15/12/2023
"ပန်းပိတောက် လွမ်းဆွတ်၍အပြန်''🍂🍃🖤
ပန်းပိတောက် လှမ်းဆွတ်ဖို့ အကြံ
မလှမ်းဝံ့ ပန်းထက်မြတ်ကို
လှမ်းဆွတ်ပါကွယ် ပန်ချင်လွန်းလို့
ကိုယ်ခူးကာပေး။ ။
ပန်းပိတောက် နမ်းရှိုက်မယ် အကြံ
မနမ်းဝံ့ သင်းရနံကို
ပိတုန်းရောင် ကေသာထက်
သူပန်မှ ပိုလှသည်။ ။
ပန်းပိတောက် လွမ်းဆွတ်ဖို့ မရွယ်
ပင်လုံးခြုံ ရွှေရည်မှုန်းမှ
လှမ်းဆွတ်လို့ ပန်သူရယ်မလာ
လွမ်းဆွတ်ဖို့ ကျန်သူရယ်ကိုယ်သာ
အပြန်လမ်းရဲ့ ပိတောက်နန်းမှာတဲ့
ဥဩရယ် သံငယ်သာလို့
တစ်ပွင့်ပန်းနှင့် လွမ်းရစ်သည်။ ။
ထက်အိမ် (ပိတောက်ပုံပြင်)
၁၄.၁၂. ၂၀၂၃
🖤🍃🍂