Aussie Burmese Mum

Call

Aussie Burmese Mum 🇲🇲 Burmese mum | 🇦🇺 Sydney life
🍳 Cooking & quick family meals
👶 Kids, chaos & outings
💡 Tips, hacks & weekend adventures

🇦🇺 ဩစတြေးလျက Rental Bond အကြောင်း🍀Rental Bond (အိမ်ငှားစပေါ်ငွေ) ဆိုတာဘာလဲ.ပမာဏ ဘယ်လောက်ပေးရသလဲအိမ်စငှားချိန်မှာ ပေးရတဲ့...
20/10/2026

🇦🇺 ဩစတြေးလျက Rental Bond အကြောင်း

🍀Rental Bond (အိမ်ငှားစပေါ်ငွေ) ဆိုတာဘာလဲ.ပမာဏ ဘယ်လောက်ပေးရသလဲ
အိမ်စငှားချိန်မှာ ပေးရတဲ့ အာမခံစပေါ်ငွေဖြစ်ပြီး အိမ်လခ မပေးဘဲ ကျန်ခဲ့တာ ဒါမှမဟုတ် ပုံမှန်ဟောင်းနွမ်းမှုထက် ပိုတဲ့ ပျက်စီးမှုတွေရှိခဲ့ရင် ခုနှိမ်ဖို့အတွက် ဖြစ်ပါတယ်
(စင်ကာပူမှာဆို deposits ပေါ့)

🍀သတ်မှတ်ပမာဏ- NSW အပါအဝင် ပြည်နယ်အများစုမှာ (၄) ပတ်စာ အိမ်လခ

🍀ငွေကို ဘယ်သူထိန်းထားလဲ
ဒီစပေါ်ငွေကို အိမ်ရှင် (Landlord) သို့မဟုတ် Agent က သူတို့အိတ်ကပ်ထဲ ထည့်ထားလို့ မရပါ. သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့အစည်း (ဥပမာ- NSW မှာဆိုရင် NSW Fair Trading / Rental Bonds Online - RBO) ထံ တရားဝင် ထည့်သွင်းပေးရပါတယ်

🍀NSW ရဲ့နောက်ဆုံးရ စနစ်သစ်
"Smart Rental Bonds" (Portable Bonds)
NSW မှာ အိမ်တစ်လုံးမှ အခြားတစ်လုံးသို့ ပြောင်းရွှေ့တဲ့အခါ အိမ်ဟောင်းက Bond ငွေပြန်မရသေးခင် အိမ်သစ်အတွက် စပေါ်ငွေအပြည့် အသစ်ထပ်စိုက်ထုတ်ရတဲ့ ဝန်ထုပ်ဝန်ပိုး မရှိတော့ပါဘူးတဲ့

🤍စနစ်သစ် ဘယ်လိုအလုပ်လုပ်လဲ
အိမ်ဟောင်းမှာ တင်ထားတဲ့ Bond ငွေကို Rental Bonds Online (RBO) စနစ်ကနေတစ်ဆင့် အိမ်သစ်သို့ တိုက်ရိုက် လွှဲပြောင်း (Transfer) လို့ရပါတယ်တဲ့
🤍အိမ်သစ်ရဲ့ Bond ကြေးက ပိုများရင် ပိုတဲ့ ပမာဏနဲ့ ဝန်ဆောင်ခ ($25) သာ ထပ်ပေးရပါတယ်
အိမ်သစ်ရဲ့ Bond ကြေးက ပိုနည်းရင် ကျန်တဲ့ငွေကို အိမ်ဟောင်း စာချုပ်သိမ်းတာနဲ့ မိမိထံ ပြန်လည်အမ်းပေးပါတယ်တဲ့
(Service fees $25 each transfer)

🤍ဘယ်သူတွေ လျှောက်ထားနိုင်လဲ
အသက် ၁၈ နှစ်ပြည့်ပြီးသူ. NSW အတွင်း အိမ်ငှါးပြောင်းရွှေ့သူ. RBO မှာ နာမည်တူ စာရင်းသွင်းထားသူများ ဖြစ်ရပါမယ်

🍀အိမ်ငှားသူတိုင်း သတိပြုရမည့် အချက်များ
စပေါ်ငွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးခြင်း
-မိမိရဲ့ Bond ငွေကို အစိုးရရဲ့ တရားဝင် RBO ပေါ်မှာ စာရင်းသွင်းတင်ပြထားခြင်း ရှိမရှိ သေချာစစ်ဆေးပါ
Condition Report (အိမ်အခြေအနေ မှတ်တမ်းဖြည့်ခြင်း)
- အိမ်စဝင်တဲ့နေ့မှာ အိမ်ရဲ့ အခြေအနေကို Condition Report မှာ သေချာစစ်ဆေး ဖြည့်သွင်းပါ.ရှိနှင့်ပြီးသား အနာအဆာ.အစကွဲရာ. အမည်းစက်. အကွက်ရာတွေကို ဓာတ်ပုံနဲ့ ဗီဒီယို သေသေချာချာ ရိုက်သိမ်းထားပါ . Agent ကိုပြောပါ. Checklist မှာသေချာရေးပါ
📸သိပ်အရေးကြီးတာနော်

🍀Bond ငွေ ပြန်လည်တောင်းခံခြင်း
အိမ်စာချုပ်ကုန်လို့ အိမ်သော့ပြန်အပ်တာနဲ့ RBO Website မှာ Bond ငွေကို မိမိဘာသာ ပြန်တောင်းခံဖို့ လျှောက်ထားနိုင်ပါတယ်

🍀Fair Wear & Tear (ပုံမှန်ဟောင်းနွမ်းမှု)
အိမ်မှာ နေထိုင်ရင်း သဘာဝအတိုင်း ဟောင်းနွမ်းသွားတာတွေ (ဥပမာ- နံရံဆေးသား အနည်းငယ် အရောင်ကျတာ. ကြမ်းပြင် သေးသေးမွှားမွှား ပွန်းတာမျိုး) အတွက် အိမ်ရှင် သို့မဟုတ်
Agent က Bond ငွေထဲက ဖြတ်တောက်ခွင့် မရှိပါ

🍀အိမ်ပြန်အပ်ရင် အိမ်ရဲ့မူလအနေအထားအတိုင်း သန့်ရှင်းရေး ကိုယ်တိုင်လုပ်/agent ချိတ်ပေးတဲ့ cleaning service နဲ့ သန့်ရှင်းရေးလုပ် သော့အပ်ရတယ်. Cleaning service က စျေးသိပ်ကြီးပါတယ် .

ဒါက ကိုယ်တိုင်အတွေ့အကြုံနဲ့ ဖတ်ထားတာကို ဗဟုသုတအနေနဲ့ မျှဝေထားတာပါ. တစ်ခြားသော အိမ်ငှါးတဲ့ အတွေ့အကြုံတွေ sharing လုပ်သွားကြနော်. အဆင်ပြေကြပါစေ

💁‍♀️ ဒါက ကိုယ်လက်ရှိသုံးနေတဲ့ ဆံပင်အဆီလေး. သိပ်ကောင်းတာ🍀ကိုယ်တိုင်သုံးပြီး ကြိုက်လို့ မျှဝေပေးလိုက်တဲ့ Hair Oil လေး! 🍀သူ...
19/10/2026

💁‍♀️ ဒါက ကိုယ်လက်ရှိသုံးနေတဲ့ ဆံပင်အဆီလေး. သိပ်ကောင်းတာ

🍀ကိုယ်တိုင်သုံးပြီး ကြိုက်လို့ မျှဝေပေးလိုက်တဲ့ Hair Oil လေး!

🍀သူက ၂ မျိုးလာပါတယ်. နောက်တစ်မျိုးက daily oil တဲ့. ဒီ 6 Miracles Oil Essence ကတော့ standard type ထက် စျေးနည်းနည်း ပိုပေးရပေမယ့် Half price ချချိန်ဆို 11$ ကျပ် လောက်ဘဲ ရှိလို့ အရမ်းတန်ပါတယ်.

🍀ဒါကတော့ Schwarzkopf Extra Care 6 Miracles Oil Essence ဖြစ်ပြီး ဆံပင်ကို ရေဆေးကြောစရာမလိုဘဲ leave in hair oil လေးပါ

🍀ဆံသားအတွက် သဘာဝအဆီများနှင့် ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်
Macadamia Oil -ဆံသားကို အစိုဓာတ်ဖြည့်
Vitamin E- ဆံသားကို ကာကွယ်ပေးပြီး ဦးရေပြားကျန်းမာရေးကို အထောက်အကူပြု

🍀သူက ဆံသားပျက်စီးမှုကို ပြုပြင်ပေးတယ်. ဆံပင်ကျွတ်တာနဲ့ ပြတ်တာတွေကို သက်သာစေပါတယ်
ဆံပင်အဖျားတွေကို ငြိတာသက်သာတယ်.
Blow drying နဲ့ အပူပေးစက်တွေ သုံးတဲ့အခါ ကာကွယ်ပေး
ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံသားတွေကို ပျော့ပျောင်းစေပြီး ဖီးရလွယ်

🍀ခေါင်းလျှော်ပြီး ဆံပင်စိုစွတ်နေချိန်/တဝက်ခြောက်ချိန်မှာ ပမာဏအနည်းငယ်ကို လက်ဖဝါးပေါ်ညှစ်ပြီး ဆံပင်အလယ်ကနေ အဖျားပိုင်းအထိ လိမ်းပေးရုံပါပဲ

🍀သုံးဖူးတဲ့သူတွေ ကြိုက်ကြလား?
တစ်ခြား သုံးကောင်းပြီး စျေးသက်သာတဲ့ ပစ္စည်းတွေ share ခဲ့ကြအုံးနော်

🇦🇺 ဩစတြေးလျ Supermarket တွေမှာ ငှက်ပျောသီးတွေ low stocks/shortage🍀အခုတလော စူပါမားကတ်သွားရင်း ငှက်ပျောသီးစင်တွေ ဗလာဖြစ်နေ...
19/10/2026

🇦🇺 ဩစတြေးလျ Supermarket တွေမှာ ငှက်ပျောသီးတွေ low stocks/shortage

🍀အခုတလော စူပါမားကတ်သွားရင်း ငှက်ပျောသီးစင်တွေ ဗလာဖြစ်နေတာကို သတိထားမိကြလားရှင့်? Queensland ပြည်နယ်မှာ ရာသီဥတုက ပုံမှန်ထက် ပိုအေးနေတာကြောင့် ငှက်ပျောပင်တွေ ကြီးထွားမှုနဲ့ အမှည့်နှုန်း နှေးကွေးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငှက်ပျောသီး ပြတ်လပ်မှု (Banana Shortage) ဖြစ်ပေါ်နေတာပါတဲ့

🍀ဩစတြေးလျနိုင်ငံရဲ့ ငှက်ပျောသီး အများစုက Queensland ကထွက်တာဆိုတော့ အခုလို မမျှော်လင့်ဘဲ ရာသီဥတု အအေးလွန်ကဲမှုဒဏ်ကြောင့် စျေးကွက်ထဲမှာ ကုန်ပစ္စည်းရှားပါးကုန်တယ်လို့ ဖတ်ရတယ်

🍀လာမယ့်လလောက်မှာ ရာသီဥတု အခြေအနေပြန်မှန်ပြီး ပုံမှန်အတိုင်း ပြန်လည်ဝယ်ယူနိုင်တော့မယ်လို့ မျှော်မှန်းထားကြတယ်တဲ့

🍀Asian vegetables ဆိုင်တွေမှာတော့ အစိမ်းတွေရခဲ့တယ်. ခါတိုင်းထပ် စျေးပိုပေးရတယ်

🍀အိမ်မှာ ငှက်ပျောသီးတစ်နေ့ ၂လုံးလောက်စားတဲ့ ကလေးတွေရှိတော့ သတိထားမိတာလေး🍌

Happy Monday guys🌸🍀ဒီနေ့က ကိုယ်ကလေးထိန်းရတဲ့နေ့. ကိုယ့်ပိတ်ရက်လေးဘဲဆိုပါတော့🍀အလုပ်မသွား ပိုက်ဆံမရတဲ့နေ့ဆိုတော့ ဟိုဟိုဒီဒ...
18/10/2026

Happy Monday guys🌸

🍀ဒီနေ့က ကိုယ်ကလေးထိန်းရတဲ့နေ့.
ကိုယ့်ပိတ်ရက်လေးဘဲဆိုပါတော့

🍀အလုပ်မသွား ပိုက်ဆံမရတဲ့နေ့ဆိုတော့ ဟိုဟိုဒီဒီစိတ်မရောက်အောင် ကိုယ်ကတော့ productive ဖြစ်အောင်နေတယ်ကွာ

🍀ကလေးတွေ မနက်စာကျွေး အကြီးကျောင်းပို့

🍀အငယ်လေးထိန်းရင်း ဟင်းချက်

မနက် ၁၀နာရီ ဟင်းနှစ်မျိုးကျက်ပြီ. ဝက်ချိုက မီးဖိုပေါ် ချက်နေတုန်း

ဝက်သား 1 kg ဝယ်ထားတာရှိတော့
-ဝက်သားအစိမ်းကြော်တယ်
(ထမင်းဘူး ကလေး/လူကြီးအကြိုက်)

-ဝက်ချိုချက်ထားတယ်

-ရုံးပတေသီး ရခိုင်ဟင်းလှော်
(ဒါက ကိုယ်အတွက်. ချဉ်ငံစပ် ငရုပ်သီးစိမ်း ပုဇွန်ခြောက် မန်ကျည်းရည် ငပိနဲ့ လုံးချက်ထားတဲ့ ကိုယ့်အကြိုက်)

ဒါတောင် Sat & Sun အလုပ်လုပ်ထားသေးတာနော်
ကဲ ကိုယ်သာ ယေင်္ကျားလေးဖြစ်ရင် ပညာတတ် ငွေရှာလည်းတော် ဒီလိုမြန်ဆန်ပြီး very productive & efficient ဖြစ်တဲ့ ဒီလိုမိန်းမမျိုးကိုယူမှာကွာ🤪
နည်းနည်းတော့ ပွါးတယ်ပေါ့နော်

🍀ကိုယ့်ကိုယ်ကို ချီးမွန်းပြီး ချစ်ရတယ်လေနော်
ဘာပြောပြော ဒို့မေမေတွေ သိပ်တော်တယ် ပညာတတ် ငွေရှာ ကလေးမွေး ကလေးထိန်း ဟင်းချက် ကလေးနဲ့စာအတူတူလုပ် အိမ်အလုပ်လုပ် ဘယ်အရာမှ အားမလျော့သွားဘူး
ဘယ်သူ့မှအားမကိုးတော့ အချစ်မခံရလည်း ကိုယ့်ကိုယ်ကို အားရတယ် ကျေနပ်တယ်ကွာ🤩

Uniqlo bra top တွေရဲ့ big fan တစ်ယောက် ပါရှင်! 🙋🏻‍♀️✨🍀ဒီဟာလေးတွေ ဝတ်ရတာ အရမ်းကြိုက်တာဆိုတာလေ... နွေ.မိုး.ဆောင်း ရာသီမရွေ...
18/10/2026

Uniqlo bra top တွေရဲ့ big fan တစ်ယောက် ပါရှင်! 🙋🏻‍♀️✨

🍀ဒီဟာလေးတွေ ဝတ်ရတာ အရမ်းကြိုက်တာဆိုတာလေ... နွေ.မိုး.ဆောင်း ရာသီမရွေး T-shirt/blouse/sweater ပေါ်ထပ်ဝတ်ဝတ်
တစ်ထည်တည်းဘဲဝတ်ဝတ် လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ရှိလွန်းလို့လေ အခုနောက်ပိုင်း ဒါတွေပဲ အမြဲဝတ်ဖြစ်တော့တယ်

🍀ကြိုက်လွန်းအားကြီးလို့ မြင်တဲ့သူတိုင်းကို ဝတ်ကြည့်ဖို့ လိုက်ညွှန်းပြီး ဝယ်ခိုင်းနေမိတာပဲ

🍀ပုံမှန်ဈေးကတော့ $39.90 ပါ. ဒါပေမဲ့ Sale ချချိန်လေးတွေ $19.90 လောက်နဲ့လည်း ရတတ်တော့ တန်မှတန်ပဲ!

🍀Push up မဟုတ်ပေမယ့် သူ့ရဲ့ cutting & design က ပစ္စည်းရှိလူတန်းစားအတွက်် ကပ်ကပ်ရပ်ရပ်လေး. မရှိတဲ့ LCD တွေလည်း အဆင်ပြေတယ်ကွာ. Comfort level 10/10

🍀ပိန်တဲ့သူတွေ Baggy Jeans/Skirt နဲ့ တွဲဝတ်ရင် လုံးဝ summer vibe ဘဲ
နို့တိုက်တဲ့မေမေအတွက်လည်း အဆင်ပြေတယ်

🍀ဒီ bra top လေးတွေ ဝယ်ဖူးတဲ့သူတွေ ကြိုက်ကြရဲ့လားဟင်?

အုန်းနို့ကျောက်ကျော😍👩🏻‍🍳လက်စွမ်းပြထားတာ ဖြစ်သွားပြီ. အရမ်းစားကောင်းသောပါ. $5 ကျပ်ဖိုး ၂ ဗန်းရတယ်ဘုန်းကြီးကျောင်းပွဲတွေကြ...
18/10/2026

အုန်းနို့ကျောက်ကျော😍👩🏻‍🍳
လက်စွမ်းပြထားတာ ဖြစ်သွားပြီ. အရမ်းစားကောင်းသောပါ. $5 ကျပ်ဖိုး ၂ ဗန်းရတယ်

ဘုန်းကြီးကျောင်းပွဲတွေကြုံရင် အုန်းနို့ကျောက်ကျောလှူမယ်
Approved by my two regular customers😅

အလုပ်အပြန် Salmon ငါးခေါင်းကင်စားတာလူက Sat & Sun morning shift ၂ရက်လုပ်ထားတာ ဂူဂူဂါဂါဖြစ်နေပါတယ်ဆိုမှ မျက်လုံးတွေကြည့်ပြ...
18/10/2026

အလုပ်အပြန် Salmon ငါးခေါင်းကင်စားတာ
လူက Sat & Sun morning shift ၂ရက်လုပ်ထားတာ ဂူဂူဂါဂါဖြစ်နေပါတယ်ဆိုမှ မျက်လုံးတွေကြည့်ပြီး လန့်တောင်လန့်တယ်ဟယ်

အမြင်မလှပေမယ့် ကောင်းလွန်းလို့ မန်ကျည်းချဉ်လေးနဲ့စားတာ
ခေါင်း ၃ခု .6 pieces ကုန်သွားပါပြီရှင့်😆

Happy Halloween guys 😅
သားသားက Halloween special grilled salmon head တဲ့

ဒီနေ့ဝယ်ခဲ့တဲ့ အသီးအနှံ/အရွက် ၁၈ ကျပ်ဖိုးနဲ့ အသား ၂၂ ကျပ်ဖိုး 🍀ဩစတြေးလျရဲ့ ကုန်စျေးနှုန်း….သရက်သီး အချို ၂လုံး. လိမ္မော်...
15/10/2026

ဒီနေ့ဝယ်ခဲ့တဲ့ အသီးအနှံ/အရွက် ၁၈ ကျပ်ဖိုးနဲ့ အသား ၂၂ ကျပ်ဖိုး

🍀ဩစတြေးလျရဲ့ ကုန်စျေးနှုန်း….
သရက်သီး အချို ၂လုံး. လိမ္မော်သီး. ငှက်ပျောသီးနဲ့ မုန်လာဥဖြူ ဒါဘဲ ရတယ်

🍀အသား ၂၂ကျပ်ဖိုးက ကြက်သဲမြစ် (၁.၇ ကီလို) နဲ့ ဝက်သား shoulder (၁ ကီလို) ရတယ်ပေါ့

🍀ကိုယ်တွေလို အရွက်အသီးအနှံကြိုက်တဲ့အိမ်ကတော့ တွက်ချေမကိုက်ဘူးရယ်

🍀၅ ကျပ်ကျော်ပေးရတဲ့ မုန်လာဥကို Salmon ဘူးနဲ့ ထည့်ပြီး အချဉ်ဟင်းချက်မယ်. ၁၂ ကျပ်ပေးရတဲ့ ကြက်သဲမြစ်ကို ဆီပြန်ချက်ပြီး မဆလာလေး အုပ်လိုက်မယ်ဆိုရင်တော့ ပြီးသွားတာပါပဲ.
ဒီလိုတွက်တော့ တစ်နေ့စာဟင်းဖိုး ၂၀$ လောက်ဘဲ ကျတော့ တန်သွားပြန်ရော😅 . မနက်ဖြန်အလုပ် ထမင်းဘူးပါထည့်လို့ရသေးတယ်

Address

Yangon

Telephone

+959753055196

Website

Alerts

Be the first to know and let us send you an email when Aussie Burmese Mum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share