23/04/2025
မောင့်ရဲ့ညို့လွန်းသူ
မမဆိုတဲ့ အမျိုးသမီးလေးကလေ
မောင့်အပေါ်ဆိုသိပ်ကို ရက်စက်ရှာသတဲ့
မောင်အနား သနပ်ခါးနံသင်းသင်းလေးရရင်လေ
မောင့်အမျိုးသမီးလေးဖြစ်တဲ့ မမကို သိပ်တမ်းတမိရှာသတဲ့
ဪ...အခုတော့ မမဟာ တစ်ခြားတစ်ယောက်ထံမှာ သိပ်ပျော်ရွှင်နေတယ်တဲ့နော်
ဒါကြောင့်မို့ မောင့်ပိုင်ဆိုင်ခွင့်မရှိခဲ့တဲ့
အမျိုးသမီးလေးဆို ပိုမှန်မယ်ထင်တယ်နော် မမ
ကြည်ပြာရောင်လုံချည်ဝမ်းဆက်နဲ့ မမကထိုအမျိုးသားကိုခေါ်တာက ကိုကိုတဲ့လေ
မမကသိပ်မာယာများလွန်းတယ်ဗျာ...
မောင့်ကို မထားခဲ့ဖို့ကတိတွေတောင်းရင်းးမမချန်ခဲ့တဲ့နေ့ရက်တွေမှာတော့ မောင့်မျက်ရည်တွေကို မမ မမြင်နိုင်ခဲ့လေဘူး...
ဒါပေမယ့် မောင့်ရဲ့မပြည့်စုံတဲ့ ဘဝလေးကို ဝင်မလာရဲခဲ့တဲ့ မမအား အပြစ်ပင်မဆိုရက်ပါဘူးဗျာ
မမရဲ့ ကိုကိုဆိုတဲ့အမျိုးသားကိုတော့မောင်မယှဥ်နိုင်ခဲ့ပေမယ့် မမအပြုံးတွေမြင်ရလို့ မောင်သေပျော်ရပါပြီ မမရဲ့
နောက်ဆုံးတစ်ခါလေးပဲပြောတော့မှာမို့
ချစ်တယ် "မမ"
ကျန်တာတွေနဲ့ နောက်ထပ်
အချစ်စကားတွေကိုတော့
မမရဲ့ကိုကိုဆိုတဲ့
ထိုအမျိုးကောင်းသားကပဲ
ပြောပြပါလိမ့်မယ် "မမ"......
24.4.25.
1: 53 .
SHINE.