Ah Ko Saw

Ah Ko Saw Video တင်ပေးသည်

15/02/2025

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ၉ ရုံကို စစ်ကောင်စီဖိအား​ပေး ပိတ်သိမ်းခိုင်းဟုသတင်းထွက်​ပေါ်

ရဲခေါင်/People’s Spring

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

စစ်ကောင်စီအရေးယူခဲ့သည့် ဆေးရုံကိုးခုတွင်
ဂရန်းဟံသာ၊ဆာကူရာ၊OSC၊ ကောင်း၊သမိုင်း၊ချမ်းမြေ့၊ မြတ်တော်ဝင် ၊ချမ်းသာသုခ နှင့် ကောင်းစုအောင်ဆေးရုံတို့ပါရှိသည်ဟု ဆိုသည်။

ထိုအပြင် ချမ်းမြေ့၊မြတ်တော်ဝင် နှင့် ကျန်းမာသုခ ဆေးရုံတို့ကို အပြီးတိုင်ပိတ်သိမ်းပြီး ကျန်ရှိသော ဆေးရုံများမှာ (၃)လမှ (၂)နှစ်အထိ ယာယီပိတ်သိမ်းရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖေဖော်ဝါရီ ၁၄ ရက်ကစ၍ လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။

"ညွှန်ကြားစာ ရောက်လာတယ်ပဲ သိရတယ်။ဘယ်နေ့ကစ ပိတ်မလဲဆိုတာတေ့ မသိသေးဘူး"ဟု အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ကောင်းဆေးရုံနှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ယာယီဆေးရုံပိတ်သိမ်းခံရမည့် စာရင်းပါရှိသော ဂရန်းဟံသာနှင့် ဆာကူလာဆေးရုံကို လူထုနွေဦးက ဆက်သွယ်မေးမြန်းရာတွင် ၂၄ နာရီဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အကြောင်းပြန်သည်။

လူထုအခြေပြုနေရသည့် ပုဂ္ဂလိက ဆေးရုံများအား CDM ထောက်ပံ့ကူညီမှုစွပ်စွဲချက်များဖြင့် စစ်ကောင်စီသည် မကြာခဏ အရေးယူနေပြီး ၂၀၂၄ နှင့် ၂၀၂၃တို့တွင် ပင်လုံနှင့် အောင်ရတနာဆေးရုံတို့ကို လပိုင်းကြာ ပိတ်သိမ်းမှုပြုလုပ်ခဲ့သည်။

ယခု ဖေဖော်ဝါရီပထမပတ်အတွင်း မန္တလေးမြို့ရှိ ပန်းလှိုင်ဆေးရုံအပါအဝင် မြတ်ချယ်ရီ၊မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက် ၊ လန်ဒန်၊ ဇီဝကနှင့် ငြိမ်းချမ်းဆေးရုံ​များကို CDMများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ကျန်းမာရေးဝန်ထမ်း ၁၃၀ ကျော်သေဆုံးသတ်ဖြတ်ခံခဲ့ရပြီး ဆေးရုံဆေးခန်း ၃၄၀ကျော်မှာလည်း ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ၄ ရက်က ပြောထားသည်။

ထို့အပြင် နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း တစ်သိန်းအနက် CDMပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅၀,၀၀၀ ဝန်းကျင် ရှိကြောင်းလည်း သိရသည်။

(ရန်ကုန်မြို့ရှိ OSCဆေးရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - OSC)

အိမ်ကိုပဲ ပြန်ချင်နေပီ😟 ‎
09/10/2024

အိမ်ကိုပဲ ပြန်ချင်နေပီ😟

13/07/2024

ရခိုင်မှာ စစ်ရှုံးနေတာကို ဖြေရှင်းတဲ့
စစ်ကောင်စီရဲ့ ဗျူဟာကြီးက လန်ထွက်နေတာပဲ။
ရန်ကာဘုရားဆိုပြီး ဘုရားနှစ်ဆူ ပြေးတည်လိုက်တယ်။

ဘုရားကိုပါ ရှေ့တန်းပို့ပစ်တာ ငါ့ကောင်တို့ရေ

ဒီဘဲတွေ သွားရှုပ်လို့တော့ မရဘူး။
သူတို့ဖာသာ ရှုပ်နေတာ။


#ပန်ဆယ်လို

12/07/2024

⁨စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ဖော်ထုတ်သူတွေ၊ မျက်မြင်သက်သေတွေကို ကာကွယ်ပေးဖို့ ICCကို Fortify Rights တောင်းဆို

▪︎မန္တလေးစစ်​ကြော​ရေးက ညှင်းပန်းမှု သက်​သေရုပ်သံဗီဒီယို​တွေ ရရှိထားတယ်လို့ Fortify Rights ​ထုတ်ပြန်

-People's Spring

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ ကူညီပေးပို့တဲ့ မျက်မြင်သက်သေတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် နိုင်ငံတွေကို လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rightsက တိုက်တွန်းလိုက်ပါတယ်။

Fortify Rightsဟာ မန္တလေး တိုင်းဒေသကြီးက စစ်ကြောရေး စခန်းတစ်ခုမှာ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေဟာ အကျဉ်းသားတွေကို အမျိုးမျိုး ညှင်းပန်းနှိပ်စက်နေတဲ့သက်​သေ ဗီဒီယို ဖြတ်ပိုင်း ၁၀ ခုကို လက်ခံ ရရှိခဲ့ပြီး အဲဒီ ဗီဒီယိုတွေ ပေးပို့ခဲ့တဲ့ မျက်မြင်သက်သေလို ပုဂ္ဂိုလ်မျိုးတွေကို အကာအကွယ်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုတွေထဲမှာတော့ သေတဲ့အထိ ရိုက်နှက်တာ၊ ဓာတ်လိုက်အောင် ရှော့ရိုက်တာမျိုး ဆိုးရွားရက်စက်လှတဲ့ ညှင်းပန်း နှိပ်စက်မှုတွေကို မြင်ရပြီး ဗီဒီယို တစ်ခုထဲမှာဆိုရင် အဝတ်ဗလာကျင်း အမျိုးသား တစ်ဦးကို စစ်သားတွေက တင်းတင်းကျပ်ကျပ် ကြိုးချည် တုပ်နှောင်နေတာကို တွေ့ရပါတယ်။ တခြားဗီဒီယိုမှာ အကျဉ်းသား နှစ်ယောက်ဟာ သေတဲ့ထိ ရိုက်နှက်ခံနေခဲ့ရပါတယ်။ ရိုက်ကူးသူ ဘယ်သူဘယ်ဝါဆိုတာ ပေါ်ပေါက်မသွားအောင် ကာကွယ်ဖို့အတွက် ဗီဒီယိုတွေကို မထုတ်ပြန်သေးပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေအဖြစ် မှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။

ဗီဒီယိုတွေ ရရှိထားခဲ့သူဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ စုဆောင်းရေးနဲ့ မျက်မြင်သက်သေတွေကို ကာကွယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ဆီ ဆက်သွယ်ပြီး အထောက်အထားတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုဗီဒီယိုတွေကို ၂၀၂၁ နှောင်းပိုင်းတုန်းက အသက် ၃၅ နှစ်အရွယ် လေတပ်သား တစ်ဦးက ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီကို စွန့်ခွာပြီး အဲဒီ အထောက်အထားတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။

Fortify Rightsဟာ အဲဒီ ထွက်ပြေးလာတဲ့ မျက်မြင်သက်သေကိုရော၊ စစ်ဆေးမှုတွေ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရတဲ့ အရပ်သား တစ်ဦးကိုပါ ဆက်သွယ် မေးမြန်းခဲ့သလို ဗီဒီယိုတွေရဲ့ မှန်ကန်မှုကိုလည်း ဆန်းစစ်ခဲ့ကြောင်း၊ ဗီဒီယိုထဲမှာ ပါဝင်တဲ့ အသံနဲ့ တခြား အချက်အလက်တွေက ဖြစ်စဉ်တွေရဲ့ တည်နေရာနဲ့ ပါဝင်ပတ်သက်သူ ရာထူးအဆင့် အမျိုးမျိုး စစ်မှုထမ်း ၅ ဦးရဲ့ နာမည်တွေကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ဗီဒီယိုတွေထဲက ပုံရိပ်တွေအရ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှု၊ ရှော့ရိုက်မှု၊ လိင်အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အမျိုးသမီး ၂ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ၄၈ ဦးလောက် ရှိနေတာတွေကို ဆန်းစစ် အတည်ပြုနိုင်ခဲ့တယ်လို့လည်း Fortify Rightsက ဖော်ပြသွားခဲ့ပါတယ်။

လောလောဆယ်မှာ စစ်ကောင်စီ လက်လှမ်းမီလောက်မယ့် တစ်နေရာမှာ တိမ်းရှောင်နေတဲ့ ပြည်သူ့ရင်ခွင် ခိုလှုံသူ လေတပ်သားဟောင်းဟာ အဲဒီ စစ်ကြောရေးဌာန အကြီးအကဲဟာ အရမ်းကြမ်းကြုတ် ရက်စက်တဲ့ စိတ်နေသဘောထားမျိုး ရှိပြီး အကျဉ်းသားတွေအပေါ် အမြဲတမ်း အကြမ်းဖက်ဖို့ ခြိမ်းခြောက် ကြိမ်းမောင်းနေတတ်တယ်လို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက အရပ်သား ပြည်သူတွေအပေါ် စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ဖိစီးနှိပ်စက်မှု၊ အကြမ်းဖက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်တို့က အသီးသီး ရှုတ်ချခဲ့ကြဖူးပါတယ်။ နိုင်ငံတကာ ထောက်ပြ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ICCက အာဏာသိမ်းမှု နောက်ဆက်တွဲ စစ်တပ်ရဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေအပေါ် ကိုင်တွယ် စုံစမ်းဖို့ ပျက်ကွက်နေတာကိုလည်း Fortify Rightsက ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

ဒါ့အပြင် ICC အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း ရောမ သဘောတူညီမှုပါ အချက်အလက်တွေအရ စစ်ရာဇဝတ်မှုဆိုင်ရာ အရေးကြီး မျက်မြင်သက်သေတွေ၊ အရေးပါတဲ့ မှတ်တမ်းမှတ်ရာတွေကို စွန့်စွန့်စားစား ယူဆောင်ရင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းဟောင်းတွေကို အလေးထား အကာအကွယ်ပေးကြဖို့လည်း Fortify Rightsက ထပ်လောင်း တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား: Fortify Rights⁩

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/becomesupporter/LuduNwayOo/
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

#လူထုနွေဦး *sSpring

ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေကိုကို🌻❤သားကိုလဲ အများကြီးချစ်ပေးပါ ‎
12/07/2024

ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေ
ကိုကို🌻❤
သားကိုလဲ အများကြီးချစ်ပေးပါ ‎

ချမ်းမြတ်ကုဋေသို့ (၂)မမရေ....🌻စီးကရက်ကို ဖျက်မယ်အရက်ကို ​ရှောင်မယ်ကွမ်းလည်း မစားဖူးအလောင်းကစားဆို ခပ်ဝေးဝေးပေါ့...ဒါပေမဲ...
09/07/2024

ချမ်းမြတ်ကုဋေသို့ (၂)

မမရေ....🌻
စီးကရက်ကို ဖျက်မယ်
အရက်ကို ​ရှောင်မယ်
ကွမ်းလည်း မစားဖူး
အလောင်းကစားဆို ခပ်ဝေးဝေးပေါ့...

ဒါပေမဲ့ မမတော့အနားမှာနေပေးရမယ်။
🌻✌ ‎

09/07/2024
09/07/2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ah Ko Saw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category