Ei Tone Foods

Ei Tone Foods Foods & Goods

24/05/2026

#စိတ်နေသဘောထားကောင်းရမယ် #အပြောအဆိုကောင်းရမယ် #လုပ်ရပ်ကောင်းရမယ် #ပါချုပ်ဆရာတော်ကြီးတရားတော် 🍎🍓🍇🍋🍏🍉🥝

🤍🩵
24/05/2026

🤍🩵

“လက်နဲ့ထိရင် ရွှေ”

◾️ဒီကာလမှာ ကျွန်တော် ကျင့်သုံးနေတာ တစ်ခုက “If you are not happy, make other people happy.” မင်း မပျော်ရင် သူတစ်ပါးကို ပျော်အောင် လုပ်ပေးလိုက် ဆိုတာပါပဲ။

အဲဒါကို တချို့က စောဒက တက်တယ်။ ကိုယ်မှ မပျော်တာ။ သူတစ်ပါးကို ဘယ်လိုပျော်အောင် ထားမလဲတဲ့။

ဟုတ်တာပေါ့။ ကိုယ်တိုင်ကမှ စိတ်ကြည်မနေရင် သူများကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့တောင် ခက်သွားတာကိုး။

သို့သော်လည်း ကျွန်တော်တို့ အခု မပျော်နေဘူး ဆိုတာက အရင်လို အလုပ်ကိစ္စ အဆင်မပြေလို့၊ တစ်ယောက်ယောက်နဲ့ စကားများလို့၊ ကားလမ်းပိတ်လို့ ဆိုတဲ့ ပြဿနာတွေလောက် မဟုတ်တော့ဘူး။ ဘဝနဲ့ ချီတယ် ပြောရမယ်။

အထီးကျန်တာ၊ လမ်းပျောက်တာ၊ အနာဂတ်က ​ဝေဝါးနေတာ၊ စိုးရိမ်ပူပန်နေရတာ၊ ဘဝရဲ့ ဘယ်အစိတ်အပိုင်းကမှ ရေရာသေချာမှု ရှိမနေတာ၊ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ် ဝင်တာ၊ အပြစ်ရှိသလို ခံစားရတာ၊ ဒီလိုအခြေအနေမျိုးတွေ ဖြစ်တယ်။ ကိုယ့်ရွေးချယ်ရပ်တည်မှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ကိစ္စတွေပေါ့။

◾️ဒါတွေကို နည်းအမျိုးမျိုးနဲ့ ကုစားကြတယ်။ မအားအောင် နေတယ်။ တစ်ခုခု လုပ်နေတယ်။ လေ့ကျင့်ခန်း လုပ်တယ်။ ပန်းချီဆွဲတယ်။ တရားထိုင်တယ်။ အကျိုးမရှိဘူးလားဆို ရှိတာပဲ။ ကိုယ့်ရဲ့ စိတ်ကို ကျေနပ်သွား၊ ပျော်သွားစေတဲ့ အရာတွေပေါ့။

အဲဒီထဲမှာ "သူတစ်ပါးကို ပျော်အောင် လုပ်ပေးလိုက်ရခြင်း" ကလည်း ထိပ်ဆုံးကနေ ပါတယ်။ အဲဒီလို လုပ်ပေးလိုက်ရတဲ့အခါ ရလာတဲ့ ခံစားချက်က ဒီကာလမှာ ဖြစ်နေတဲ့ စိတ်အဆင်မပြေမှုတွေကို အတော်လေး သက်သာရာ ရစေတယ်။

ငွေကြေးကူညီပေးတာ၊ အားပေးစကားပြောတာ၊ သူတို့ လိုအပ်နေတာကို ကူပေးတာ စသဖြင့် လုပ်ပေးလိုက်လို့ တစ်ဖက်လူက ကျေးဇူးတင်စကား ပြောတာ ခံရတဲ့အချိန်၊ အသိအမှတ်ပြုခံရတဲ့အချိန်၊ ဒါမှမဟုတ် သူတို့ အဆင်ပြေသွားတာကို မြင်ရတဲ့အချိန်မှာ ဖြစ်တဲ့ ခံစားချက်က သိသိသာသာကို ကောင်းတယ်။ ဘဝကို အဓိပ္ပါယ်ရှိလာစေတယ်။ နေပျော်လာစေတယ်။

◾️ငယ်ငယ်ကတော့ လူငယ်သဘာ၀ အကြီးကြီးတွေ ပြောဖူးတာပေါ့။ ရည်ရွယ်ဖူးတာပေါ့။ ကမ္ဘာကို ပြောင်းလဲနိုင်ခဲ့သူတွေအကြောင်း ဖတ်မိပြီး အားကျဖူးတာပေါ့။

တကယ့်တကယ်ကျ အကန့်အသတ်၊ အတားအဆီးတွေက အများကြီး။

ကမ္ဘာကြီးကို မပြောင်းလဲခင် ကမ္ဘာကြီးက ကိုယ့်ကို မပြောင်းလဲနိုင်အောင် အရင်ဆုံး ကြိုးစားရမှာပါလား ဆိုတာကို သဘောပေါက်လာတယ်။

◾️ခုဆိုလည်း ကျွန်တော်တို့ ဘာလုပ်နေတာလဲဆို ကမ္ဘာကြီးက ကိုယ့်ကို မပြောင်းလဲနိုင်အောင် တောင့်ခံနေကြရတာပဲမို့လား။

မတရားမှုကို လက်ပိုက်ကြည့်နေရင်၊ နေသာသလို နေရင် အေးဆေးပဲ၊ မင်းတို့ ဘဝပျက်မှာ မဟုတ်ဘူးတဲ့။ ကမ္ဘာကြီးက သင်ပေးနေတယ်။

လောကမှာ ငွေဆိုတာ ဒုတိယ ဘုရားသခင်ပဲ။ ငွေရှိအောင်သာ လုပ်။ ဘယ်နည်းနဲ့ချမ်းသာချမ်းသာ၊ ချမ်းသာလာပြီဆို လူတွေက မင်းရှေ့မှာ ဒူးထောက်ခစားလာကြလိမ့်မယ်တဲ့။ ကမ္ဘာကြီးက သင်နေတယ်။

မင်းတစ်ယောက်တည်းနဲ့ ဘာမှ ထူးမလာပါဘူး၊ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ဘူးကွ၊ လုပ်မနေနဲ့တဲ့။ ကမ္ဘာကြီးက ပြောနေတယ်။

အဲဒီစကားတွေကို ကြံ့ကြံ့ခံပြီး နားမယောင်မိအောင် ကြိုးစားနေကြရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကြီးကို မပြောင်းလဲခင် သူက ကိုယ့်ကို မပြောင်းလဲနိုင်အောင် အရင်ကြိုးစားရမယ်လို့ ပြောတာ။

◾️ကမ္ဘာနဲ့ချီပြီး မပြောင်းလဲနိုင်ရင် နေပါစေ။ ကိုယ်နဲ့ ထိစပ်ပတ်သက်လိုက်တဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဟာ ကိုယ့်ကြောင့် အဆင်ပိုပြေလာကြတယ်၊ ပိုကောင်းလာကြတယ် ဆိုရင်ပဲ ဘဝက ကျေနပ်စရာ ကောင်းပါတယ်။

လက်နဲ့ထိရင် ရွှေဖြစ်တယ် ဆိုတဲ့ စကားရှိတယ်။ သူလုပ်လိုက်ရင် အောင်မြင်သွားတယ်၊ သူပံ့ပိုးပေးလိုက်ရင် နာမည်ကြီးသွားတယ်၊ ဒါမျိုးကို ဆိုလိုတာပေါ့။

ကိုယ်ပတ်သက်လိုက်တဲ့ လူတစ်ယောက်က ကိုယ်နဲ့ မတွေ့ခင်ကထက် ပိုတိုးတက်လာတယ်။ ကိုယ်ရောက်သွားတဲ့ နေရာအဝန်းအဝိုင်းကလေးက ကိုယ်မရောက်ခင်ကထက် ပိုသာယာလာတယ်။ ကိုယ်ရှင်သန်ခဲ့တဲ့ နိုင်ငံက ကိုယ်မမွေးခင်ကထက် နေချင့်စဖွယ် ပိုဖြစ်လာတယ်။

ဒါဆို ကိုယ်နဲ့ ထိလိုက်တဲ့ နေရာတိုင်းဟာ ရွှေဖြစ်သွားတယ်လို့ ဆိုနိုင်တယ်ပေါ့။

ပြောင်းပြန်အနေနဲ့ စဉ်းစားရင် ကိုယ်နဲ့ ပတ်သက်လိုက်သူတိုင်းဟာ တစ်ခုခု နစ်နာသွားရတယ်။ စိတ်ထိခိုက် နာကျင်ရတယ်။ ကိုယ်ရောက်သွားတဲ့ နေရာတိုင်းဟာ ပျက်စီးသွားတယ်။ အလုပ်ခွင်တွေဟာ စိတ်ညစ်စရာ ကောင်းသွားတယ်။ ဒါဆိုရင်တော့ လက်နဲ့ထိတိုင်း ရွှံ့ဖြစ်နေပြီ ပြောရမယ်။

◾️ဒီ​တော့ အများကြီး မလုပ်နိုင်ရင် နေပါ။ ကိုယ်နဲ့ ထိစပ်လိုက်သမျှ အရာအားလုံးကိုတော့ ကိုယ့်အားဖြင့် အဆင်ပြေသွားတာ၊ ပျော်ရွှင်သွားတာ၊ တိုးတက်သွားတာပဲ ဖြစ်ရအောင် အားထုတ်စေချင်ပါတယ်။

အဲဒါက ကိုယ့်ဘဝကိုလည်း အဓိပ္ပါယ်ရှိစေတယ်။ နေပျော်စေတယ်။ တကယ်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ တစ်ပါးသူကို ကူညီလိုက်တဲ့အခါ ရလာတဲ့ ခံစားချက်ကို ပြောတာ ဖြစ်ပါတယ်။ အပြင်ကနေ လာတာ မဟုတ်ဘူး။ အတွင်းထဲကနေ လာတာမို့ ဘယ်သူကမှ လုယူလို့ မရသလို၊ ပျောက်ပျက်လည်း မလွယ်ဘူး။ တာရှည်ခံတယ်။ ပြည့်ပြည့်၀၀ ရှိတယ်။

◾️ဒါကြောင့်မို့လည်း “If you are not happy, make other people happy.” လို့ ပြောရတာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၃.၅.၂၀၂၃

23/05/2026

#ဘာချက်ကြလဲနော်?? 🫕🫕 #မင်မင်ကတော့ 👇👇

23/05/2026

#ရန်ကုန်မိုး 🌧️🌧️

19/05/2026

🥭🥭 #သရက်သီးစိမ်းလေးတွေ့တုန်းစား 😋

18/05/2026

#အာလူးကြော်ပူပူလေး🫕🫕

18/05/2026

#ပြောင်းဖူးထောင်းစားမယ် 🌽🌽

17/05/2026

#ငရုပ်ကောင်းလေးနဲ့ဝက်နံရိုးစွပ်ပြုတ်ပူပူလေး 🫕🫕🌧️🌧️

16/05/2026

Coffee Vs Raining 🌧️🌧️☕️☕️

Address

Waizayantar Street
Sagaing

Website

Alerts

Be the first to know and let us send you an email when Ei Tone Foods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share