YOMA TIGER

YOMA TIGER Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YOMA TIGER, Farmers market, Taungoo.

ဥယျာဉ်သီးနှံ အစစ်မှန်
အစဉ်ကြိုးစား လက်တွဲထား
စစ်မှန်အားထား ရိုးမတိုက်ဂါး

ယိုးဒယားစားပင်သီးနှံ
သီးပင်မျိုးပင်စုံထုတ်လုပ်
ရောင်းချရေး
တောင်ငူ
ဂုံမင်းကွင်း1755
ရေတာရှည်မြို့နယ်

27/02/2026

အရမ်းတန်ဖိုးရှိတဲ့စကားအနှစ်သာရပြည့်ဝလိုက်တာဆရာရယ်
လေးစားလျှက်ပါ🙏

14/12/2025

ကြီးပြင်းလာတဲ့အခါ “ Grow Beautifully “ လှလှပပလေး ရင့်ကျက်တဲ့ သူ ဖြစ်ဖို့ ငယ်ရွယ်တဲ့အချိန်မှာ Do and Don’t လေးတွေ ပြောပြပေးမယ်နော်…2026 မှာတော့ ရအောင်ကြိုးစားကြမယ်နော် 💪 ဒီအချက်လေးတွေကိုသာ လိုက်နာနိုင်ရင် တကယ်ကို “အောင်မြင်ရင့်ကျက်လှပတဲ့” သူတစ်ယောက်ဖြစ်မှာသေချာတယ် 🩵

(၁) ဘဝကိုရည်ရွယ်ချက်ရှိရှိဖြတ်သန်းပါ
(၂) နေ့စဉ် အဓိပ္ပါယ်ရှိတာတစ်ခုခုကိုလုပ်ဆောင်ပါ
(၃) ဦးနှောက်အတွက်စာများများဖတ်ပါ
(၄) Social Media ဆိုတာ အခုခေတ်မှာ မှတ်စရာဖြစ်နေလို့ မြင်သမျှကြားသမျှ သတိထားပါ
(၅) အတန်းပညာရပ်ကို သင်ယူနေသလို ဘဝအတွက် နေ့စဉ် လေ့လာဖတ်ရှုနေပါ
(၆) ဦးနှောက်ကို သွေးနေဖို့ အသစ်သစ်သော ပညာရပ်တစ်ခုခုကို တိုးတိုးပြီးလေ့ကျင့်ပါ
(၇) ဘာသာစကားတခုခုကို နေ့စဉ်လေ့ကျင့်ပေးပါ
(၈) ကိုယ်ဝါသနာပါတစ်ခုအတွက် အချိန် ၁နာရီနေ့စဉ်ပေးပါ
(၉) အချိန်ကို ညာဏ်ဖြင့်အသုံးချပါ
(၁၀) အလှအပဆိုတာ ခန္ဓာကိုယ်ကျန်းမာဖို့လည်းလိုတဲ့အတွက် တစ်နေ့ တစ်နာရီ လေ့ကျင့်ခန်းလုပ်ပါ ဖြစ်နိုင်ရင် weight training ကစားပါ
(၁၁) အသီးအရွက် အသား သင့်တင့်စွာစားပါ
(၁၂) ဝမ်းကို အထူးဂရုစိုက်ပါ သင်စားတဲ့အစားသောက်ပေါ်မူတည်တဲ့အတွက် ဝမ်းမှန်ဖို့အရေးကြီးပါတယ်
(၁၃) အပတ်စဉ် Cardio နဲ့ weight training မျှတစွာလုပ်ပါ
(၁၄) ချိုလွန်းငံလွန်းစပ်လွန်းရှောင်ပါ
(၁၅) Ready made food တွေစားတာလျော့ပါ
(၁၆) အစာစားချိန်အထူးအရေးကြီးပါတယ် စားသောက်ချိန် ပုံမှန်စားပေးပါ
(၁၇) တစ်နေ့တာအတွက် ရေလုံလောက်စွာသောက်သုံးပြီး အိပ်ရေးဝဝ အိပ်ပါ
(၁၈) ညဉ့်နက်ထိ မနေပါနဲ့ အိပ်ချိန်မှန်ဖို့အရေးကြီးပါတယ်
(၁၉) ခင်မင်ရင်းနှီးရသူများနဲ့ တပတ်တကြိမ်တော့ဆုံတွေ့ပါ
(၂၀) စိတ်ခွန်အားဖြစ်စေမယ့် စိတ်တက်ကြွစေမယ့် အားကစား (သို့) seminar မျိုးတွေ တက်ပါ
(၂၁)ကိုယ့်ဘဝအတွက်ကြုံတွေ့လာတဲ့ စိန်ခေါ်ခြင်းတွေကို ရင်ဆိုင်ပါ
(၂၂) ပြသနာတွေကို ရှောင်မပြေးပါနဲ့ ထိပ်တိုက်ရှင်းပါ
(၂၃) ဘယ်သူမှ အားမပေးရင်နေ ကိုယ့်ကိုယ်ကိုအားပေးပါ
(၂၄) အသားရေအတွက် နေ့စဉ် SPF Sunscreen သုံးပေးဖို့မမေ့ပါနဲ့
(၂၅) ညတိုင်းမျက်နှာသစ် skincare ပြီးမှ အိပ်ပါ (များများသုံးစရာမလိုဘူး မှန်မှန်သုံးဖို့လိုတယ်)
(၂၆) ဘဝဟာ အချစ်တစ်ခုတည်းနဲ့ ဖွဲ့စည်းထားတာမဟုတ်လို့ အချိန်အများကြီးမပေးမိပါစေနဲ့
(အချစ်ကို စိတ်တစ်ခုလုံးပုံအပ်လိုက်တဲ့ မိန်းမတွေက လူညံ့ဖြစ်သွားပြီး အချစ်ကို တစိတ်တဒေသပဲ ထားတဲ့သူတွေက စိတ်ဓါတ်ကြံ့ခိုင်တာတွေ့ရတယ် )
(၂၇) ငိုချင်ငိုချလိုက်ပါ အတွေ့အကြုံတွေကပဲ ရင့်ကျက်မှုကိုပေးတာပါ
(၂၈) စိတ်ဓါတ်ကျစရာရှိရင် ကျလို့ရပါတယ် အကြာကြီးတော့ ပိုက်မထားပါနဲ့
(၂၉) ပျော်စရာကြုံလာရင် ပေါ့ပေါ့ပါးပါးပျော်ပါ ဘ၀တစ်ခုလုံးမနှစ်ပါနဲ့
(၃၀) အရေးကြီးတာ ကိုယ့်ကို ပျက်စီးစေမယ့် အရာကို အလကားရတောင်မလုပ်ပါနဲ့ (ဆေး၊ party drugs, v**e)
(၃၁) ကတိတည်တတ်အောင်ကြိုးစားပါ လွယ်လွယ်ပေး လွယ်လွယ်ဖျက်တတ်သူမလုပ်ပါနဲ့
(၃၂) မိမိတာဝန်ယူထားတဲ့ အလုပ်ရှိရင် ကြီးကြီးသေးသေး တာဝန်ကျေအောင်လုပ်ပါ
(၃၃) အလွယ်တကူ ဘယ်သူ့ဆီကမှ ငွေမချေးပါနဲ့
(၃၄) ငွေကိုနှစ်သက်လို့ရတယ် ငွေမက်လို့မရဘူး
(၃၅) သူတပါးကို ကူညီတတ်ပါစေ (ကူညီတတ်တဲ့သူက လူချစ်လူခင်ပေါပါတယ်)
(၃၆) အားနာတတ်သူတော့မဖြစ်ပါစေနဲ့
(၃၇) လူတိုင်းနဲ့ ဆက်ဆံတတ်အောင်ကြိုးစားပါ သို့သော် လူတိုင်းနဲ့တော့ အရောမဝင်မိစေနဲ့
(၃၈) မိမိကိုးကွယ်တဲ့ ဘာသာတရားကို အလေးထားပါ အဆုံးမကိုလိုက်နာပါ
(၃၉) အတွေ့အကြုံများတဲ့ သူတွေထံကသင်ယူပါ
(၄၀) ကိုယ့်တိုးတက်ရေးပျက်စီးစေမယ့် အပြောတွေကို လက်မခံပါနဲ့
(၄၁) မာနထားပါ သို့သော် မာနမကြီးပါနဲ့
(၄၂) မှားမှန်သိရင် ပြင်ရလွယ်တဲ့သူဖြစ်ဖို့ နာခံတတ်အောင်လေ့ကျင့်ရပါမယ်
(၄၃) တခုခုကို လွယ်လွယ်အရှုံးပေးတဲ့သူမဖြစ်စေနဲ့
(၄၅) တခုခုကို လုပ်ချင်စိတ်ရှိနေရင် လုပ်လိုက်ပါ သတိလေးတော့ရှိပါစေ
(၄၆) ဘဝကိုအပြစ်တင်တဲ့သူထက် ရလာတဲ့ဘဝကို ပိုကောင်းအောင်ကြိုစားပါ
(၄၇) ကိုယ့်အားကိုယ်ကိုးတတ်ပါစေ
(၄၈) လေ့လာသင်ယူမှုတွေများနေတဲ့ခေတ်ကြီးမှာ ထုံအအ မဖြစ်စေနဲ့
(၄၉) လည်ပါ သို့သော် လူလည်မကျပါနဲ့
(၅၀) သွက်သွက်လက်လက်ရှိပါစေ
(၅၁) လူတွေကို အယုံမလွယ်မိပါစေနဲ့ သို့သော် သံသယလည်းမများပါနဲ့ ချင့်ချိန်ပြီးမှယုံပါ
(၅၂) လူတိုင်းနဲ့ ကိုယ့်ကိုယ်ကို မနှိုင်းယှဉ်ပါနဲ့
(၅၃) အားနည်းသူကို ငဲ့ညာပါ အားသာသူကိုလေးစား အတုယူပါ
(၅၄) သူတပါးအတင်းအဖျင်းစိတ်မဝင်စားပါနဲ့
(၅၅) မိမိကိုယ်ကိုမိမိသာအာရုံစိုက်ပါ
(၅၆) ခရီးထွကိဖို့ ငွေအနည်းငယ်စုထားပါ ခရီးထွက်ခြင်းက အသစ်သစ်တွေပေးပါတယ်
(၅၇) တသတ်မတ်တည်ဖြတ်သန်းဖို့မကြိုးစားနဲ့ အမြဲကိုယ့်ကိုယ်ကိုပြုပြင်နေပါ
(၅၈) စိတ်ပိုင်းဖြတ်ထားပြီးရင် ဖြစ်အောင်လုပ်ပါ နေ့ရွေ့ညရွေ့မလုပ်ပါနဲ့
(၅၉)ကိုယ့်အပေါ်မကောင်းမှန်းသိရင် ဘဝထဲကထုတ်လိုက်ပါ
(၆၀) ကိုယ့်အပေါ်မေတ္တာစစ်နဲ့ကောင်းသူတွေကို
ပြန်ကောင်းဖို့မမေ့ပါနဲ့

တပြိုင်တည်း အားလုံးခက်ခဲနေရင် ဖြည်းဖြည်းချင်းပြုပြင်သွားပါ ကိုယ့်ရဲ့ Best Version ကိုရောက်အောင်သွားပါ ဒီအချက်တွေကပဲ ကိုယ့်ကို လှပရင့်ကျက်တည်ငြိမ်တဲ့ သူဖြစ်အောင်ပြုပြင်ပေးသွားမှာပါ🍀

ချစ်တဲ့

Dr.Kathryn
#အောင်မြင်ရေးအနှစ်သာရများ #ဒေါက်တာကေသရီကျော်

14/11/2025

ကြည်နူးပီတိဖြစ်ရပါတယ်ဘုရား🙏🙏🙏

10/11/2025
21/10/2025
17/10/2025
I gained 27 followers, created 19 posts and received 54 reactions in the past 90 days! Thank you all for your continued ...
02/10/2025

I gained 27 followers, created 19 posts and received 54 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when YOMA TIGER posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category