Golden Pulp

Golden Pulp It’s not just a fruit — it’s an experience. Creamy. Rich. Unforgettable.

04/03/2026

ဒူးရင်းသီးကို အပူချိန်ဘယ်လောက်မှာထားစားရင်အရသာပိုကောင်းတယ် ထင်လဲ?🤔

03/03/2026

ဒူးရင်းသီးစားပြီး ဘာအကျိုးကျေးဇူးတွေရနိုင်သလဲ? ☺️☺️

ဒူးရင်းသီးဘယ်နှမျိုးရှိလဲသိကြလားနော်🤔🤔ဒူးရင်းသီးဟာမျိုးစိတ်၃၀ကျော်ရှိပေမယ့်  စျေးကွက်မှာအဓိကတွေ့ရပြီး အစားများကြတာကတော့ ...
02/03/2026

ဒူးရင်းသီးဘယ်နှမျိုးရှိလဲသိကြလားနော်🤔🤔

ဒူးရင်းသီးဟာမျိုးစိတ်၃၀ကျော်ရှိပေမယ့် စျေးကွက်မှာအဓိကတွေ့ရပြီး အစားများကြတာကတော့ Durio zibethinus ဆိုတဲ့မျိုးစိတ်ထဲကဖြစ်ပါတယ်

ရုတ်တရက် Durio zibethinus လို့ပြောလိုက်လို့ ဘာမှန်းမသိဘူးဖြစ်သွားတယ်မလား
ဒါပေမယ့် အခုကိုယ်တွေစားနေကြတဲ့ Chanee(ချန်နီသီး), Monthong(မွန်ထောင်းသီး) စတဲ့အသီးတွေကဒီမျိုးစိတ်ထဲကပဲဖြစ်တယ်
ကဲ ဒါဆို ချန်နီ နဲ့ မွန်ထောင်း ဘယ်လိုကွာခြားလဲပြောပြပေးမယ်နော်😉

🍈မွန်ထောင်းသီးက အလုံးကြီးပြီး အသားပိုများ အစေ့သေးတယ် အနံ့အရမ်းမပြင်းဘူး
🍈ချန်နီသီးကကျ အနံ့ပိုပြင်းပြီး အသားအရောင်ပိုရင့် ပိုချိုတယ်

🤤အနံ့အရမ်းပြင်းတာမကြိုက်ပဲ အသားများများစားချင်သူတွေနဲ့ ခုမှဒူးရင်းသီးကိုစtryမယ့်beginners တွေအတွက်ကတော့ မွန်ထောင်း 😉
🤤ပိုချိုပြီး အရသာပြင်းပြင်း strong taste ကိုမှလိုချင်တဲ့သူတွေအတွက်ကတော့ ချန်နီ😉

နှစ်ခုလုံးကတော့ လူကြိုက်များဆုံးအသီးတွေပဲနော်
သင်ဆိုရင်ရော ဘယ်အမျိုးအစားကိုအကြိုက်ဆုံးလဲ???? မန့်ခဲ့ပေးဦးနော်🥰🥰

It’s not just a fruit — it’s an experience.
Creamy. Rich. Unforgettable.

ကော်ဖီနဲ့ ဒူးရင်းသီး🤔🤔🤔ဒူးရင်းသီးစားပြီး ကော်ဖီသောက်မလား? ☕️တချို့လူတွေက မစားရဲဘူး…တချို့လူတွေက အမြဲတွဲစားတယ်…Team 🍈 + ☕...
01/03/2026

ကော်ဖီနဲ့ ဒူးရင်းသီး🤔🤔🤔

ဒူးရင်းသီးစားပြီး ကော်ဖီသောက်မလား? ☕️
တချို့လူတွေက မစားရဲဘူး…
တချို့လူတွေက အမြဲတွဲစားတယ်…

Team 🍈 + ☕ vs Team မစားရဲ ❌

သင်ရောဘယ် Team ကလဲ ??? ကောမန့်မှာမန့်ခဲ့ပေးဦးနော်

ဒူးရင်းသီးစားချင်ပေမယ့် မရွေးတတ်တာကြောင့် အရသာမမှီတဲ့အသီးတွေ မမှည့်တဲ့အသီးတွေနဲ့ပဲကြုံနေရပြီလား ဒါဆိုရင်တော့ ဒူးရင်းသီးဘ...
01/03/2026

ဒူးရင်းသီးစားချင်ပေမယ့် မရွေးတတ်တာကြောင့် အရသာ
မမှီတဲ့အသီးတွေ မမှည့်တဲ့အသီးတွေနဲ့ပဲကြုံနေရပြီလား

ဒါဆိုရင်တော့ ဒူးရင်းသီးဘယ်လိုရွေးရလဲကိုဖတ်ကြည့်လိုက်ကြရအောင်နော်

ဒူးရင်းသီးကတော့ အသီးတွေထဲမှာ အရသာထူးခြားမှုနဲ့ အာဟာရတန်ဖိုးမြင့်မားတာကြောင့် King of fruits ဆိုပြီးတော့တောင်တင်စားခေါ်ဝေါ်ကြတဲ့အသီးဖြစ်ပါတယ် အဲ့ဒီ့လိုအသီးကိုရွေးတတ်ဖို့ဆိုရင်တော့ ပထမဆုံးအလွယ်နည်းကတော့ ဒူးရင်းသီးကို အညှာနားကနေ အနံ့ရှူကြည့်ပါ ဒူးရင်းသီးအနံ့ထွက်နေပြီဆိုရင်တော့ မှည့်နေပြီလို့ပြောလို့ရပါတယ် အနံ့ခပ်ပြင်းပြင်းပိုထွက်လေ ပိုမှည့်လေပါ
ဒုတိယတစ်ခုကတော့ ဒူးရင်းသီးကို လှုပ်ကြည့်ပါ အသံကလှိုဏ်ခေါင်းသံဖြစ်နေရပါမယ်နော် ဒါဆိုရင်တော့မှည့်နေပါပြီ ဒီနည်းလမ်းကတော့ သိပ်မကျွမ်းကျင်သေးခင်မှာတော့ ခက်နိုင်ပါတယ်

နောက်တစ်ခုကတော့ အခွံအရောင်ကိုကြည့်ပြီးတော့လည်းသိနိုင်ပါတယ် အရောင်ဝါနေပြီဆိုရင်တော့ အကြမ်းဖျင်းအားဖြင့်မှည့်နေပါပြီ

ဒူးရင်းသီးဟာအလုံးအရွယ်ညီလေ အလုံးချောလေ အမွှာပိုများလေပါပဲနော်

ဒီလောက်ဆိုရင်တော့ ဒူးရင်းသီးဘယ်လိုရွေးချယ်ရမလဲ လွယ်ကူလောက်ပြီထင်တယ်နော်

It’s not just a fruit — it’s an experience.
Creamy. Rich. Unforgettable.

Address

No. (26) Yuzana Street , Yay Kyaw
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Alerts

Be the first to know and let us send you an email when Golden Pulp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share