေ။ရွက်ဖျန်းမြေဩဇာကျွေးခြင်းသည်သီးနှံပင်မှ အဟာရဓာတ်စုပ်ယူမှုမှာမြေဆီလွှာကျွေးသည့်မြေဩဇာထက်ပိုမိုလျှင်မြန်စွာရရှိစေသည်။ရွက်ဖျန်းသည် အထွက်နှုန်းတိုးတက်စေခြင်း၊ပိုးမွှားရောဂါကာကွယ်နိုင်ခြင်း၊သီးနှံအရည်အသွေးကောင်းမွန်စေခြင်း၊မိုးခေါင်ဒဏ်ခံနိုင်စေခြင်း(ရေငတ်ဒဏ်ခံနိုင်ခြင်း)ပြောင်းရွှေ့စိုက်ပျိုးခါစပျိုးပင်များနလံထူမြန်ခြင်း၊မြေဆီလွှာတွင်းရှိအဟာရစုပ်ယူရာတွင်လည်းအထောက်အကူပေးသည်။ရွက်ဖျန်းမြေဩဇာသည်လယ်ယာသီးနှံထက် ဉယျာဉ်ခြံသီးနှံ(ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊ပန်းမာလ်)တို့တွင်ပိုမိုထိရောက်သည်။

❗️ရွက်ဖျန်းမြေဩဇာကျွေးရာတွင် လိုအပ်သည့်အခြေခံအချက်များ
-----------------------------------------------------------------------
-ဆေးနှင့်ရေ ရောစပ်ရာတွင်သတ်မှတ်သည့်အချိုးအစားအတိုင်းရောစပ်ရန်။
-လေငြိမ်သောအချိန်တွင်ဖျန်းခြင်း(လေပြင်းတိုက်ချိန်၌ဆေးရည်များလေထဲလွှင့်ပါနိုင်။
-အရွက်အောက်မျက်နှာပြင်များကိုဖျန်းပေးခြင်း(တိုက်ရိုက်စုပ်ယူစေရန်။
-အပူချိန်မြင့်မားချိန်နေ့လည်ပိုင်းတွင်သီးနှံပင်၏လေရှုပေါက်များပိတ်၍ မြေဩဇာ(ပိုးသတ်ဆေး၊မှိုသတ်ဆေးများ)မဖျန်းသင့်ပဲအပူချိန်(၈၀ Fနှင့်အောက်)နံနက်/ညနေပိုင်းတွင်သာဖျန်းပါ။
-ရာသီဉတုစိုထိုင်းစကောင်းသောအချိန်တွင်အပင်စုပ်ယူမှုပိုကောင်းစေသည်၊

🚩အချို့သောသများကအော်ဂဲနစ်သီးနှံစိုက်ပျိုးရေးသည် ဓာတ်‌မြေဩဇာ/ပိုးသတ်ဆေးများသုံးစွဲခြင်းမရှိသဖြင့် အထွက်နှုန်းမှာ ဓာတ်မြေဩဇာကဲ့သို့မထွက်ဟုထင်မြင်ယူဆချက်များကိုသုတေသနပညာရှင်များက နည်းပညာအသစ်များ၊မျိုးစေ့အသစ်များထုတ်လုပ်စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေဩဇာစိုက်ကွက်များထက် အထွက်နှုန်းမညံ့ရုံသာမက အချို့နေရာများတွင်အော်ဂဲနစ်နည်းစနစ်ဖြင့်စိုက်ပျိုးခြင်းကပို၍ပင် ထွက်ကြောင်းလက်တွေ့တွေ့မြင်လာပြီဖြစ်သည်။

🚩 ယခုအခါ ရွက်ဖျန်းမြေဩဇာ၏ အထွက်တိုးခြင်း၊အသီးအရည်အသွေး၊အနံ့အရသာ၊အရောင်အဆင်းကောင်းခြင်း၊ပိုးမွှားရောဂါခံနိုင်ရည်ရှိခြင်းတို့ကြောင့်ကမ္ဘာတစ်လွှားရွက်ဖျန်းမြေဩဇာကိုတိုးမြင့်သုံးစွဲလာကြပြီဖြစ်သည်။

 #စပါးရွက်ဖျား​ခြောက်/အပင်ဝါအ​ဖြေရှာခြင်း🌾''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''...
14/05/2024

#စပါးရွက်ဖျား​ခြောက်/အပင်ဝါအ​ဖြေရှာခြင်း🌾
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
မိတ်ဆွေတို့ စပါးခင်း​တွေမှာ ယခုနှစ်ပိုင်းတွေမှာ အရွက်ဝါခြင်း၊ အဖျား​ခြောက်ခြင်းနှင့် ဖြုတ်ပိုးများကျရောက်ခြင်းတို့ကြောင့် အချို့လယ်တွေ ဘက်တီးရီးယားရွက်​ခြောက်ကျခြင်း၊ ရွက်ဖုံးပုပ်/ ရွက်ဖုံး​ခြောက်ကျကြခြင်းနှင့် စပါး ဂုတ်ကျိုး​ရောဂါဝင်ခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရပါတယ်။

စပါးပင်ရဲ့ ပင်ပြလက္ခဏာကိုကြည့်ပြီး👈
- အချို့က ​ပေါင်းသတ်​ဆေး​လောင်တာပါတဲ့။
- အချို့က ဖြုတ်​ကြောင့်ပါတဲ့။
- အချို့ကျ​တော့ ဘက်တီးရီးယားရွက်​ခြောက်
စသဖြင့်....စသဖြင့်....မိမိ ထင်မြင်ချက်အ​ပေါ်
​ကောက်ချက်ချပြီး မှို​ဆေး/ပိုးသတ်​ဆေး/ဘက်တီးရီးယား​ဆေး ဖျန်းပြီး အသည်းအသန် ကုသကြရပါတယ်။

စပါးပင်က အများအမြင်အရ ထူးမခြားနား
ဘာ​ကြောင့်လည်း...(သုံးသပ်ကြည့်ကြရ​အောင်)

#အရွက်ဝါတယ်/ အဖျား​ခြောက်တယ်/ အပင်မထဘူး /ပုလဲပက်ရင် ပိုဆိုးလာတယ်/ မထူးဘူး
စသဖြင့်တွေ့ရတယ်......

#အ​ကြောင်းရင်းက ပိုးလား??...ရောဂါလား??.....အာဟာရလား??....🤔🤔

၁။ ဖြုတ်စိမ်း/ဖြုတ်ညို​ကြောင့်ဖြစ်ခြင်း🕷🐜🐜
""""""""""""""""""""""""""""""""""""""""'''''''''''''''''''''''''''''''''''''''''''''''''''''''''''''"''''''''''''''''''''''''
🔸ဖြုတ်ကြောင့်ဆိုရင် ရှင်းပါတယ်။ အပင်ကိုလက်နဲ့ပုတ်ရမ်းလို့ အ​ကောင်​လေး​တွေပျံတာ​တွေ့ရမယ်။ အ​ပေါ်အရွက်​တွေမှာ​တွေ့ရင် ဖြုတ်စိမ်း
(leaf hopper)👈👈
အပင်​ခြေ/​ရေအစပ်မှာတွေ့ရင် ဖြုတ်ညို​​တွေပါ။
(အပင်​ခြေ ​အောက်ပိုင်း ဖြဲရှာမှ ​တွေ့ရတတ်ပါတယ်။ဆိုးရွားတဲ့အ​ခြေအ​နေမှာ​တော့ စမတ်ကြပ်ခိုး​တွေမဲ​နေတာ​တွေ့ရပါတယ်။)👈👈

#ဖြုတ်​ဆေးဖျန်း​ရမှာပါ။☑☑☑
(ဗိုက်တာဂရို၊ စက်ကင်းရှယ်)💯💯💯

၂။ ဘက်တီးရီးယားရွက်​ခြောက်​ရောဂါ​ကြောင့်ဖြစ်ခြင်း(BLB)

🔸Blbရောဂါ​ကြောင့်ဆိုရင် အရွက်ဝါမယ်/အဖျား​ခြောက်မယ်။
အရွက်ဖျားကစပြီး၊ ရွက်နားတ​လျောက်၊ ရှည်လျားပြီး မညီမညာ ကွက်​/ဝါခြောက်လာမယ်။
ဘက်တီးရီးယား​ရောဂါအပင်​ကောင်းတဲ့​နေရာက စဖြစ်တယ်။ တ​စ်နေရာမှ တ​စ်နေရာကို လေ/ ရေနဲ့ ကူးစက်မြန်တယ်။ ယူရီးယား​ကျွေးရင် ပိုဆိုးမယ်။ အမြစ်နုတ်ကြည့်ရင်အ​ကောင်းအတိုင်းပဲ။
ဒါဆိုရင်​တော့.....
#ဘစ်စမာသိုင်ယာဇိုး(ဖာတီဇို )မြန်မြန်ဖျန်းပါ💯

အဲသလိုလည်းမဟုတ်ဘဲ........

🔸 ဖြုတ်လည်းမရှိဘူး။ အရွက်ဖျားလည်းမ​ခြောက်ဘူး။ အရွက်ဝါတယ်/ အောက်ရွက်​ဟောင်း​တွေက စဝါတယ်။ ပုလဲ​ကျွေး​ကျွေးမဖြုံဘူး။ အမြစ်နုတ်ကြည့်ရင်.....အမြစ်သစ်မထွက်ဘူး။ အချို့ရဲ​နေမယ်၊ အချို့မဲညို့​နေမယ်၊ ရေ​နေလည်းကြာမယ်ဆိုခဲ့ရင်တော့.........
(မှိုသတ်​​ဆေးဖျန်းမ​နေပါနဲ့.....ရောဂါမဟုတ်ပါ။)

၃။ ဇီဝကမ္မက​မောက်ကမဖြစ်ခြင်း

သက်မဲ့( Abiotic)ကြောင့်ဖြစ်တဲ့
လက္ခဏာပါ။⏪⏪
-​ အောက်ရွက်​တွေက စဝါ/​ခြောက်လာတယ်။
-​ ရေနဲ့ထိတဲ့​ ပင်စည်နေရာ​​တွေညိုပုပ်​နေတယ်။
- အမြစ်နုတ်ကြည့်ရင် အမြစ်သစ်မထွက်ဘူး။
-​ အမြစ်​တွေ ညိုမဲ​နေတယ်။
- ဟိုက်ဒြိုဂျင်ဆာလဖိုဒ်(H2S) အဆိပ်သင့်ခြင်း
(နေပူ/ ရေပူ/ တမန်းပူလောင်တယ်လို့လည်း ခေါ်ကြတယ်။)

#ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေက..........

> မြေချဥ်ငံကိန်း နိမ့်နေခြင်း
> တမန်းမပုပ်/မ​ဆွေးပဲ ကမန်းကတမ်းစိုက်ခြင်း၊
> ကောက်ချက်နက်ခြင်း၊​ ကောက်ပင်နာခြင်း၊
> ရေ​လှောင်များခြင်း/ ကြာခြင်း၊
> နေ့အပူချိန်မြင့်ခြင်း
စတဲ့အချက်​တွေ​ကြောင့်စပါးပင်အမြစ်​တွေ
အပူ​လောင်ပြီး အောက်စီဂျင်ပြတ်၊ အစာငတ်ကာအာဟာရ​ပေါင်းစုံ (ပိုတက်စီယံ၊ မဂ္ဂနီစီယံ၊​ ကယ်လစီယံ၊ ဖော့စဖိတ်)....ချို့တဲ့​တော့တာပါပဲ။

အဲသလိုဖြစ်​နေရင် ဘာလုပ်ရမလဲ????

▪ ရေထုတ်လို့ရရင် ​ရေထုတ်ပါ။
(စပါးအမြစ်​လေး​တွေ လေရှူနိုင်မှ အမြစ်သစ်ထွက်မှာပါ)
▪ ဂျစ်ပဆန်(ရီဗိုက်-၁ဧက/၁အိတ်)နဲ့
ပိုတက်ချ် (၁ဧက/အိတ်ဝက်) ​ရောပက်ပါ။
▪ ရေပါးပါးပြန်သွင်းပါ
▪ အရွက်​လေး​တွေ စိမ်းလာရင်
ကွန်​ပေါင်း​မြေသြဇာ (စမတ် သီးစုံ19-7-8
ဟူးမစ်)ကျွေးပါ။

ဦးသာပို

#ဖန်းလင့်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myint Zu_Transform_Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category