𝙇𝙚𝙤𝙣𝙤𝙧 𝙗𝙮 𝙘𝙧𝙚𝙖𝙩

  • Home
  • 𝙇𝙚𝙤𝙣𝙤𝙧 𝙗𝙮 𝙘𝙧𝙚𝙖𝙩

𝙇𝙚𝙤𝙣𝙤𝙧 𝙗𝙮 𝙘𝙧𝙚𝙖𝙩 .........🖋️

ကျွန်မပေါ့နော် ::/
13/04/2026

ကျွန်မပေါ့နော် ::/

စိုးရိမ်ပူပန်ခြင်းတွေနဲ့ရှင်သန်နေရတာလဲ ပျော်စရာတခုပါပဲဘယ်ချိန်မှာ ဘာဖြစ်သွားမလဲဆိုတာကိုစောင့်ဆိုင်းနေရတာမျိုးက ခံစားလို့...
28/03/2026

စိုးရိမ်ပူပန်ခြင်းတွေနဲ့
ရှင်သန်နေရတာလဲ ပျော်စရာတခုပါပဲ
ဘယ်ချိန်မှာ ဘာဖြစ်သွားမလဲဆိုတာကို
စောင့်ဆိုင်းနေရတာမျိုးက ခံစားလို့ကောင်းတယ်။

-မိုးသစ်ပင်

ဒီကား ကိုရီးယားမှာ ရုံတင်တုန်းက ဝက်ဝက်ကွဲအောင်မြင်ပြီး မင်းသမီး Moon Ga Young က "Nation's Ex-Girlfriend" ဆိုတဲ့ နာမည်ပါပ...
02/03/2026

ဒီကား ကိုရီးယားမှာ ရုံတင်တုန်းက ဝက်ဝက်ကွဲအောင်မြင်ပြီး မင်းသမီး Moon Ga Young က "Nation's Ex-Girlfriend" ဆိုတဲ့ နာမည်ပါပေးခံရတယ်။ အဲ့တုန်းကဘာလို့လဲ နားမလည်ဘူး၊မနေ့ကကြည့်ပြီးမှလက်ခံသွားတာ။

ဇာတ်လမ်းထဲမှာ မင်းသမီးက သူ့ချစ်သူကောင်လေးကို အရမ်းချစ်ပြီး အရမ်းအနွံတာခံတယ်၊
၂ယောက်အခက်ခဲတွေကြုံရပြီး စိတ်သဘောထားမတိုက်ဆိုင်တော့ပဲ လမ်းခွဲတော့မဲ့အချိန်မှာတောင် ခေါက်ဆွဲပြုတ်လေး ပြုတ်ပေးပြီးမှ ထွက်သွားခဲ့တာ။

အဲ့လိုနဲ့ ၂ယောက်သား ကိုယ့်လမ်းကိုယ်လျှောက်ရင်းအိပ်မက်တွေပြည့်မြောက်လာတဲ့အချိန် ၁၀နှစ်အကြာမှာ အမှတ်မထင်ပြန်တွေ့တော့ သူတကယ်ကိုဝမ်းသာသွားပေမဲ့ မင်းသားက အိမ်ထောင်နဲ့ကလေးနဲ့ဖြစ်နေပြီ။ အဲ့မိန်းမနဲ့ကလေးနဲ့ကောင်ကပဲ လွမ်းစရာတွေဦးအောင်ပြော ဦးအောင်ငိုပြီး သူ့ကိုတောင်းပန်နေခဲ့တယ်၊ မင်းသမီးက တစ်ယောက်ထဲသမားဖြစ်ပေမဲ့၊ တအားချစ်ခဲ့ရတဲ့သူဖြစ်ပေမဲ့ လွဲမှားတဲ့ဖောက်ပြန်မှုတွေ မဖြစ်လာအောင် အခြေနေကိုထိန်းသိမ်းပြီး စိတ်ရင်းနဲ့နှစ်သိမ့်အားပေးရင်း အမှတ်မထင်တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တာကြောင့် Nation's Ex-Girlfriend ဆိုတဲ့ title ပါပေးခဲ့ကြတာပဲ။

မျက်ရည်ကျရသော SE ပေမဲ့ တကယ်ကို ကောင်းမွန်သောဇာတ်သိမ်းမို့လို့ သဘောကျပါတယ်။ နောက်တစ်ခါတော့ ထပ်မကြည့်နိုင်လောက်တော့ဘူး ။

အချစ်ဆုံးရည်းစားဟောင်းကို တသက်လုံးမမေ့ဘဲ ရင်ထဲသိမ်းထားရင်း သင့်တော်တဲ့သူနဲ့တွေ့ရင် လက်ထပ်နိုင်တဲ့ အမျိုးသားများအကြောင်းက...
02/03/2026

အချစ်ဆုံးရည်းစားဟောင်းကို တသက်လုံးမမေ့ဘဲ ရင်ထဲသိမ်းထားရင်း သင့်တော်တဲ့သူနဲ့တွေ့ရင် လက်ထပ်နိုင်တဲ့ အမျိုးသားများအကြောင်းကို ပိုပြီးသိချင်ရင် Once we were us အပြင် ကြည့်စရာလေးတွေတော့ ရှိတယ်..

ကြည့်ရင်းနဲ့ ရင်ထဲ တစ်စို့စို့.. မွန်းကြပ်ကြပ်ဖြစ်ချင်ရင် ကြည့်ကြည့်ဖို့ Recommend ပေးပါတယ် 🥹

အကြာကြီးချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းရှိဖူးတယ်ဆိုရင် သတိသာထား.. မတွဲခင် အရင်ဆုံး သူတို့ရဲ့ ရည်းစားဟောင်းအကြောင်း မေးကြည့်ကြဦး.. နည်းနည်း ငိုင်တိုင်တိုင်ဖြစ်သွားရင် သိလိုက်ကြတော့ 🥹

တကယ်ချစ်ရင် အပြန်အလှန်စောင့်နေကြတယ်ဆိုတာ ကဗျာတွေ, သီချင်းတွေထဲပဲ ရှိတာ..ပြန်ဆုံကြမယ်ဆိုတဲ့အသိနဲ့ စောင့်နေပေမဲ့ တစ်ဖက်က ရ...
02/03/2026

တကယ်ချစ်ရင် အပြန်အလှန်စောင့်နေကြတယ်ဆိုတာ ကဗျာတွေ, သီချင်းတွေထဲပဲ ရှိတာ..
ပြန်ဆုံကြမယ်ဆိုတဲ့အသိနဲ့ စောင့်နေပေမဲ့ တစ်ဖက်က ရပ်ဆိုင်းလိုက်ရင် "ချစ်တယ်" ဆိုတာကနေ "ချစ်ခဲ့တယ်" ဆိုတဲ့ အတိတ်လှလှလေးတွေဖြစ်ကုန်ရော..
ပြန်တူးဆွမိတိုင်း နာကျင်ရတဲ့ ငယ်ရွယ်ချိန်တွေဖြစ်ကုန်တော့ စောင့်နေခဲ့တဲ့လူတွေအတွက် မျှတမှုရော ရှိသေးရဲ့လား? 💔


၁။ ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်ခြင်းလူအများစု သွားနေတဲ့ လမ်းကြောင်းအတိုင်း မျက်စိမှိတ် လိုက်မသွားဘဲ၊ မိမိရဲ့ ကိုယ်ပိုင်ယုံကြည...
02/03/2026

၁။ ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်ခြင်း

လူအများစု သွားနေတဲ့ လမ်းကြောင်းအတိုင်း မျက်စိမှိတ် လိုက်မသွားဘဲ၊ မိမိရဲ့ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ထူးခြားအောင် ကြိုးစားဖို့ တိုက်တွန်းထားတာပါ။ "လူတိုင်းလုပ်လို့ လိုက်လုပ်တာ" ထက် "ကိုယ်တကယ်ဖြစ်ချင်တာ" ကို ဦးစားပေးပါ။

၂။ နှိုင်းယှဉ်မှုတွေကနေ ရုန်းထွက်ခြင်း

ကိုယ့်ရဲ့ ဘဝအခြေအနေကို တခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲမခံဘဲ၊ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။

"လူအများကြားထဲမှာ ပျောက်ကွယ်မသွားဘဲ ကိုယ်ပိုင်တန်ဖိုးတစ်ခုနဲ့ ထင်ရှားနေဖို့က အရေးကြီးဆုံးပါပဲ။"
တစ်ခါတလေမှာ အထီးကျန်တယ်လို့ ခံစားရပေမယ့် အဲဒီအခြေအနေက ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တတ်ပါတယ်

"လူအုပ်ကြီးထဲမှာ အတူတူ လိုက်ပါစီးမျောနေမယ့်အစား၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ သီးခြားရပ်တည်နိုင်အောင် ကြိုးစားပါ။ ပင်လယ်ထဲက ကျောက်ဆောင်ဟာ လှိုင်းတွေဘယ်လောက်တိုက်တိုက် သူ့နေရာနဲ့သူ ခိုင်မြဲစွာရှိနေမှာပါ။

"ချစ်ဖို့ကောင်းတဲ့ လူတန်းစားတစ်ရပ်ရှိတယ်"ကိုယ်တိုင်ကျ ပြိုလဲနေတယ်ဒါပေမယ့်…ကိုယ့်ရှေ့လဲကျနေသူတွေ့ရင် ကူညီဖေးမပေးတတ်ကြတယ်က...
02/03/2026

"ချစ်ဖို့ကောင်းတဲ့ လူတန်းစားတစ်ရပ်ရှိတယ်"

ကိုယ်တိုင်ကျ ပြိုလဲနေတယ်
ဒါပေမယ့်…
ကိုယ့်ရှေ့လဲကျနေသူတွေ့ရင်
ကူညီဖေးမပေးတတ်ကြတယ်
ကိုယ်တိုင်ကျ မျက်ရည်တွေနဲ့

ဒါပေမယ့်…
သူတပါး ငိုနေတာတွေ့ရင်
ကိုယ့်မျက်ရည်ထက် သူတပါးမျက်ရည်ကို
ပိုဦးစားပေး နှစ်သိမ့်ပေးတတ်ကြတယ်
ကိုယ်တိုင်ကျအမှောင်ထဲမှာ။

ဒါပေမယ့်…
ကိုယ်တတ်နိုင်တဲ့ခွန်အားလေးနဲ့ အမှောင်ထဲက
ကိုယ်လိုသူလို ဘဝတူတွေကို
အလင်းပြန်ပေးနေတတ်ကြတယ်။

"ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ လူတန်းစားတွေလဲ

တစ်ခါတလေမှာ အထီးကျန်တယ်လို့ ခံစားရပေမယ့် အဲဒီအခြေအနေက ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တတ်ပါတယ...
02/03/2026

တစ်ခါတလေမှာ အထီးကျန်တယ်လို့ ခံစားရပေမယ့် အဲဒီအခြေအနေက ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တတ်ပါတယ်

"လူအုပ်ကြီးထဲမှာ အတူတူ လိုက်ပါစီးမျောနေမယ့်အစား၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ သီးခြားရပ်တည်နိုင်အောင် ကြိုးစားပါ။ ပင်လယ်ထဲက ကျောက်ဆောင်ဟာ လှိုင်းတွေဘယ်လောက်တိုက်တိုက် သူ့နေရာနဲ့သူ ခိုင်မြဲစွာရှိနေမှာပါ။

#မူရင်းရေးသားသူ

 #ခင်ဗျားမှာ_အဖေရှိသေးတယ်ဆိုရင် . . . သူနဲ့အတူတူ ဓါတ်ပုံတွေ ရိုက်ပစ် selfieတွေ ဆွဲပစ်ဗျာ ၊ ပြောင်တိပြောင်စပ်ပုံတွေ ရိုက်...
02/03/2026

#ခင်ဗျားမှာ_အဖေရှိသေးတယ်ဆိုရင် . . .
သူနဲ့အတူတူ ဓါတ်ပုံတွေ ရိုက်ပစ် selfieတွေ ဆွဲပစ်ဗျာ ၊ ပြောင်တိပြောင်စပ်ပုံတွေ ရိုက်ပစ်လိုက် ။ ခင်ဗျား အဖေအတွက် မွေးနေ့ကိတ်လေး surprise လုပ်ပြီး ပေးလိုက်စမ်းပါ ပုဆိုးတထည်လောက် ဖြစ်ဖြစ် မွေးနေ့လက်ဆောင် ပေးစမ်းပါဗျာ။

ခင်ဗျားအဖေ မစားဖူးတဲ့အစားစာတွေ ဥပမာ - ဂျေဒိုးနတ်တို့ hotpot တို့ ၊ မြို့မှာပဲ ဝယ်လို့ရတဲ့အစားစာတွေ ပြန်ရင်ဝယ်သွား ဒါမှမဟုတ် လုပ်ကျွေးစမ်းဗျာ။

ခင်ဗျားအဖေရဲ့ အိတ်ကပ်ထဲကို လဘက်ရည်ဖိုးဆိုပြီး ကိုယ့်လစာထဲက တစ်လတစ်ခါ လေးငါးသောင်းလောက် အမေ မသိအောင် ထည့်ပေးစမ်းပါဗျာ ၊ သူ သုံးချင်ရာ သုံးရအောင်လို့ ။

social media ခေတ်ကြီးမှာ touch screen တစ်လုံးလောက် ဝယ်ပေးပြီး fb , viber , internet တွေ သုံးတတ်အောင် သင်ပေးလိုက်ပါဗျာ ၊ သားသမီးကို ခေတ်မှီအောင် ကြိုးစားခဲ့တဲ့ အဖေလည်း ခေတ်မှီသင့်တယ်လေ ။

နာမည်ကြီးတဲ့နေရာတွေ တန်ခိုးကြီး ဘုရားတွေ ၊ အဖေ မရောက်ဖူးသေးတဲ့ နေရာတွေ တစ်နှစ်တခါ လိုက်ပို့နိုင်အောင် ပို့စမ်းပါဗျာ။

နောက်ဆုံးတစ်ခုက, ဗျာ ခင်ဗျားအဖေရှိနေသခိုက်မှာ ခင်ဗျားအကြောင်းတွေ ရပ်ကွက်ထဲ လဘက်ရည်ဆိုင်ထဲ အာဘောင်အာရင်းသန်သန် ကြွားလို့ရအောင် ခင်ဗျား ကြိုးစားလိုက်စမ်းပါဗျာ ။ တော်အောင် တက်အောင် ထက်အောင် ၊ အဖေ ဂုဏ်ယူလို့ ကောင်းအောင်။

အခုအချိန်မှာ အပေါ်မှာ ကျွန်တော်ရေးခဲ့တာတွေ ကျွန်တော် အကုန်လုပ်နိုင်တယ်။
ဒါပေမယ့် . . . အဖေ မရှိတော့ဘူး !

( မူရင်းရေးသားသူ Win Htet ကို လေးစားစွာ credit ပေးပါတယ် )
photo - credit

Sunrise 🌄
23/12/2025

Sunrise 🌄

22/11/2023

နင်တို့အတွဲလေးပြတ်ပါစေဆိုတဲ့စိတ်နဲ့နင့်လင်ကိုဂုတ်ခွ မိတာပါ Layla မ ရယ်..😞😞

Address


Website

Alerts

Be the first to know and let us send you an email when 𝙇𝙚𝙤𝙣𝙤𝙧 𝙗𝙮 𝙘𝙧𝙚𝙖𝙩 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share