29/08/2022
သူ မလိုချင်တဲ့ ဂရုစိုက်မှုတွေကို ပေးနေမိတာ
ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ မလိုတဲ့သူအတွက်တော့ အပိုပဲလေ ။ ဒီလိုပါပဲ ကိုယ်ဘယ်လောက်ပဲ ပေးဆပ်နေပါစေ... ကိုယ့်ကို မလိုအပ်တဲ့ လူတစ်ယောက်အတွက်တော့ ကိုယ်ဟာ အပိုပါပဲ ။
နေမကောင်းဖြစ်မှာစိုးလို့ စိတ်ပူနေမိတာတွေကအစ ကိုယ့်ကို ထားသွားမှာအဆုံး နေရာတကာစိတ်ပူနေမိတာက အပိုတွေ လုပ်နေတာလို့ မြင်ရုံကလွဲရင် သူ့အတွက် ဘာမှ ဟုတ်မနေဘူး ။
မီးလေးစိမ်းနေလို့ ဘာများလုပ်နေလဲလို့ မေးမိတာတွေက ချက်ချင်းOffline ဖြစ်သွားလောက်ထိအောင် စွမ်းတယ် စာတွေပို့နေမိတာ အဆင်ပြေရဲ့လားလို့ မေးနေမိတာတွေက သူ့အတွက် ပိုပြီး အဆင်မပြေ ဖြစ်နေစေခဲ့မှန်း တကယ် မသိခဲ့မိတာ ။
ကိုယ်က သိပ်ချစ်တတ်သလို အချစ်လဲ ခံချင်ခဲ့တဲ့သူလေ ကိုယ်ချစ်ရင် သူလဲ ချစ်လာလိမ့်မယ်လို့ ယုံကြည်နေခဲ့မိတာ ။ ကိုယ်လိုချင်တဲ့အတိုင်း သူ့ကို ပေးနေမိတာတွေက တစ်နေ့ကျရင် ဒီနာကျင်မှုတွေအစား နွေးထွေးမှုလေးတွေ ရလာလိမ့်မယ်လို့ ယုံကြည်နေခဲ့မိတာ ။
။သူနား ရှိနေချင်တဲ့ကိုယ်ဟာ သူ့အတွက် ပိုနေတဲ့ လူတစ်ယောက်ကလွဲလို့ ဘာမှ ထူးမလာပါဘူး။
ြည့်ခံလူသားပါဒီကောင်မလေးကကိုကိုအတွက်တော့😥