Phyu’Channel - Delivery Pro

Phyu’Channel - Delivery Pro Our passionate team serve the delivery to client or businesses in a safe, timely manner. Reviewing o

….. ✨🌼🌤️🫧
26/03/2024

….. ✨🌼🌤️🫧

🥴
18/02/2024

🥴

02/12/2023

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ်

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ်

ဆန် ၄ ပြည် ကို တစိတ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ်

ဆန် ၁ ပြည်မှာ နို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ်

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ်သား မှာလည်း ၁၂၈ ရွေး ရှိတယ်

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်း‌ နေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာ သိထားဖို့ပါ ။

အိမ်သုံးမီတာသတ်မှတ်နူန်းထားပြင်ဆင်ခြင်း
02/12/2023

အိမ်သုံးမီတာသတ်မှတ်နူန်းထားပြင်ဆင်ခြင်း

07/10/2023

ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုရင် ၂၉လမ်း

ပရဆေးနဲ့ပါတ်သက်တာမှန်သမျှကုန်ဈေးတန်းမှာရတယ်

မွှေးပွအရုပ်ကြီးတွေ ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ အပေါ်ဘလောက်မှာရတယ်

မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ

ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား။

ဆိုးဆေးဆပ်ပြာဆီ အနံ့အရသာ နဲ့ပါတ်သက်ရင် ၂၇လမ်းမှာရတယ်

စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ် လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။

စာရေးကရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။

ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား။

🐷ဝက်သားကောင်းကောင်းစားချင်ရင် ဝက် 🐷စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား။

မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပ်ါဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်။

ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်။

စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား။

အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပ်ါဘလောက်မှာရတယ်။

ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်။

ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်းကြည့်မြင်တိုင်ကိုသွား။

အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပ်ါဘလောက်ကိုသွား။

ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ။

ခုသီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃နဲ့၂၄အကြားမှာအစုံရတယ်။

အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီဝယ်လို့ရပါတယ်။

တဆင့်ပြန်ရောင်းချင်သူ များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။

#မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါတယ်
#အခုချိန်ခေတ်ကာလမကောင်းတော့ လိုအပ်ချက်လေးတွေတော့ရှိမှာပါ...

(ဒါနထက် သီလက အရေးကြီးပုံ)🥀🥀🥀🙏🙏🙏🥀🥀🥀•• ခွေးဘဝ ရောက်ခဲ့ပေမယ့် ••အတိတ်ဘဝက ဒါနအားကောင်းခဲ့လို့    သူဌေးအိမ်၌ ခွေးဖြစ်ရပြီး   ...
25/09/2023

(ဒါနထက် သီလက အရေးကြီးပုံ)
🥀🥀🥀🙏🙏🙏🥀🥀🥀
•• ခွေးဘဝ ရောက်ခဲ့ပေမယ့်

••အတိတ်ဘဝက ဒါနအားကောင်းခဲ့လို့
သူဌေးအိမ်၌ ခွေးဖြစ်ရပြီး
ချမ်းချမ်းသာသာ နေရပါတယ်။

•• သို့သော်လည်း
အတိတ် ဘဝက
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
•• ဒါန အား ကောင်းခဲ့သော်လည်း
ကိုယ့်ကျင့်သီလ ပျက်ခဲ့လို့

•• အပါယ်လေးဘုံ၌
တိရစ္ဆာန်ဖြစ်သော ခွေးဘဝ
ရောက်ခဲ့ရရှာတယ်။

•• ကိုယ်ကျင့်တရားပျက်လျှင်
အပါယ် လေးပါး က လွတ်ဖို့
ဒါနက မတားဆီးနိုင်ပါ။

•• ကိုယ်ကျင့်တရား ကောင်းမှသာ
အပါယ်လေးပါးမှ
လွတ်မြောက်နိုင်တယ်။
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
•• ငါးပါးသီလ လောက်တော့
အမြဲတန်း စောင့်ထိမ်းပေးကြပါ။

•• ငါးပါးသီလကို
ဖေါက်ဖျက်နေသူများဟာ
ကိုယ့်ကိုယ်ကို မချစ်ကြလို့ပါ။

•• သေသေချာချာ
သင်ယူကြပါ
မေးယူကြပါ
ကျင့်ကြပါ……
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀👂
ကျေးဇူးတော်ရှင်
#အမရပူရ_မဟာဂန္ဓာရုံဆရာတော်ကြီး

#မေတ္တာဖြင့်ပြန်လည်မျှဝေကုသိုလ်ပြုပါသည် 🙏
🙏🙏🙏 🌼🌼🌼

02/09/2023

#မုန့်ကျွဲသဲ
လုပ်ရတာ အလွန်လွယ်တယ်..

ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။

နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်

ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါင်္ တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။

Meemeetofu
************
နောက်တနည်းပါ

မုန့်ကျွဲသဲ

(ပြောင်းကော်မှုန့် 25g
ႏြားနို့ 250ml
ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် 50g
ဆားအနည်းငယ်တို့ကို အရင်ဖျော်ထားပြီးမှ
မီးအေးအေးနဲ့ အဆက်မပြတ်မွှေပြီး
ကျိုပေးရပါတယ် မုန့်သားညက်ပြီးပျစ်လာတဲ့ခါ
ဆီသုတ်ထားတဲ့ခွက်ထဲထည့်ပြီး အအေးခံပါ
လုံးဝအေးသွားမှ နှစ်သက်သလိုလှီးပါ)
Credit to owner

Unique ✨Credit to original artist
04/08/2023

Unique ✨

Credit to original artist

29/07/2023

ဝါဆိုလပြည့်နေ့က၈ လပိုင်း၁ရက်နေ့ အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် ၊အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။
လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။
ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

#မူရင်းရေးသားသူအား credit ပေးပါတယ်ရှင်🙏

Address

Shukhinthar Mayopat Road
Yangon
THAKETA

Telephone

+959799675887

Website

Alerts

Be the first to know and let us send you an email when Phyu’Channel - Delivery Pro posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyu’Channel - Delivery Pro:

Share