Ñâț. Ĥțî Zèřô

Ñâț.  Ĥțî  Zèřô အသက်ကိုတော့ ငွေနဲ့ဝယ်လို့မရဘူး�

နေ၀င်ညကို ကူးဖြတ်ပီးမှ ရောင်နီလာမဲ့နေ့‌ရက်တွေကိုရောက်တယ်ဆိုပေမဲ့ တဂယ်တမ်းနီးကပ်နေတာက ကိုယ့်ဘ၀ရဲ့ နေ၀င်ချိန်တွေပါဘဲ မာနတွ...
16/02/2026

နေ၀င်ညကို ကူးဖြတ်ပီးမှ ရောင်နီလာမဲ့
နေ့‌ရက်တွေကိုရောက်တယ်ဆိုပေမဲ့
တဂယ်တမ်းနီးကပ်နေတာက ကိုယ့်ဘ၀ရဲ့
နေ၀င်ချိန်တွေပါဘဲ
မာနတွေကို ခဝါချထားပါ
တနေ့သွားမယ့်လမ်းက
မရဏဆိုတဲ့သေခြင်းတရားပါဘဲ

ဖိုး #[Hintar Myay]

16/06/2024

လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ဘ၀မို့
မင်းကို🙆ချစ်ပေးနိုင်တာကလွဲရင်
ဘာမှ မပေးနိုင်တဲ့ အညတရသမားလေးပါ
..............................အချစ်ရာ😪

ဖိုး #(ဟင်္သာမြေ)

16/06/2024

💔💔

16/06/2024

အနေကြာအောင်ဆိုပီး
🌻ပန်းလေးကိုပျိုးခဲ့တာ
သူမ👰ကတော့ အမြင်စိမ်းတဲ့
ပင်စိမ်း🌱ကိုမှ ရွေးသွားခဲ့တယ်ဗျာ💔


ဖိုး #(ဟင်္သာမြေ)

03/05/2024

အလုပ်တခုတည်းမှာဘဲဇောက်ချလုပ်ကိုင်ရင်း အဝေးသင် ကျောင်းလေးကို အချိန်မှီပြေးတက်လိုက် အလုပ်ပြန်လုပ်လိုက်နက် အချိန်နှစ်နှစ်ကျော် ကြာခဲ့ပါတယ်ဒီလိုနက်အလုပ်တခုတည်းမှာဘဲအခြေကျရင် တခြားအလုပ်ဆိုတာဘာမှန်းသိလာမှာမဟုပ်ဘူးဆိုတဲ့ အတွေးနက် အလုပ်ထွက်ခဲ့ နောက်အလုပ်ပြောင်းဖို့ အဆောင်ရှာခဲ့ပါတယ် မှတ်မိပါသေးတယ် CVဖောင်တေအထပ်လိုက်ရေးပီး နွေနေပူပူအချိန်မှာတည်းက အလုပ်တေလျှောက်လာလိုက်တာ အလုပ်ရှင်တိုင်းရဲ့ ဖုန်းဆက်မယ်ဆိုပီး မျှော်လင့်ချက်စကားလုံးတေက ဘယ်ချိန်ဆက်မယ်မှန်းမသိ‌အမျှော်ကြီးမျှော်နေမိတော့တာပါဘဲ.
တရက်တရက်၀င်ငွေမရှိ အလုပ်တေလိုက်ရှာ နေကပူခြေတိုနေအောင်လျှောက်ရ လိုင်းကားခတောင် မကျန်တဲ့ထိပါဘဲ သုံးလလောက်ကြာခဲ့ပါတယ် အဲ့အချိန်မှာကံကောင်းထောက်မလို့ ကျနော့်အတွက် မျှော်လင့်ချက်တခုရပါလေရော ဆောက်လုပ်ရေးထဲမှာ လူအကြမ်းလိုလို့ ခေါ်တော့ တရက်ရှစ်ထောင်နက် လိုက်သွားပါလေရော အဲ့အချိန်မှာ စိတ်ထဲမှာပေါ်လာတဲ့ခံစားချက်က ငါ ပညာတေလည်းသင်ထားဖူးပီး ဘာ့ကြောင့် ဒီအလုပ်ကြမ်းကို လုပ်နေရတာလဲ ဆိုတာပါဘဲ ကျနော်လည်းတရက်တရက်လုပ်ရင်း တပတ်လောက်ကြာတော့ မလုပ်ချင်တော့ပါဘူး အလုပ်နားလိုက်ပါတယ်အလုပ်ကတော့ မရှိတော့ပြန်ပုပေါ့ ဒါမဲ့ပင်ပန်းလို့ရ‌တဲ့ငွေမို့လားမသိပါဘူးစားတောင်မစားရက်ဘူး သိမ်းထားလိုက်ရတာ နွေရာသီတည်းကအလုပ်လျှောက်တာ မိုးတွင်းမှအလုပ်ရ အဆင်ပြေတာပေါ့ မိဘတေမေးရင် သားအဆင်ပြေလား ဘာညာပေါ့ အဆင်ပြေတယ်အမေနက်ဖေ သားနေရိပ်ထဲမှာ လုပ်ရတယ်ပေါ့ တဂယ်က ကိုယ်က အထပ်မြင့်အဆောက်အဦတေပါ်မှာ ဝါးငြမ်းဆင်ပီး အုတ်သယ်ပေးနေရတာ အလုပ်မရှိလို့အလုပ်ရှာ အတွေ့ကြုံရှိလားတဲ့ မြန်မာပြည်ရယ်
ရန်ကုန်ကိုတော့စိတ်အတော်နာခဲ့တာပေါ့ဗျာ အဲ့တော့အိမ်ပြန်တယ် ကျ‌တော်အဲ့အချိန်ထိ လမ်းပျောက်နေတုံးပါဘဲ ဘယ်လမ်းကြောင်းပေါ်တက်ရမယ်မှန်းမသိတဲ့ကျနော့်အတွက်ကတော့ မိဘအိမ်ကတော့ နားခိုရာပေါ့
အိမ်မာ တနှစ်လောက်နေတော့ရန်ကုန်မှာ အလုပ်လုပ်ချင်စိတ်တေ ဖစ်တာပေါ့ဗျာ ရန်ကုန်ပြန်ဖို့အတွက် အမေ့ဆီ ကနေ ငွေတသိန်းတောင်းခဲ့ပါတယ် အမေက ငါ့သားလေးအလုပ်အကိုင်တေအဆင်ပြေအောင် ဘုရားရှိခိုးပီးမှ သွားတဲ့ မေတ္တာကြီးမားလိုက်တာအမေရယ် ....
စာရေးရင်းကျတဲ့မျက်ရည်😭
ဆက်ရန် ..................…............ဖိုး #(ဟင်္သာမြေ)

06/07/2023

"ကျွန်တော်နှင့် ရန်ကုန်"

ဘဝဆိုတာ လွယ်မလိုလိုနက်တယ်ခက်တယ်ဗျ.ကျွန်တော်လည်း လူငယ်တယောက်ဆိုတော့က ဘဝဟာဘလောက်ထဲနက်နဲတယ်ဆိုတာကျယ်ကျယ်ပြန့်ပြန့်တော့မသိပါဘူး. ကျွန်တော် ဆယ်တန်းကျောင်းသားဘဝတုံးကပေါ့ဗျာ. အဲ့အချိန်တုံးက လူကလဲငယ်သေးတော့ အတတ်ပညာတခုကိုဘဲကြိုးစားရှာရမယ်ဆိုတဲ့အတွေးနက် စာကိုသာအာရုံစိုက်ခဲ့ပါတယ်. မိဘတေကတော့ ကျေးလက်တောရွာကလေးကပေါ့ဗျာ. သူတိို့လဲသူတို့ရဲ့ သားသမီးကို သူတို့လိုပင်ပန်းဆင်းရဲမှာစိုးလို့ ပညာတတ်စေချင်တဲ့အတွက်ကြောင့်ရှိစုမဲ့စုစုပြီး ကျွန်တော်ကျောင်းနေခဲ့ရပါတယ်ပေါ့ဗျာ. ဆရာမတေက ဆယ်တန်းအောင်ရင် နင်တို့ဘဝတဆစ်ချိုးပီဆိုတော့ ကျောင်းသား/သူတိုင်းကလဲ ပညာရေးကို အာစုံစိုက်ကြပါတယ်. ဆယ်တန်းအောင်ရင် တက္ကသိုလ်အကြီးကြီးမှာ ဘယ်လိုဘယ်ပုံဆိုတာဆရာမတေက ကျောင်းသားတေကို စာကြိုးစားစေချင်အောင် စွဲဆောင်ပါတယ်.ဒီလိုနက်ဆယ်တန်းစာမေးပွဲကြီး ဖြေဆိုမဲ့ရက်ကို ရောက်ခဲ့ပါတယ်.စာမေးပွဲနောက်ဆုံးနေ့ပြီးဆုံးတဲ့အခါ သူငယ်ချင်းတေကို နှုတ်ဆက်ခွဲခွာရတော့မှာပါ. ထိုနေ့ကစပြီးကျွန်တော်တို့သူငယ်ချင်းအပေါင်းသင်းတေ ဘယ်အချိန်ဘယ်နေ့ရက်ပြန်တွေ့မည်မှာ မသေချာတော့ပါ. ဒီလိုနက် အိမ်ပြန်ရောက်ခဲ့ပါတယ် အိမ်မှာရှိတဲ့မိဘတွေရဲ့ လယ်ယာအလုပ်တွေကို ဝိုင်းကူပြီး တဖက်တလမ်းကနေ တတ်နိုင်တဲ့အားလေးနက် လုပ်ကိုင်ခဲ့ရရှာပါတယ်. ဒီလိုနက်ကြာလာတော့ ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်တော့မဲ့ရက်နီးကပ်လာတာပေါ့ဗျာ.အစတုံးကတော့ အောင်စရင်းကို ခေါင်းထဲမထည့်ခဲ့ပါဘူး.နောက်ပိုင်းရက်တွေတဖြည်းဖြည်းနီးကပ်လာလေကိုယ့်ကိုယ့်ကို သံသယစိတ်ရိုင်းတွေဝင်လာတော့တာပါဘဲ. ငါအောင်ပါ့မလား.စာမေးပွဲ​အောင်စရင်းမှာ ငါ့နာမည် မပါလာရင်ငါ့မိဘတေမျက်နှာကို ပြေးမြင်ယောင်ရင်း နေ့ဘက်တွေမှာရော ညဘက်တွေရော အိပ်မပျော်ခဲ့ပါဘူး. စာမေးပွဲကျခဲ့ရင် နှောက်တနှစ် ပြန်တက်ရမာရယ် မိဘတေက ထပ်ပြီးထားပေးနိုင်ပ့မလားဆိုတာရယ်. ကို့ကို ပတ်ဝန်းကျင်က နှစ်ကျလို့ပြောမှာရယ် ကိုယ်က ခံနိုင်ပ့မလားဆိုတာထက် မိဘတွေကမရှိတဲ့ကြားက ထားပေးရတာကို ပိုပြီးသနားမိပါတယ်. ဒိလိုနက် စာမေးပွဲ အောင်စာရင်းထွက်တဲ့ ရက်ရောက်ခဲ့ပီပေါ့ဗျာ ကံတရားကရောမြတ်ဘုရားကရော မျက်နှာသာပေးတယ်ထင်ပါတယ် ကျွန်တော့နာမည်လေးပါလာခဲ့တယ် အာလုံးပျော်ကြတယ်ပေါ့ ကျနော်မပျော်တော့ပါဘူး. ပက်ဆံရှာရမယ်ဆိုတဲ့ အတွေးကဝင်လာပြီပေါ့ဗျာ. ဘဝတဆစ်ချိုးတော့ပြောင်းသွားပါပြီ. ဆရာမတေပြောတဲ့ တက္ကသိုလ်ဆိုတာရီးကို ကျနော်ရောက်တော့မယ်ပေါ့ဗျာ. ဒီလိုနက် ကျွန်တော် မိဘတေနက်တိုင်ပင်ပြီး အသိမိတ်ဆွေတွေလုပ်တဲ့ အလုပ်ကြမ်းဆိုတဲ့အလုပ်ကို ရန်ကုန်မှာ သွားပြီးလုပ်ကိုင်ခဲ့ရပါတယ် . ဆယ်တန်းလေးအောင်ထားပြီးသားဆိုတော့ အတင်ပြေမှာဘဲပေါ့ အတွေးနက် 2016ခုနှစ်မှာ ရန်ကုန်ရောက်ခဲ့ပါတယ်. လူကလဲ အတွေ့အကြုံကနုသေး. လုပ်ရတဲ့အလုပ်က နေပူမရှောင်မိုးရွာမရှောင် စားရတဲ့ထမင်းက မာလွန်းလို့ ရေနက်မျှောချရတယ် ဒီလိုနက် ချာလပတ်ရမ်းရင်း ကျင့်သားရလာတော့ ပင်ပန်းပေမဲ့လည်း မငြီးငြူနိုင်ပါဘူး. လကုန်တော့လစာရတာပေါ့ဗျာ 77500ကျပ်တောင်နော်.70000ကိုတော့ မိဘတေဆီလွဲ ပြီး ပိုတဲ့ 7500ကိုတော့ အသုံးစရိတ်ထားလိုက်ပါတယ် ဒိလိုနက်တဖြည်းဖြည်းကြာလာတော့ နေရာတနေရာရလာခဲ့ပါတယ် ပင်ပန်းတာကတော့ ပင်ပန်းနေသေးတယ်ပေါ့ဗျာ.

အပိုင်း ၂ (ဆက်ရန်)

09/05/2023

ခုတလော ဘာတေဖြစ်နေမှန််းမသိဘူး 😣
Air Con ခန်းထဲမှာဘဲ 24Hour နေချင်တော့တယ် 😜
ခက်တာက ကို့ အိမ်က မီးမရဘူး😂

Address

Oakkalar Township
Yangon
032441

Website

Alerts

Be the first to know and let us send you an email when Ñâț. Ĥțî Zèřô posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category