Shwe Ingyin pure peanut oil

  • Home
  • Shwe Ingyin pure peanut oil

Shwe Ingyin pure peanut oil မြင်းခြံမြို့၏ပထမဦးဆုံးFDA ထောက်ခံချက်လက်မှတ်ရ မြေပဲဆီစစ်စစ်

☘️မြေပဲဆီကို စနစ်တကျ ဘယ်လိုထားရမလဲ?1️⃣ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာမှာထားပါ • နေရောင်ခြည် နှင့် တိုက်ရိုက်ထိတ...
14/11/2025

☘️မြေပဲဆီကို စနစ်တကျ ဘယ်လိုထားရမလဲ?

1️⃣ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာမှာထားပါ

• နေရောင်ခြည် နှင့် တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားလျှင် ဆီ အနံ့ အရသာ ပျက်စီးစေတက်သောကြောင့် အထူးဂရုပြုသင့်ပါတယ်။

• သန့်ရှင်းပြီး အေးမြခြောက်သွေ့တဲ့ နေရာမှာ ထားသိုသိမ်းဆည်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

2️⃣ ဆီဘူးအဖုံးကို သေချာလေလုံအောင်ဖုံးပိတ်ပါ

• ဆီဘူးအဖုံးကို မပိတ်ဘဲအချိန်ကြာမြင့်စွာထားပါက (rancid)ဆီဂျေးစော် နံပြီး သဘာဝ အနံ့ အရသာ ပျက်စီးစေပါတယ်။

• ရေသည်ဆီကိုလျှင်မြန်စွာပျက်စီးစေတက်သောကြောင့် ရေမဝင်စေရန်အထူးဂရုပြုသုံးစွဲပါ။

3️⃣ သာမာန်အခန်းအပူချိန်မှာသာထားပါ

(အပူချိန်အရမ်းမြင့်တဲ့နေရာ နဲ့ အရမ်းအေးတဲ့နေရာတွေမှာ ထားသိုခြင်းမပြုသင့်ပါ)

• ချက်ပြုတ်ကြော်လှော်နေတဲ့ မီးဖို အနားမှာ အပူချိန်အရမ်းမြင့်တဲ့အတွက် မထားသင့်ပါ။

• အလွန်အေးခဲနေတဲ့အခန်း (fridge) ထဲမှာမထားသင့်ပါ။

***သဘာဝ အနံ့ အရသာ ပျက်စီးတက်ပါတယ်***

#ကျန်းမာသန့်ရှင်းရွှေအင်ကြင်း
#မြေပဲဆီ #မြင်းခြံပဲဆီသန့် #ပဲဆီသန့်

`မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ’ကာလ မှာ မိဘပြည်သူအပေါင်း ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံကြပြီး  သာယာပျော်ရွှင်ကြပ...
04/11/2025

`မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ’ကာလ မှာ မိဘပြည်သူအပေါင်း ကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံကြပြီး သာယာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

#သာယာချမ်းမြေ့တန်ဆောင်တိုင်လပြည့်

#ရွှေအင်ကြင်းမြေပဲဆီ

🔺မြေပဲဆီစစ်စစ်ကို စားသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိတယ်ဆိုတာ သင်သိပါသလား…….???-မြေပဲဆီစစ်စစ် စားသုံးခြင်း ကြောင့် ရရှ...
16/10/2025

🔺မြေပဲဆီစစ်စစ်ကို စားသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိတယ်ဆိုတာ သင်သိပါသလား…….???

-မြေပဲဆီစစ်စစ် စားသုံးခြင်း ကြောင့် ရရှိလာမဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေများစွာရှိတဲ့ အထဲမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ် …

☘️Vitamin E ကြွယ်ဝခြင်း

• မြေပဲဆီဟာ ဗီတာမင် အီး (Vitamin E) ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ Vitamin E ဟာ ခန္ဓာကိုယ်ကို ဖရီး ရယ်ဒီကယ် (free radicals) တွေရဲ့ ပျက်စီးမှုကနေ
ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်…

😍 ဒါကြောင့် မိသားစုတိုင်းအတွက် နေစဉ်စားသုံးနေရတဲ့ ဆီကို ကျန်းမာရေး အကျိုးကျေးဇူးတွေ များတဲ့ မြေပဲဆီစစ်စစ်ကိုဘဲ ရွှေးချယ်စားသုံးဖို့ တိုက်တွန်းလိုက်ပါတယ်…

Hotline 09 796 20 7000
#ကျန်းမာရေးအကျိုးကျေးဇူး အပိုင်း-၁
#ရွှေအင်ကြင်း
#မြင်းခြံမြေပဲဆီစစ်စစ်

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။   #2025  #ရွှေအင်ကြင်း  #မြေပဲဆီသန့်စစ်စစ်
01/01/2025

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်။
#2025 #ရွှေအင်ကြင်း #မြေပဲဆီသန့်စစ်စစ်

Christmas 🎄 ကာလလေးမှာ အားလုံးပျော်ရွှင်အေးချမ်းကြပါစေ🎉  #2025
25/12/2024

Christmas 🎄 ကာလလေးမှာ အားလုံးပျော်ရွှင်အေးချမ်းကြပါစေ🎉


#2025

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ🙏ယနေ့(12.6.2024) ရွှေအင်ကြင်းမြေပဲဆီစစ်စစ်(မြင်းခြံ) စျေးနှုန်းလေးတွေပါရှင့်🙏မြို့နယ်ဒေသအ...
12/06/2024

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ🙏

ယနေ့(12.6.2024)
ရွှေအင်ကြင်းမြေပဲဆီစစ်စစ်(မြင်းခြံ) စျေးနှုန်းလေးတွေပါရှင့်🙏

မြို့နယ်ဒေသအပေါ်မှုတည်၍ စျေးနှုန်းအနည်းငယ် အပြောင်းအလဲရှိနိုင်ပါကြောင်း အသိပေးပါရစေရှင့်…

Hotline 09 796 20 7000
FDAထောက်ခံချက်အမှတ် စ၁၂/၁၉၀၈၂/ထလ

ကဆုန်လပြည့် ဗုဒ္ဓနေ့ယနေ့ ၂၂/၀၅/၂၀၂၄ ရက် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ သည် မြတ်စွာဘုရား၏ ဘဝနှင့်ပက်သက်၍ အလွန်ထူးခြားသောနေ့ထူးနေ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့
ယနေ့ ၂၂/၀၅/၂၀၂၄ ရက် ကဆုန်လပြည့်နေ့
ဗုဒ္ဓနေ့ သည် မြတ်စွာဘုရား၏ ဘဝနှင့်ပက်သက်၍ အလွန်ထူးခြားသောနေ့ထူးနေ့မြတ်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့အနေဖြင့် ဤနေ့ထူးနေ့မြတ်ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်များကို မှန်းမျှော်ပူဇော်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ပါမောက္ခချုပ်ဆရာတော်ဘုရား နေ့မြတ်မဟာ ဗုဒ္ဓပူဇာ ကဆုန်လပြည့်ဗုဒ္ဓနေ့အတွက် စီစဉ်ပြုလုပ်ပေးထားသည့် ရဟန္တာ အရှင်မြတ်တို့ ရွတ်ဆိုပူဇော်လေ့ရှိသော ဗုဒ္ဓပူဇာမြတ်ဂါထာကို သိစေအပ်ပါသည်။

မဟာဝိဟာရကျောင်းတိုက် (မှော်ဘီ) သို့ဗီယက်နမ် အလှုရှင်များမှ မြေပဲဆီစစ်စစ် နှင့် ရွှေဘိုဧရာမင်းဆန် များ ပေးပို့လှုဒါန်းခြင...
16/05/2024

မဟာဝိဟာရကျောင်းတိုက် (မှော်ဘီ) သို့
ဗီယက်နမ် အလှုရှင်များမှ မြေပဲဆီစစ်စစ် နှင့် ရွှေဘိုဧရာမင်းဆန် များ ပေးပို့လှုဒါန်းခြင်း….

14.5.2024

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ🙏ယနေ့(8.5.2024) ရွှေအင်ကြင်းမြေပဲဆီစစ်စစ်(မြင်းခြံ) စျေးနှုန်းလေးတွေပါရှင့်🙏မြို့နယ်ဒေသအပ...
08/05/2024

မင်္ဂလာရှိသော နေ့ရက်လေးဖြစ်ပါစေ🙏

ယနေ့(8.5.2024)
ရွှေအင်ကြင်းမြေပဲဆီစစ်စစ်(မြင်းခြံ) စျေးနှုန်းလေးတွေပါရှင့်🙏

မြို့နယ်ဒေသအပေါ်မှုတည်၍ စျေးနှုန်းအနည်းငယ် အပြောင်းအလဲရှိနိုင်ပါကြောင်း အသိပေးပါရစေရှင့်…

Hotline 09 796 20 7000
FDAထောက်ခံချက်အမှတ် စ၁၂/၁၉၀၈၂/ထလ

ပြည့်ဝဆီ (Saturated fat) နှင့် ပြောင်းလဲဆီ (သို့မဟုတ်) ပြန်ကြော်ဆီ (Trans fat)   ဆီများတွင် ပြည့်ဝဆီနှင့် မပြည့်ဝဆီ (Uns...
08/04/2024

ပြည့်ဝဆီ (Saturated fat) နှင့် ပြောင်းလဲဆီ (သို့မဟုတ်) ပြန်ကြော်ဆီ (Trans fat)

ဆီများတွင် ပြည့်ဝဆီနှင့် မပြည့်ဝဆီ (Unsaturated fat) ဟု ခေါ်သည့် ဆီအမျိုးအစား (၂) မျိုး ရှိပါသည်။ ပြည့်ဝဆီဆိုသည်မှာ ဝက်ဆီ၊ အမဲဆီနှင့် စားအုန်းဆီ စသည်တို့ကို ဆိုလိုခြင်းဖြစ်ပြီး၊ မပြည့်ဝဆီဆိုသည်မှာ ဥပမာအားဖြင့် နေကြာဆီ၊ နှမ်းဆီ၊ မြေပဲဆီတို့ကို ဆိုလိုခြင်းပဲ ဖြစ်ပါသည်။ ပြည့်ဝဆီပဲဖြစ်ဖြစ်၊ မပြည့်ဝဆီပဲဖြစ်ဖြစ် အပူချိန်ကိုလွန်ကဲစွာဖြင့် တာရှည်ပေးလိုက်လျှင် (သို့မဟုတ်) ထပ်ခါထပ်ခါ အပူပေးလျှင် ပုံစံပြောင်းလဲသွားပါသည်။ ထိုသို့ ပြောင်းလဲသွားသောဆီကို ပြောင်းလဲဆီ (သို့မဟုတ်) ပြန်ကြော်ဆီ ဟု ခေါ်ပြီး ဓာတုဗေဒဖွဲ့စည်းပုံ (Chemical structure) နှင့် ပြောလျှင် Cis-form to Trans-form ပြောင်းသွားခြင်း ဖြစ်သည်။ ပြောင်းလဲဆီများသည် ကင်ဆာရောဂါဖြစ်ရန် အလားအလာအများဆုံးဖြစ်၍ ပိုပြီးကြောက်စရာကောင်းပါသည်။

အဆီများထဲတွင် ကင်ဆာရောဂါဖြစ်စေနိုင်သော အဆီများမှာ ပြည့်ဝဆီနှင့် ပြောင်းလဲဆီ (သို့မဟုတ်) ပြန်ကြော်ဆီ တို့ ဖြစ်ပါသည်။ ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီများတွင် ပါသောပြည့်ဝဆီများကို စားသောသူများသည် အဆီများစုလာကာ ဝလာပါသည်။ ကင်ဆာရောဂါဖြစ်စေသော ကာဆီနိုဂျင် အများစုသည် အဆီတွင် ပျော်ဝင်လေ့ရှိပါသည်။ အဆီများ များလာသောကြောင့် ထိုအဆီများသည် ကင်ဆာရောဂါဖြစ်စေသော ဓာတ်ပစ္စည်းများကို သိုလှောင်ထားသောနေရာကြီး ဖြစ်လာပါသည်။ ထို့ကြောင့် ဝသောသူများသည် ကင်ဆာရောဂါပိုဖြစ်နိုင်သောကြောင့် ပြည့်ဝဆီပါသော ဝက်သား၊ စားအုန်းဆီများကို အတတ်နိုင်ဆုံးရှောင်ရန် လိုပါသည်။

ပြောင်းလဲဆီကို ဆီကြော်များတွင် အများဆုံးတွေ့ရပါသည်။ ဥပမာအားဖြင့် အပူချိန်ပြင်းပြင်းနှင့် ဆီအိုးကြီးထဲတွင် ဘူးသီးကြော်၊ ပဲကြော်များကို ထပ်ခါထပ်ခါ ကြော်လိုက်သောအခါ ပြောင်းလဲဆီများ အဖြစ် ပြောင်းလဲသွားပါသည်။ ယင်းအကြော်များကို စားလိုက်သောအခါ ပြောင်းလဲဆီများသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပါသည်။ ကျွန်တော်တို့ခန္ဓာကိုယ်သည် ပြောင်းလဲဆီများကို ချေဖျက်နိုင်သောအင်ဇိုင်း (Enzyme) များ မွေးကတည်းက ပါမလာပါ။ ခန္ဓာကိုယ်အတွင်းတွင် သဘာဝအရာများကိုသာ ချေဖျက်နိုင်ရန် ပုံစံလုပ်ပေးထားခြင်း ဖြစ်ပါသည်။ ထိုပြောင်းလဲဆီများကို မချေဖျက်နိုင်သောကြောင့် အသည်းသို့ရောက်လျှင် အသည်းကိုဒုက္ခပေးပြီး အူသို့ရောက်လျှင် အူကို ဒုက္ခပေးနိုင်ပါသည်။ အထူးသဖြင့် အစာအိမ်ကင်ဆာ (Stomach cancer)၊ အူသိမ်ကင်ဆာ (Small intestine cancer)၊ အူမကြီးကင်ဆာ၊ မိန်းမများတွင်ဖြစ်သော သားဥအိမ်ကင်ဆာ (Ovarian cancer)၊ ရင်သားကင်ဆာ (Breast cancer)၊ အမျိုးသားများတွင် အဖြစ်များသော ဆီးကျိတ်ကင်ဆာ (Prostate cancer) စသည့် ကင်ဆာရောဂါများ ဖြစ်နိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

`တောင်သူလယ်သမားနေ့’ အား ဂုဏ်ပြုကြိုဆိုပါတယ် …မတ်လ (၂)ရက် ၊၂၀၂၄ ခုနှစ်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့လေးကို ကြိုဆို ဂုဏ်...
02/03/2024

`တောင်သူလယ်သမားနေ့’ အား ဂုဏ်ပြုကြိုဆိုပါတယ် …

မတ်လ (၂)ရက် ၊၂၀၂၄ ခုနှစ်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့လေးကို ကြိုဆို ဂုဏ်ပြုရင်း ကျေးဇူးရှင် တောင်သူဦးကြီးများ သက်ရှည် ကျန်းမာ စိတ်ချမ်းသာပြီး လယ်ယာအထွက်တိုးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ🙏

#တောင်သူလယ်သမားနေ့
#ရွှေအင်ကြင်းမြေပဲဆီသန့်
#မြေပဲဆီစစ်စစ်

ပြာသိုလ်လပြည့် `အမေများနေ့’ ကျေးဇူးရှင်မေမေ နှင့် အတူ အနန္တဂိုဏ်းဝင် မွေးမိခင် အမေများအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသ...
25/01/2024

ပြာသိုလ်လပြည့် `အမေများနေ့’
ကျေးဇူးရှင်မေမေ နှင့် အတူ အနန္တဂိုဏ်းဝင်
မွေးမိခင် အမေများအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေ🙏

Address

Corner Of 68 & 107A, Chanmyatharsi Tsp

05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959796207000

Website

Alerts

Be the first to know and let us send you an email when Shwe Ingyin pure peanut oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Ingyin pure peanut oil:

  • Want your business to be the top-listed Grocery Store?

Share