Grace's low price mart

Grace's low price mart ကြိုက်တာယူ ၃၀၀၀ ကျပ် (တနင်္ဂနွေနေ့ တိုင်းဆိုင်ပိတ်ပါသည်)

28/11/2025
Trandဖြစ်နေတဲ့မုန့်လေးတွေ ဆိုင်မှာလာဝယ်လို့ရပီနော်..1ဘူး .13500ကျပ်ပါရှင့် အရသာအစုံဝင်ထားတယ်နော် ကိုစားချင်တာလေးရဖို့ဆို...
15/09/2025

Trandဖြစ်နေတဲ့မုန့်လေးတွေ ဆိုင်မှာလာဝယ်လို့ရပီနော်..
1ဘူး .13500ကျပ်ပါရှင့်
အရသာအစုံဝင်ထားတယ်နော်
ကိုစားချင်တာလေးရဖို့ဆိုမြန်မြန်လာမှစိတ်ချရမယ်နော်..

ကျန်တာ​ေတာ့ဆိုင်မှာလာကြည့်ပါရှင့်🥰 's ကြိုက်တာယူ၃၀၀၀ကျပ် #ရွှေကျင်မြို့
14/09/2025

ကျန်တာ​ေတာ့ဆိုင်မှာလာကြည့်ပါရှင့်🥰
's ကြိုက်တာယူ၃၀၀၀ကျပ် #ရွှေကျင်မြို့

20/08/2025

အသစ်တွေရောက်ထားပါတယ်နော်...
တစ်ပုံချင်းမရိုက်နိုင်တော့လို့ပါ......

ဒီလိုသတင်းတွေဖတ်ပီးစိတ်ညစ် မခံနဲ့တော့နော်..ဘာပဲလိုလို Grace's low price mart ကြိုက်တာယူ၃၀၀၀ ဆိုင်လေးရှိနေပါတယ်..
18/08/2025

ဒီလိုသတင်းတွေဖတ်ပီးစိတ်ညစ် မခံနဲ့တော့နော်..ဘာပဲလိုလို Grace's low price mart ကြိုက်တာယူ၃၀၀၀ ဆိုင်လေးရှိနေပါတယ်..

ပြည်ပ သွင်းကုန်တချို့ ပစ္စည်းရှားပြီး စျေးအဆမတန် ခုန်တက်လာ

ဩဂုတ် ၁၈ - ၂၀၂၅
SS (VOM)

အစိုးရက အခြေခံ လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်တင်သွင်းခွင့် ယာယီ ကန့်သတ်လိုက်တဲ့ သတင်း ထွက်ပေါ်လာပြီးနောက် ပြည်တွင်းရှိ သွင်းကုန်တချို့ ပစ္စည်းရှားပြီး စျေးအဆမတန် ခုန်တက်လာတယ်လို့ ပြည်သူတွေက ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက် အစိုးရက ပြည်ပကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အဆင့်ဆင့် ကန့်သတ် ထိန်းချုပ်လာတာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ကလည်း ဆေးဝါး၊ စာသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို ယာယီတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

အဆိုပါသတင်း ထွက်ပေါ်လာပြီးတဲ့နောက် လက်ရှိမှာ ပြည်ပက တင်သွင်းတဲ့ စားသောက်ကုန် အပါအဝင် လူသုံးကုန်ပစ္စည်းတွေ ရက်ပိုင်းအတွင်း ဈေးအဆမတန် မြင့်တက်လာပြီး ဝယ်ယူရ ခက်လာတယ်လို့ သိရပါတယ်။

“မနေ့က ယိုးဒယား ပုစွန်နှစ်ကောင်ဆီ သွားဝယ်တာ။ ကိုယ်ဝယ်နေကျဆိုင်က ပစ္စည်းပြတ်နေတယ်ဆိုလို့ တခြားဆိုင်တွေ လိုက်ရှာဝယ်ရတာ ဆိုင် ငါးဆိုင်လောက် ဝင်မေးလိုက်ရတယ်။ တဆိုင်မှာပဲ ဝယ်လို့ရခဲ့တယ်။ ဈေးကလည်း ၅ လီတာ တဘူးကို အရင်က လေးသောင်းလေးထောင်ကျော်၊ အခု ငါးသောင်းကျော်သွားပြီ။ တခြား ပစ္စည်းတွေလည်း ဈေးတက်တယ် ပြောတယ်။ ယိုးဒယားအစစ် အိုးတံဆိပ် အချိုမှုန့်ဆို အရင် တထုပ် ၈၇၀၀ တန်က အခု ၉၂၀၀ ဖြစ်သွားပြီ” လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ စားသောက်ကုန်နဲ့ လူသုံးကုန်တချို့ ဈေးမြင့်တက်လျက် ရှိတာမှာ ခနောကြက်သားမှုန့် အစိမ်း ၈၀၀ ဂရမ် တသောင်း သုံးထောင့်ငါးရာကျပ်၊ ယိုးဒယားခရုဆီ မိန်းမကြီး ပုလင်းကြီး ၉၉၀၀ ကျပ်၊ ယိုးဒယား မျက်လုံးခေါက်ဆွဲ တဖာ သုံးသောင်းရှစ်ထောင်ကျပ်၊ ယိုးဒယားထုတ် Nescoffe တပါကင် တသောင်း ရှစ်ထောင့်ငါးရာကျပ်၊ ယိုးဒယားအစစ် ငါးသေတ္တာ Hi Chef တဘူး ၁၉၅၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ခနောကြက်သားမှုန့် အစိမ်း ၈၀၀ ဂရမ် တသောင်း တသောင်းနှစ်ထောင့်ကိုးရာ‌ကျပ်၊ ယိုးဒယားခရုဆီ မိန်းမကြီး ပုလင်းကြီး ၈၅၀၀ ကျပ်၊ ယိုးဒယား မျက်လုံးခေါက်ဆွဲ တဖာ သုံးသောင်းငါးရာကျပ်၊ ယိုးဒယားထုတ် Nescoffe တပါကင် တသောင်း ခုနစ်ထောင့်ငါးရာကျပ်၊ ယိုးဒယားအစစ် ငါးသေတ္တာ Hi Chef တဘူး ၁၄၅၀ ကျပ်ဝန်းကျင်မှာ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်တွေကတော့ နောက်ပိုင်းလည်း ဒီထက် ထပ်တက်နိုင်တယ်ပြောကြတယ်။ အခုတောင် ပစ္စည်း ရှားနေပြီတဲ့။ တချို့ ကုန်သည်တွေကတော့ ထုံးစံအတိုင်း တက်ဈေးစောင့်ပြီး ထုတ်မရောင်းကြတာတွေလည်း ရှိနိုင်တယ်။ နောက်ဆုံးတော့ ပြည်သူတွေပဲ ခံရတာ။ သူတို့ ပြည်ပအဝင် ပိတ်တာက အရင်ကတည်းက တက်နေပြီးသား ဈေးကို ပိုဆိုးအောင် လုပ်လိုက်သလိုပဲ။ ရှေ့လျှောက် ဒီထက်ပိုပြီး ကျပ်တည်းဖို့ပဲ ရှိတယ်” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။

ပြည်တွင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေသလို ဈေးကွက်အတွင်း ကုန်စည် ရှားပါး ပြတ်လပ်မှုတွေလည်း ဖြစ်ပေါ်လျက် ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် အခုလို ထပ်မံ ကန့်သတ်မှုတွေက ကုန်ဈေးနှုန်း မြင့်တက်မှုကို ပိုမို ဆိုးရွားသွားစေနိုင်ကာ ပြည်သူအများစု လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေကို ရောက်ရှိသွားနိုင်တယ်လို့ ကုန်အရောင်းအဝယ် ပြုလုပ်သူတွေနဲ့ သုံးစွဲသူတွေက ဝေဖန် ပြောဆိုနေကြပါတယ်။

ဒါအပြင် လက်ရှိမှာ ပြည်ပက တင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေအပြင် ပြည်တွင်းထုတ် ကုန်စည် တချို့လည်း ဈေးမြင့်တက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“နိုင်ငံခြားကဝင်တဲ့ ပစ္စည်းတွေ ဈေးတက်တာ ထားပါဦး။ ပြည်တွင်း ထွက်ကုန်တွေက ဘာလို့ ဈေးလိုက်တက်တာလဲ စဉ်းစားမရဘူး။ အရင်က စားတော်ပဲဈေး တပြည်ကို တသောင်း၊ အခု တသောင်းခြောက်ထောင် ဖြစ်သွားတယ်။ တရက်အတွင်းကို ချက်ချင်းကြီး ဈေးခုန်တက်သွားတာ” လို့ ပဲပြုတ်ရောင်းသူ တယောက်က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း အစိုးရအနေနဲ့ နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်သွင်းတဲ့ စားသောက်ကုန်တွေဖြစ်တဲ့ အချိုရည်၊ ကော်ဖီ၊ ကော်ဖီမစ်၊ တီးမစ်၊ နို့ဆီ စတဲ့ ကုန်ပစ္စည်း ငါးမျိုးကို ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်မှ စတင်ကာ လက်ရှိအချိန်ထိ ပိတ်ထားသလို အခုထပ်မံ ထွက်ပေါ်လာတဲ့ စာမှာလည်း ကော်ဖီနဲ့ ချိုချဉ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ပိတ်ပင်တာနဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာ စောင့်ကြည့်သူတွေကတော့ သွင်းကုန်အပေါ်မှီခိုနေရတဲ့ လုပ်ငန်းတွေအတွက် (အထူးသဖြင့်) စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ တခြား လူသုံးကုန်ပစ္စည်းဆိုင်ရာ လုပ်ငန်းတွေအတွက်တော့ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

“နိုင်ငံခြားကဝင်တဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်မယ်လို့လည်း ကြားတယ်။ လုံ‌လုံလောက်နဲ့ အရည်အသွေးမီ ထုတ်နိုင်ပါ့မလား။ စဉ်းစားစရာပေါ့။ သေချာတာကတော့ ပြည်တွင်းမှာ ပြည်ပကုန်စည် ရှားမယ်။ ဈေးအဆမတန် တက်မယ်။ ကုန်သည်တွေ၊ ဆိုင်ပိုင်ရှင်တွေ သူတို့ရဲ့ အရင်းအနှီးကို ပိုပြီး အသုံးပြုရပါမယ်။ အရင်းအနှီး ထပ်မထည့်နိုင်တဲ့ လုပ်ငန်းရှင်တွေကတော့ ကုန်ပစ္စည်း ပြန်မဝယ်နိုင်တော့ဘဲ လုပ်ငန်းကို ရပ်ဆိုင်းပစ်ရတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်” လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။

အခုလို ကန့်သတ် ပိတ်ပင်မှုတွေဟာ မှောင်ခိုလုပ်ငန်းကို အားပေးနေခြင်းနဲ့ ကုန်စျေးနှုန်းကို မြှင့်တက်လာအောင် ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူတွေ ပိုမို ကျပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ အစိုးရက အမေရိကန်ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆန်၊ ဆီနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းအားစုတွေကို ရည်ညွှန်းဈေးတွေ သတ်မှတ်ခြင်းအပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်လည်း သွင်းကုန်တွေကို ထိန်းချုပ်ခြင်းတွေ ပြုလုပ်နေသလို သွင်းကုန်လိုင်စင် လျှောက်ထားရာမှာလည်း မူဝါဒ သတ်မှတ်ချက်တွေကြောင့် လနဲ့ချီ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အခြေခံ စားသောက်ကုန်ဖြစ်တဲ့ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခြင်းကို အွန်လိုင်းစနစ်နဲ့ ထိန်းချုပ်နိုင်ဖို့ အစိုးရက ဆောင်ရွက်ခဲ့ပါသေးတယ်။

ဒါအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ တင်ပို့တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းတွေကိုလည်း အစိုးရက ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှ စတင်ကာ တင်သွင်းခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ဒါအပြင် လက်ရှိမှာ ထိုင်း - မြန်မာနယ်စပ်ဖြစ်တဲ့ တာ့ခ်ခရိုင်၊ မဲဆောက် - မြဝတီ အမှတ် (၂) နယ်စပ်ဂိတ်မှာလည်း မြန်မာဘက်ကိုဝင်မယ့် ကုန်ကားအစီးရေ ၅၀၀ ဝန်းကျင် ပိတ်မိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရားဝင် စာထုတ်ထားခြင်း မရှိဘဲ ကုန်တင်ကားတွေကို မြန်မာဘက်ခြမ်းကို ဝင်ရောက်ခွင့် မပြုတာလို့ သိရပြီး လက်ရှိမှာ ကုန်သည်တွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးအဖွဲ့ အစည်းအဝေးမှာ နလအဥက္ကဋ္ဌက တရားမဝင် ကုန်သွယ်ရေးကြောင့် လက်နက်ကိုင်အဖွဲ့တွေ အင်အား ပိုပြီး တည်ဆောက်လာနိုင်သလို နိုင်ငံတော်စီးပွားလည်း ပျက်ခဲ့ရတဲ့အတွက် တိုက်ဖျက်ရမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နေ့စဉ် ဒေါ်လာသန်းချီ ရှာဖွေပေးနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ကုန်သွယ်ရေး စခန်းတွေဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ လွယ်ဂျယ် အစရှိတဲ့ နယ်စပ်ဂိတ်တွေ အပါအဝင် ရိဒ်၊ မောင်တော၊ မယ်စဲ့၊ ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ကုန်သွယ်မှု ရပ်တန့်နေတာဖြစ်ပြီး လတ်တလော ကုန်သွယ်မှု ပြုလုပ်နေတဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးမှာလည်း ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo - CJ

VOM Telegram Channel: https://t.me/VOMNEWS2023/15483

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.

#ပြည်ပသွင်းကုန် #ဈေးတက်

18/08/2025

အသစ်အသစ်တွေရောက်ဖို့ရှိပါတယ်နော်👉..
ဆိုင်လာတိုင်း ရှိတာလေးတွေပဲ ဝယ်ယူအားပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်🙏🙏...
အားလည်းနာမိပါတယ်🙏🙏..
တစ်ကယ်ပါ 👍၃၀၀၀ နဲ့ရောင်းတာဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ပစ္စည်းအသစ်တွေလာပါမယ်နော်....

16/08/2025

16.8.25 စနေနေ့ ဆိုင်လေးဖွင့်ပါတယ်နော်..
မနေ့က ဆိုင်ပိတ်သွားလို့ မဝယ်ရတဲ့သူတွေရော လူအရမ်းကြပ်လို့ မဝယ်လိုက်ရတဲ့သူတွေရော အမြန်လေးလာခဲ့လိုက်တော့နော်......
's ကြိုက်တာယူ၃၀၀၀ကျပ်
#လူကျန်အရင်းပဲ
#ရွှေကျင်မြို့...
#ဘုရားကြီးလမ်း မဟာပညာ့ဗိမာန်စာသင်တိုက်နောက်လမ်း အရာ စားသောက်ဆိုင်နှင့်အိမ်ရှင်ထီး ရာဘာရောင်းဝယ်ရေးကြား..

15.8.25 ဆိုင်ဖွင့်ဖွင့်ချင်း လာရောက်အားပေးကြတာအားရစရာကြီး😮မရောက်သေးတဲ့သူတွေလဲ အမြန်လေးလာခဲ့လိုက်တော့နော် #ဘုရားကြီးလမ်း ...
15/08/2025

15.8.25 ဆိုင်ဖွင့်ဖွင့်ချင်း လာရောက်အားပေးကြတာအားရစရာကြီး😮
မရောက်သေးတဲ့သူတွေလဲ အမြန်လေးလာခဲ့လိုက်တော့နော်
#ဘုရားကြီးလမ်း #ရှမ်းကြေးရပ်ကွက် ရွှေကျင်မြို့ #အရာ စားသောက်ဆိုင် နှင့် အိမ်ရှင်ထီး ရာဘာရောင်းဝယ်ရေးကြားမှာပါနော်....

Address

Shwegyin

Website

Alerts

Be the first to know and let us send you an email when Grace's low price mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category