Al Noor

Al Noor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Al Noor, Grocers, .

13/07/2025
07/07/2025

Canada Ijtema Ke Liye Rawana Hazrat Ji Maulana Saad Sahab Canada Airport

(17 - 6 - 2024) တနလ်ာနေ့ ဖဂျရ်ဝတ်​ပြုပြီးချိန်မှ(21 - 6 - 2024) သောကြာနေ့ အဆွရ်ဝတ်ပြုပြီးချိန်အထိ သပ်က်ဗီးရေသရှ်ရီးက်ကို...
07/06/2024

(17 - 6 - 2024) တနလ်ာနေ့ ဖဂျရ်ဝတ်​ပြုပြီးချိန်မှ
(21 - 6 - 2024) သောကြာနေ့ အဆွရ်ဝတ်ပြုပြီး
ချိန်အထိ သပ်က်ဗီးရေသရှ်ရီးက်ကို ဖရပ်ဇ်
နမားဇ်ဝတ်ပြုပြီးတိုင်း တစ်ကြိမ် ရွတ်ဆိုရမည်၊
👉 အမျိုးသားများ အသံကျယ်ကျယ်
👉 အမျိုးသမီးများ တီးတိုးစွာ ရွတ်ဆိုရမည်၊

10/12/2023

ရှိုင်ခွလ်အစ္စလာမ်ရဲ့ သမိုင်းတွင်မယ့်မိန့်ခွန်း

(ဘာသာပြန် အစ အဆုံး)

ဘာသာပြန်ဆိုသူ မောင်လာနာ နိအ်မသွလ္လာဟ် Naung Lwin

ကြင်နာတတ်ခြင်း၊ သနားညှာတာခြင်း၊ စာနာထောက်ထားခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ စိတ်ထားသိမ်မွေ့နူးညံ့ခြင်း၊ ကိုယ်ကျိုးစွန့်...
18/09/2023

ကြင်နာတတ်ခြင်း၊
သနားညှာတာခြင်း၊
စာနာထောက်ထားခြင်း၊
ကိုယ်ချင်းစာတရားရှိခြင်း၊
စိတ်ထားသိမ်မွေ့နူးညံ့ခြင်း၊
ကိုယ်ကျိုးစွန့်
အနစ်နာခံခြင်းတို့သည်
လူပီသမှု၏
အရည်အသွေးများပင်ဖြစ်သည်။
မြင့်မြတ်သော
ကိုယ်ကျင့်တရားများလည်း
ဖြစ်ပေသည်။
မြင့်မြတ်သောစာရိတ္တနှင့်
လူ ပီသ သော
အရည်အသွေးတို့ကို
ပိုင်ဆိုင်သူသည်
လူသားတိုင်းကို
ကြင်နာတတ်သည်။
လူတို့၏ ဒုက္ခကို
မိမိ၏ ဒုက္ခဟုခံယူလျက်
နာကြင်တတ်သည်။
သူဆင်းရဲကိုမြင်လျှင်
မိမိဆင်းရဲဒုက္ခ
ရောက်သည့်အလား
ခံစားနားလည်သည်။
ထို့ကြောင့်
လူတို့၏ ဒုက္ခကို
မိမိ၏ ဒုက္ခဟု ခံယူလျက်
ထိုဒုက္ခကို
ကိုယ်တိုင်၀င်ရောက်
ဖြေရှင်းပေးသည်။
လူတို့၏ ဆင်းရဲငတ်မွတ်မှုကို
မိမိ၏ ဆင်းရဲဟုခံယူလျက်
ကိုယ်တိုင်၀င်ရောက်
ကူညီသည်။
မြင့်မြတ်သော စာရိတ္တနှင့်
လူပီသမှု အရည်အသွေးကို
ပိုင်ဆိုင်သူသည်
အခြားသူများခံစားနေကြရသော
ဘေးဒုက္ခအမျိုးမျိုးကိုလျစ်လျူရှုကာ
မိမိ၏ စည်းစိမ် ချမ်းသာအပေါ်၌
ယစ်မူး၍နေမည်မဟုတ်ပေ။
ယစ်မူးနိုင်မည်လည်း မဟုတ်ပေ။
စိတ်ထားမြင့်မြတ်သူသည်
မိမိ၏အဖော် လူသားတစ်ဦး
စိတ်ဒုက္ခ ခံစားနေရသည်ကို
မြင်လျက်နှင့် အိနြေ္ဒမပျက် မနေနိုင်။
မကြည့်ရက်နိုင်ပေ။
မိမိ၏ ဘ၀တူ လူသားတစ်ယောက်
ဆာလောင်ငတ်မွတ်နေသည်ကို
သိလျက် မြိန်ရှက်စွာ မစားနိုင်။
ခိုကိုးရာမဲ့ကလေးငယ်များကို
တွေ့ကြုံရလျက်
ထိုကလေးငယ်များအပေါ်
ကရုဏာ မသက်ဘဲ မနေနိုင်ချေ။
ဤသည့်
မြင့်မြတ်သော စာရိတ္တ၊
ထူးခြားသော
အရည်အသွေးများဖြင့်သာလျင်
လူသည် လူပီသ၍
တိရိစ္ဆာန်နှင့် ခြားနား၏။
ကြင်နာတတ်သော၊
စာနာ ထောက်ထားတတ်သော
နှလုံးသားပိုင်ရှင်သည်
ဒုက္ခရောက်သူကို
ကူညီမည်ဖြစ်၏။
လိုအပ်သူကို
ဖြည့်ဆည်းမည်ဖြစ်သည်။
အားငယ်သူကို
အားပေး၍
နိမ့်က်သူကို
မြှင့်တင်ပေးမည်ဖြစ်၏။
နှလုံးသားမာပြင်း၍
ကြင်နာမှု ကင်းမဲ့သူ
ကိုယ်ချင်းစာတရားခေါင်းပါးသူ၊
ခက်ထန်မောက်မာသူဖြစ်လျှင်
လူတို့ကြုံတွေ့ခံစးနေကြရသော
ဒုက္ခ များကို စိတ်မ၀င်စားနိုင်ဘဲ
မိမိကြီးပွားချမ်းသာရေး
တစ်ခုကိုသာကြည့်တတ်သည်။
အခြားသူတို့၏ ဆင်းရဲဒုက္ခကို
ကူညီဖြေရှင်းပေးရန် မဆိုထားဘိ။
အခြားသူများ
ဆင်းရဲဒုက္ခရောက်လေမှ
မိမိကြီးပွားချမ်းသာမည်ဟု
ယူဆလျက်
အခြားသူများနှင့်
လူ့အဖွဲ့ အစည်းကို
ဒုက္ခပေးရန် ၀န်လေးမည်
မဟုတ်ချေ။
ဤကဲ့သို့ အတ္တကြီးမားသော
တစ်ကိုယ်တော်
ကောင်းစားရေးဝါဒီတို့သည်
ဤလောက၌
လူအဖြစ် မွေးဖွားလာရန်ပင်
မထိုက်ချေ။
-
လူတို့သည် မိမိတို့၏
လူ့အဖွဲ့အစည်းအတွင်း
လူပီသစွာနေထိုင်ကြရန်
မြင့်မြတ်သော
ကိုယ်ကျင့်တရားနှင့်
စာရိတ္တမွန်ကို တည်ဆောက်ရန်
ကုရ်အာန်က လမ်းညွှန်သည်။
ကုရ်အာန်ကျမ်း လာ
ဗျာဒိတ်တော်များက
လူ့တန်ဖိုးကို ဖော်ပြ၏။
သူဆင်းရဲတို့အပေါ်
ကြင်နာစွာ ဆက်ဆံရန်
တိုက်တွန်း၏။
ခိုကိုးရာမဲ့မိဘမဲ့ ကလေးတို့ကို
ကယ်တင်ရန်နိုးဆော်၏။
ဒုက္ခအခက်အခဲနှင့်
ကြုံတွေ့ရသူတို့အား
ကူညီဖြေရှင်းရန်
တောင်းဆိုသည်။
ဤသည့် လူသားချင်း
ထားရှိအပ်သော ၀တ္တရားကို
အလ္လာဟ်အရှင်မြတ်ကို
ယုံကြည်ခြင်း ၊
ဆွလာသ် ၀တ်ပြုခြင်း
စသည်တို့နှင့်တွဲစပ်လျက်
အလေးအနက်မိန့်ဆို
ညွှန်ကြားချက်များသည်
ကျမ်းတော်မြတ်ကုရ်အာန်၌
အကြိမ်ကြိမ်လာရှိသည်။
♥ ♥ ♥
“အသင်သည်
အစားပေးမည့်နေ့ကို
မဟုတ်မမှန်ဟူ၍
ငြင်းပယ်သူကို
မမြင်သလော။
ထိုသူသည်
(ယသီးမ်)
ဘမဲ့ကလေးသူငယ်အား
မောင်းနှင်ထုတ်၏။
၄င်းပြင် ထိုသူသည်
သူဆင်းရဲတို့အား
အစားအစာကျွေးမွေးရန်
တိုက်တွန်း
နိုးဆော်ခြင်းလည်း မပြု။
သို့ဖြစ်ရာ
အကြင်
ဆွလာတ်
၀တ်ပြုသူတို့အဖို့
အကြီးအကျယ်
ပျက်စီးခြင်းရှိ၏။
ထိုသူတို့သည်
မိမိတို့၏ ဆွလာတ်
၀တ်ပြုမှုနှင့် စပ်လျဉ်း၍
ပေါ့လျော့ကြ၏။
အကြင်
ဆွလာသ်
၀တ်ပြုသူတို့သည်
ပကာသန
ကြွားဝါပြစားမှုကို
ပြုကြ၏။
၄င်းပြင်
အသေးအဖွဲ
အသုံးအဆောင်
ပစ္စည်းများကိုပင်
အခြားသူတို့အား
ငှားရမ်းပေးကမ်းခြင်းမှ
တားမြစ်ကြ၏။
(ကုရ်အာန် - ၁၀၇း ၁ - ၇)



“သို့ပါလျက်
ထိုသူသားသည်
တောင်ကြားလမ်းကို
ဖြတ်ကူးခဲ့သည်
မဟုတ်ပေ။
စင်စစ်
တောင်ကြားလမ်း ဟူသည်
အဘယ်နည်း။
အသင်သိပါသလော။
ကျွန်တစ်ဦးကို
ကျွန်ဘ၀မှ
လွတ်မြောက်စေခြင်းဖြစ်၏။
သို့မဟုတ်
ငတ်မွတ်သောနေ့တွင်
ကျွေးမွေးခြင်းပင်ဖြစ်သည်။
ဆွေမျိုးနီးစပ်သော
(ယသီးမ်)
ဘမဲ့ ကလေးငယ်ကို
သော်လည်းကောင်း၊
မြေကြီးပေါ်လူးလိမ့်နေသော
ဒုက္ခိတသူဆင်းရဲကို
သော်လည်းကောင်း
ကျွေးမွေးခြင်းပင်ဖြစ်သည်။
ထို့နောက် အကြင်သူတို့၌
အပါအ၀င်ဖြစ်ခြင်းဖြစ်သည်။
ထိုသူတို့သည်
အီမာန်
သက်၀င်ယုံကြည်ခဲ့ကြ၏။
၄င်းပြင်
အချင်းချင်း
တစ်ဦးကို တစ်ဦး
သည်းခံကြရန်
လေးနက်စွာ
ဆုံးမခဲ့ကြကုန်၏။
ထိုနည်းတူစွာ
အချင်းချင်း
တစ်ဦးကို တစ်ဦး
ကရုဏာတရား
ထားရှိကြရန်လည်း
လေးနက်စွာ
ဆုံးမခဲ့ကြကုန်၏။”
ကုရ်အာန်(၉၀း ၁၁-၁၇)



အလျင်းမဟုတ်၊
စင်စစ်မှာကား
အသင်တို့သည်
(ယသီးမ်)
ဘမဲ့ကလေးငယ်များအား
ကရုဏာပေး ကြသည်
မဟုတ်ပေ။
ထို့ပြင် အသင်တို့သည်
သူဆင်းရဲတို့အား
ကျွေးမွေးရန်
တိုက်တွန်း
နိုးဆော် ကြသည်လည်း
မဟုတ်ပေ။
၄င်းပြင် အသင်တို့သည်
အမွေပစ္စည်းများကိုလည်း
သိမ်းကျုံးလျက်
စားသုံးကြကုန်၏။
ထို့ပြင် အသင်တို့သည်
ဥစ္စာပစ္စည်းကိုလည်း
အလွန်အမင်း
တတ်မက်ကြကုန်၏။
ကုရ်အာန်(၈၉း ၁၇-၂၀)



“လူတိုင်းသည်
မိမိတို့ရှာဖွေ
ဆည်းပူးခဲ့ကြသော
အပြုအမူများဖြင့်
ချုပ်နှောင်ထားပြီး
ဖြစ်ချေသည်။
သို့ရာတွင်
လက်ယာဘက်သားတို့မှာကား
ဂျန္နတ်ဥယျာဉ်များ၌
စံစားကြရပေမည်။
၄င်းတို့သည်
အပြစ်သားများနှင့် စပ်လျဉ်း၍
မေးမြန်းလျက်ရှိကြပေမည်။
“မည်သည့်အရာက
အသင်တို့ အား
စကရ် ငရဲသို့
လားစေခဲ့သနည်း”
၄င်းတို့က ဤသို့
ပြောဆိုဖြေကြားပေမည်။
“ကျွန်ုပ်တို့သည်
ဆွလာသ် ၀တ်ပြုသူတို့တွင်
အပါအ၀င်မဖြစ်ခဲ့ကြ။
၄င်းပြင် သူဆင်းရဲတို့အားလည်း
ကျွေးမွေးခြင်းမရှိခဲ့ကြ။
ကုရ်အာန်(၇၄း ၂၈-၄၄)



သို့ဖြစ်ရာ
မည်သို့ပင်ဖြစ်စေ၊
အကြင်သူသည်
ပေးကမ်းလှူဒါန်း၏။
၄င်းပြင်
အလ္လာဟ်အရှင်မြတ်ကို
ကြောက်ရွံ့ရိုသေ၏။
၄င်းပြင်
ထိုသူသည်
ကောင်းမြတ်သောအရာကို
ထောက်ခံ၏။
သို့ဖြစ်လျှင်
ငါအရှင်မြတ်သည်
ထိုသူအား
လွယ်ကူမှုသို့
ပို့ပေးတော်မူ၏။
သို့ရာတွင်
မည်သို့ပင်ဖြစ်စေ၊
အကြင်သူသည်
စေးနဲတွန့်တို၏။
၄င်းပြင်
ထိုသူသည်
မိမိကိုယ်ကို
ပြည့်စုံပြီဟု
မှတ်ယူဆ၏။
သို့သာမက
ထိုသူသည်
ကောင်းမြတ်သောအရာကို
မထောက်ခံငြင်းဆန်၏။
သို့ဖြစ်လျှင်
ငါအရှင်မြတ်သည်
ထိုသူအား
ခက်ခဲမှုသို့
ပို့ပေးတော်မူ၏။”
ကုရ်အာန်(၉၂း ၅-၁၀)



ထို့ပြင်
အကြင်သူတို့နှင့်လည်း
သက်ဆိုင်သည်။
ထိုသူတို့သည်
ထို မုဟာဂျိရ်တို့
မရောက်လာမီကပင်
အစ္စလာမ်မြို့တော်၌
နေထိုင်လျက်ရှိကြကုန်၏။
အီမာန် ယုံကြည်မှုတွင်
ကြံ့ခိုင်စွာရှိကြကုန်၏။
၄င်းတို့သည်
မိမိတို့ထံ
ရွှေ့ပြောင်းခဲ့ကြသော
မုဟာဂျိရ်များအား
ချစ်မြတ်နိုးကြကုန်၏။
ထို့ပြင်
၄င်းတို့သည်
ထိုမုဟာဂျိရ်များရရှိကြသော
ပစ္စည်းများကြောင့်
မိမိတို့၏ စိတ်ထဲ၌
တစ်စုံတစ်ရာ
မကျေနပ်မှုကို
တွေ့ရှိခံစားကြရသည်
မဟုတ်ပေ။
ထို့ပြင် ၄င်းတို့သည်
မိမိတို့ကိုယ်တိုင်
ငတ်မွတ်နေသော်လည်း
ထိုမုဟာဂျိရ်တို့အား
မိမိတို့ထက်
ဦးစားပေးကြကုန်၏။
စင်စစ်
မည်သူမဆို
မိမိအတ္တ၏
လောဘ ရမ္မက်ကြီးမှုနှင့်
ကင်းလွတ်စေခြင်းခံရလျှင်
ထိုကဲ့သို့သောသူတို့သည်
အောင်မြင်သူများဖြစ်ကြပေသည်။
(ကုရ်အာန်- ၅၉း ၉)

♥ ♥

ဖော်ပြပြီး
ကုရ်အာန်
အာယသ်တော်များက
လူ့အစုအဝေးအတွင်း၌
မြင့်မားသည့် စာရိတ္တကို
တည်ဆောက်ရန်၊
အချင်းချင်း
ကြင်နာစွာဆက်ဆံကြရန်
လမ်းညွှန်ထားသည်။
ထို့ကြောင့်
ဥစ္စာပစ္စည်းများ၊
အခြွေအရံများနှင့်
လောကီရေးကြွယ်၀သူတို့သည်
မိမိတို့အား
အလ္လာဟ်အရှင်မြတ်
ချီးမြင့်ထားသည့်
ဤဥစ္စာပစ္စည်းများအား
အိုးမဲ့အိမ်မဲ့များ၊
စားရမဲ့သောက်ရမဲ့များ၊
သူဆင်းရဲများနှင့်
ခိုကိုးရာမဲ့ကလေးသူငယ်တို့ကို
ဝေငှပေးကမ်းလျက်
သာယာသော
လူ့အစုအဝေးကို
တည်ဆောက်ခြင်းဖြင့်
အလ္လာဟ်အရှင်မြတ်ကို
ကျေးဇူးတင်ရပေမည်။
လက်တွေ့
ပေးကမ်းလှူဒါန်းခြင်းမပြုဘဲ
နှုတ်ဖြင့်
အရှင်မြတ်အား
ကျေးဇူးတင်ရုံမျှဖြင့်
မလုံလောက်ချေ။
အရှင်မြတ်ထံမှ
ကရုဏာတော်ကို
ခံစားရလိုလျင်
မိမိကလည်း လူတို့အား
ကရုဏာဖြင့် ဆက်ဆံလျက်
ပေးကမ်းလှူဒါန်းရပေမည်။
ဤသည့် လက်တွေ့
ကရုဏာထားရမည့်ပုံစံကို
တမန်တော်မြတ်က
လက်တွေ့ဖော်ဆောင်
ကျင့်သုံးသွားခဲ့သည်။
စံပြအဖြစ်
သတ္တဝါအပေါင်းတို့အား
ကြင်နာမှုကို ပေးခဲ့သည်။
အနစ်နာခံခဲ့သည်။
ကိုယ်ကျိုးစွန့်ခဲ့သည်။
-
အလ္လာဟ်အရှင်မြတ်သည်
တမန်တော်မြတ်မုဟမ္မဒ်အား
လူသားထုတစ်ရပ်လုံးထံ
စေလွတ်တော်မူခြင်းဖြင့်
လူသားအားလုံးအပေါ်
ကျေးဇူးပြုတော် မူခဲ့သည်။
အလ္လာဟ်အရှင်မြတ်သည်
တမန်တော်မြတ်အား
စံပြလူသားအဖြစ်
ပျိုးထောင်တော်မူခဲ့သည်။
တမန်တော်မြတ်၏ စာရိတ္တကို
အထွတ် အထိပ် ရောက်အောင်
မြင့်မားစေတော်မူခဲ့ပြီး
ရုပ်နာမ်ဆိုင်ရာ
အရည်အသွေးနှစ်ရပ်လုံးကို
တောက်ပြောင်စေတော်မူခဲ့သည်။
ကုရ်အာန်ကျမ်းလာ
အာယတ်တော်များစွာက
တမန်တော်မြတ်၏
ထူးခြားသော ဂုဏ်ရည်တို့ကို
ချီးကျူးဖော်ပြထားပေသည်။

မုချဧကန်၊
အသင်(တမန်တော်)သည်
ကြီးကျယ်မြင့်မြတ်လှသော
စာရိတ္တပေါ်တွင်ရှိ၏။
ကုရ်အာန်(၆၈း ၄)

သို့ဖြစ်ရာ အသင်သည်
အလ္လာဟ်အရှင်မြတ်အထံတော်မှ
ကရုဏာတော်ကြောင့်သာလျင်
ထိုသူတို့နှင့်
နူးညံ့သိမ်မွေ့စွာ
ဆက်ဆံခဲ့လေပြီ။
အကယ်၍သာ
အသင်သည်
ခက်ထန်ကြမ်းတမ်းသူ၊
စိတ်သဘော ကြမ်းကြုတ်သူဖြစ်ခဲ့ပါလျင်
ထိုသူတို့သည် အသင်၏အပါးမှ
ကစဉ့်ကလျားဖြစ်ကာ
ထွက်ခွာသွားကြ မည်မှာ
မချွတ်ဧကန်တည်း။
ကုရ်အာန် (၃း ၁၅၉)

“ဧကန်ပင်
အသင်တို့အနက်မှ
တမန်တော်တစ်ပါးသည်
အသင်တိုိ့ထံသို့
ရောက်ရှိလာခဲ့ချေပြီ။
အသင်တို့တွေကြုံရသော
ဒုက္ခသည်
ထို တမန်တော်အပေါ်၌
၀န်လေးလှ၏။
၄င်းပြင်
ထိုတမန်တော်သည်
အသင်တို့နှင့် ပတ်သက်၍
ကောင်းရာကို
အာသာဆန္ဒပြင်းပြစွာ
တက်မက်သူဖြစ်၏။
မုအ်မင်န်
ယုံကြည်သူတို့နှင့်ပတ်သက်၍
အလွန်နူးညံ့သိမ်မွေ့သူ
အလွန်သနားကြင်နာတတ်သူ
လည်းဖြစ်၏။
ကုရ်အာန်(၉း ၁၂၈)


ဖော်ပြပါ ကုရ်အာန်ကျမ်းလာ
အာယသ်တော်များ၏
ဖော်ပြချက်များအရပင်
တမန်တော်မြတ်၏
ဘ၀တည်ဆောက်မှုပုံစံသည်
ကရုဏာအတိဖြစ်၏။
တမန်တော်မြတ်၏
အကြည့်တိုင်းတွင်
ကရုဏာရှိ၏။
တမန်တော်မြတ်၏
သြ၀ါဒတော်များ၌
ကရုဏာသံပါ၏။
တမန်တော်မြတ်၏
လှုပ်ရှားမှုတိုင်းသည်
ကရုဏာ၏
အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဟု
ဆိုနိုင်သည်။
တမန်တော်မြတ်၏
ဘ၀တစ်ခုလုံးကို လေ့လာလျှင်
တမန်တော်မြတ်ကို
သဘောထားကြီးသူ၊
ခွင့်လွတ်မှုအားကြီးသူ၊
ကြင်နာတတ်သူ၊
အနစ်နာခံ ကိုယ်ကျိုးစွန့်သူအဖြစ်
မြင်တွေ့ရမည်ဖြစ်သည်။
တမန်တော်မြတ်၏
နှလုံးသားသည်
သူစိမ်း၊ သူကျက်၊
ဆင်းရဲ၊ ချမ်းသာ၊
ရန်သူ၊ မိတ်ဆွေ
မခွဲခြားဘဲ အားလုံးအပေါ်
ကရုဏာထားသော
နှလုံးသားဖြစ်သည်ကို
သမိုင်းစာမျက်နှာများက
သက်သေဖြစ်သည်။
တမန်တော်မြတ်သည်
နဗီတမန်တော်အဖြစ်ကို
ချီးမြင့်ခြင်းခံရပြီး အချိန်မှစ၍
မက္ကဟ်မြို့ရှိ
ကာဖိရ် ငြင်းပယ်သူတို့၏
ဒုက္ခပေးမှုအမျိုးမျိုးကို
ရင်ဆိုင်ခဲ့ရသည်။
တမန်တော်မြတ်အား
အဆုံးစီရင်ရန် အထိပင်
ကြံစည်အားထုတ်လာခဲ့ကြသည်။
ဤသည့် အခြေအနေ၌ပင်လျှင်
တမန်တော်မြတ်က
အလ္လာဟ် အရှင်မြတ်ထံ-
“အို-အလ္လာဟ်အရှင်မြတ်၊
ကျွန်တော်မျိုး၏ အမျိုးသားများကို
ခွင့်လွတ်တော်မူပါ။
လမ်းမှန်ချီးမြင့်တော်မူပါ။
၄င်းတို့သည်
မသိနားမလည်ကြသူများ
သာဖြစ်ကြပါသည်”ဟု
လျှောက်ထား တောင်းဆိုခဲ့သည်။
-
တမန်တော်မြတ်နှင့် လက်တွဲ၍
အစ္စလာမ့်အတွက် ဒုက္ခပေါင်းစုံကို
ခါးစီးခံခဲ့ရသော မိခင်မွန်
အာအိရှဟ်သခင်မက-
“အို-တမန်တော်မြတ်၊
အုဟုဒ်စစ်ပွဲဖြစ်ပွားခဲ့သော
နေ့ရက်ထက်ပို၍
ပြင်းထန်သောနေ့ကို
တမန်တော်ကြုံခဲ့ဘူးသလော”ဟု
မေးလျှောက်ရာ
တမန်တော်မြတ်က
“အုဟုဒ် စစ်ပွဲနေ့ထက်
ဆိုးရွားသောနေ့တစ်နေ့ကို
ကျွန်ုပ် တမန်တော်ကြုံတွေ့ခဲ့ရသည်။
ကျွန်ုပ်တမန်တော်၏ ဘ၀၌
ထိုနေ့ထက်ဆိုးရွားသော
ဒုက္ခကို မတွေ့ခဲ့ရဘူးချေ။
ကျွန်ုပ်သည်
တောင်ကြားအရပ်၌
ဖြစ်ပျက်ခဲ့သောနေ့၏
ဒုက္ခသည်
ဒုက္ခဟူသမျှတွင်
အဆိုးရွားဆုံးဒုက္ခဖြစ်ခဲ့သည်။
ကျွန်ုပ်သည်
အိဗ်နုအဗ်ဒိ ယာလီလ်
အိဗ်နုအဗ်ဒိ ကိလာလ်ဆိုသူအား
အစ္စလာမ်ကို တင်ပြခဲ့ရာ
သူသည် ကျွန်ုပ်အား
လက်ခံဖြေကြားခြင်းမရှိခဲ့။
သို့သာမက ကျွန်ုပ်အား
ဒုက္ခအမျိုးမျိုးပေးခဲ့ကြသဖြင့်
ကျွန်ုပ်၏ အပြန်ခရီးတစ်နေရာ၌
သတိလစ်မေ့မြောသွားခဲ့သည်။
ကျွန်ုပ်သတိပြန်ရလာသောအခါ ကျွန်ုပ်သည် နဂျဒ်နယ်နိမိတ်အစွန်ရှိ
တောင်စွယ်တစ်ခု၌
ရောက်ရှိနေကြောင်း သိရ၏။
၄င်းပြင်
မိုးသားတိမ်လိပ်တစ်ခုသည်
ကျွန်ုပ်အား
အရိပ်မိုးထားသည်ကိုလည်း
မြင်ရသည်။
ထိုမိုးသား၌
ကျွန်ုပ်သည်
ဂျိဗ်ရိလ်ကောင်းကင်တမန်အား မြင်ရသည်။
ဂျိဗ်ရိလ်က ကျွန်ုပ်အား
“အိုတမန်တော်
အလ္လာဟ် အရှင်မြတ်သည်
အသင်၏ အမျိုးသားများက
အသင်အား မည်သို့မည်ပုံ
ပြောဆိုခဲ့ကြသည်ကို
ကြားတော်မူ၏။
အသင့်အား ၄င်းတို့က
မည်သို့မည်ပုံ
တုန့်ပြန်ခဲ့ကြသည်ကိုလည်း
သိတော်မူ၏။
သို့ဖြစ်ရာ
အလ္လာဟ် အရှင်မြတ်သည်
တောင်များ၏
ကောင်းကင်တမန်တစ်ပါးကို
အသင့်ထံစေလွှတ်တော်မူခဲ့ပြီ။
၄င်းအား
အသင်နှစ်သက်ရာ
ညွှန်ကြားလေ”ဟု
လျှောက်ထား၏။
ထိုခဏ၌ပင် တောင်များ၏
ကောင်းကင်တမန်သည်
ကျွန်ုပ်ထံလာရောက်လျက်
“အိုတမန်တော်၊
အကယ်၍ အသင်အလိုရှိပါလျင်
ကျွန်ုပ်သည် ၄င်းတို့အား
တောင်များဖြင့် ညှပ်၍
ဖျက်စီးပစ်နိုင်ပါသည်”ဟု
လျှောက်ထား၏။
ကျွန်ုပ်က
“ဤသို့ မဖျက်စီးပါနှင့်။
၄င်းတို့၏ အဆက်အနွယ်မှ
အလ္လာဟ်အရှင်မြတ်ကိုသာလျင်
ကိုးကွယ်ကြပြီး
အလ္လာဟ်အရှင်မြတ်နှင့်
အခြားအရာကို
ယှဉ်တွဲကိုးကွယ်ခြင်းမရှိသူတို့
ပေါက်ဖွားလာမည်ကို
ကျွန်ုပ်မျှော်လင့်ပါသည်”ဟု
ပြန်လည် ပြောကြားခဲ့သည်။
-
ဤသည်
တမန်တော်မြတ်၏
နက်ရှိုင်းသည့်
ကရုဏာပင် ဖြစ်တော့၏။
မိမိနှင့် နောက်လိုက်
မွတ်စ်လင်မ်တို့ကို
နည်းမျိုးစုံဖြင့်
ဒုက္ခပေးခဲ့ကြသော
ကာဖိရ်များကို
ခွင့်လွတ်ခဲ့ကြသည်။
မိမိ၏ကရုဏာတော်ကို
ရန်သူများအပေါ်
လွမ်းခြုံထားနိုင်ခဲ့သည်။
၄င်းတို့၏ လက်ရှိ
ဒုက္ခပေးမှုကို ဥပေက္ခာပြု၍
၄င်းတို့၏ အနာဂတ်ကို
မျှော်လင့်ခဲ့သည်။
တမန်တော်မြတ်၏
ဤမျှော်လင့်ချက်နှင့်
မက်ထားမှုသည်
အမှန်ဖြစ်ခဲ့သည်။
၄င်းတို့၏
မျိုးဆက်သစ်များသည်
အစ္စလာမ့်အတွက်
ရွံ့ရွံ့ချွံချွံစွန့်စားခဲ့ကြသည့်
ခေါင်းဆောင်များဖြစ်ခဲ့ကြသည်။
ခါလိဒ’် အိဗ်နု၀လိဒ’်၊
မအရ်အိဗ်နုလ်အာဆွ်၊
အိက်ရမဟ် အိဗ်နုအဘီဂျဟလ်၊
ဆွာဖ်ဝါန်အိဗ်နုအ်မိုက်ယဟ်၊
အလ်၀လီဒ်အိဗ်နုအုက်ဗဟ်
စသော မွတ်စ်လင်မ်
ခေါင်းဆောင်များသည်
တမန်တော်မြတ်၏
ကရုဏာတော်မှ
ထွက်ပေါ်လာသည့်
အသီးအပွင့်များပင်
ဖြစ်ခဲ့ပေသည်။
၄င်းကာဖိရ်ခေါင်းဆောင်တို့သည်
အစ္စလာမ်ကို နည်းမျိုးစုံဖြင့်
နှောင့်ယှက် တိုက်ခိုက်ခဲ့ကြသော်လည်း
၄င်းတို့၏ မျိုးဆက်သစ်သည်
အစ္စလာမ်ကို
အသက်ပေးကာကွယ်ခဲ့ကြပြီး
ကမ္ဘာအနှံ့ပြန့်နှံစေခဲ့ကြသည်။
-
အဗူဟုရိုင်ရဟ်က
ဤသို့ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်က
ဤသို့မိန့်တော်မူခဲ့သည်။
“နဗီတိုင်းသည်
အလ္လာဟ်အရှင်မြတ်
မလွဲမသွေ လက်ခံတော်မူမည့်
ဆုတောင်းကို ရရှိကြပြီး
နဗီတိုင်းက
မိမိတို့ရရှိကြသော
ဆုတောင်းကို
တောင်းဆိုခဲ့ကြပြီးဖြစ်သည်။
သို့သော် ကျွန်ုပ်မူကား
ကျွန်ုပ်၏ဆုတောင်းကို
ကိယာမသ်နေ့တွင်
ကျွန်ုပ်၏ အွမ္မဒ်သားများအတွက်
အသနားခံ ရှဖာအသ်ပြုရန်
သိမ်းဆည်းထား၏။
အလ္လာဟ်အရှင်မြတ်
အလိုတော်ရှိပါလျင်
(ရှရိက်) အရှင်မြတ်နှင့်
ယှဉ်တွဲကိုးကွယ်သူများမှအပ
ဖြစ်သော
ကျွန်ုပ်၏ အွမ္မသ်သည်
ထိုရှဖာအသ်အသနားခံမှုကို
ရရှိကြမည်ဖြစ်သည်။
-
အဗူဟုရိုင်ရဟ်က
ဤသို့ဆင့်ပြန်ခဲ့သည်။
တစ်နေ့သ၌
တမန်တော်မြတ်သည်
မိမိအတွက်
အင်္ကျီတစ်ထည်၀ယ်ရန်
ဒိရ်ဟမ်ဒင်္ဂါးရှစ်ပြားကို
ယူဆောင်လျက်
စျေးသို့ ထွက်လာခဲ့သည်။
လမ်း၌ တမန်တော်မြတ်သည်
ငိုကျွေးနေသော
ကျွန်အမျိုးသမီးငယ်တစ်ဦးကို
မြင်လျင်
“အသင်မ
အဘယ်ကြောင့်
ငိုကျွေးနေသနည်း”ဟု
မေး၏။
ကျွန်အမျိုးသမီးငယ်က
“အိုတမန်တော်
ကျွန်မ၏သခင်က
ဒိရ်ဟမ်နှစ်ပြားဖြင့်
စျေး၀ယ်ရန် ကျွန်မကို
ခိုင်းစေလိုက်ပါသည်။
ယခု ထိုဒိရ်ဟမ် နှစ်ပြား
မည်သည်ိ့နေရာတွင်
ကျပျောက်သည်ကို
ကျွန်မ မသိပါ။
ကျွန်မအိမ်သို့
ပြန်ရန်လည်း မဝံ့ပါ။
သခင်နှိပ်စက်မည်ကို
ကြောက်ပါသည်”ဟု ဆို၏။
ထိုအခါ တမန်တော်မြတ်က
ကျွန်အမျိုးသမီးငယ်အပေါ်
ကရုဏာသက်တော်မူပြီး
မိမိ၌ရှိသော
ဒိရ်ဟမ်ရှစ်ပြား အနက်
နှစ်ပြားကို ပေးကမ်းလိုက်၏။
ထို့နောက် စျေးသို့
ဆက်လက်ထွက်ခွာသွားပြီး
မိမိအတွက် အင်္ကျီတစ်ထည်ကို
ဒိရ်ဟမ်(၃)ပြားဖြင့်
၀ယ်ခဲ့သည်။
အပြန်လမ်း၌
တမန်တော်မြတ်သည်
အာဟာရပြတ်လတ်လျက်
ပိန်လှီ တုံရီနေသော
အဖိုးအိုတစ်ဦးကို
တွေ့ပြန်၏။
ထိုအဖိုးအိုက
“ကျွန်ုပ်တွင်
ဤနံငယ်ပိုင်းမှအပ
အခြား၀တ်စရာ မရှိပါ။
ကျွန်ုပ်အား ၀တ်စရာ
အ၀တ်ပေးကြပါ။
အလ္လာဟ်အရှင်မြတ်သည်
ကျွန်ုပ်အတွက် အ၀တ်အစား
လှူဒါန်းသူကို
ဂျန္နသ်၏ ပိုးထည်ကို
ချီးမြှင့်တော်မူပါစေ”ဟု
အော်ဟစ်အကူအညီ
တောင်းခံ လျက်ရှိ၏။
တမန်တော်မြတ်သည်
အဖိုးအိုအပေါ်
ကရုဏာသက်လျက်
မိမိ၀ယ်လာသည့် အင်္ကျီကို
ထိုအဖိုးအိုအား ပေးကမ်းလိုက်ပြီး
စျေးသို့တစ်ဖန် ပြန်၍
ကျန်ရှိသော
ဒိရ်ဟမ် ဒင်္ဂါး(၃)ပြားဖြင့်
အင်္ကျီကို ထပ်မံ၀ယ်ကာ
ပြန်လာခဲ့သည်။
အပြန်လမ်း၌
ကျွန်အမျိုးသမီးငယ်အား
အိမ်မပြန်သေးဘဲ
ငိုကျွေးလျက်ပင်
ရှိနေသေးသည်ကို
တွေ့ရပြန်သဖြင့်
တမန်တော်မြတ်က
“အိုသူငယ်မ၊
အသင်မကို ကျွန်ုပ်သည်
ဒင်္ဂါးနှစ်ပြားပေးခဲ့ပြီ
မဟုတ်လော။
အဘယ်ကြောင့်
ငိုကျွေးနေရပြန်သနည်း”
ဟု မေးရာ
ကျွန်အမျိုးသမီးငယ်က
“မှန်ပါသည် သို့သော်
ကျွန်မအိမ်အပြန်
နောက်ကျသည့်အတွက်
သခင်
ဆူပူကြိမ်းမောင်းမည်ကို
ကြောက်ရွံ့သဖြင့်
ငိုကျွေးနေပါသည်။
ကျွန်မအိမ်မပြန်ဝံ့ပါ”ဟု
ပြော၏။
ထိုအခါ ကရုဏာရှင်
တမန်တော်က
“သူငယ်မ မငိုနှင့် ။
အသင်မ ကျွန်ုပ်ကို လမ်းပြ၊
ကျွန်ုပ်ကိုယ်တိုင်
အသင်မ၏သခင်ထံ
ပို့ဆောင်ပေးမည်။
အသင်မကို
အပြစ်မပေးရန်
တောင်းပန်ပေးပါမည်”ဟုဆိုလျက်
ကျွန်အမျိုးသမီးနှင့်အတူ
သူမ၏သခင် အိမ်ရှိရာ
မြို့စွန်သို့သွားခဲ့သည်။
အိမ်သို့ရောက်သောအခါ
တမန်တော်မြတ်သည်
အိမ်ထဲဆီမှ အမျိုးသမီးများ၏
အသံများကို ကြားရသဖြင့်
တံခါးမကြီးနှင့်ခပ်လှမ်းလှမ်းတွင်
ရပ်လျက် စလာမ်မေတ္တာပို့သ၍
နှုတ်ခွန်းဆက်၏။
အိမ်ထဲမှ မည်သည့်
တုန့်ပြန်သံကိုမျှ
မကြားရသောအခါ
ဒုတိယအကြိမ်
စလာမ်ဆိုနှုတ်ဆက်၏။
တုန့်ပြန်သံ မကြားရသဖြင့်
တတိယအကြိမ်
စလာမ်ဆိုနှုတ်ဆက်ပြန်၏။
ထိုအခါကျမှသာ
အိမ်တွင်းမှ အမျိုးသမီးများက
ပြန်လည် စလာမ်ဆို
နှုတ်ဆက်ကြ၏။
တမန်တော်မြတ်က
“ကျွန်ုပ် အသင်မတို့အား
စလာမ်ဆို
နှုတ်ဆက်ခဲ့သည်ကို
အသင်မတို့
မကြားကြသလော”ဟု
မေးလျှင်
အမျိုးသမီးများက
“တမန်တော် စလာမ်ဆို
နှုတ်ဆက်သံကို
အစကတည်းက
ကျွန်မတို့ကြားကြပါသည်။
သို့သော် ကျွန်မတို့သည်
တမန်တော်၏ ရွှေနုတ်တော်မှ
ကျွန်မတို့နှင့် မိသားစုအပေါ်
မေတ္တာပို့ဆုတောင်းသည်ကို
အကြိမ်ကြိမ်ခံယူလို ကြသဖြင့်
ပြန်လည်မတုံ့ပြန်မိခြင်း ဖြစ်ပါသည်။”
ဟုလျှောက်ထားကြ၏။
တမန်တော်မြတ်
ပြုံးတော်မူလျက်
“ဤသူငယ်မသည်
အသင်မတို့ခိုင်းစေသည့်
တာ၀န်ကို ဆောင်ရွက်ရာ၌
နှောင့်နှေးကြန့်ကြာခြင်းရှိခဲ့သဖြင့်
အသင်တို့အပြစ်ပေး ရိုက်ပုတ် မည်ကို
စိုးရိမ်နေရှာသည်။
ကျွန်ုပ်သည် သူမ၏
ကိုယ်စားတောင်းပန်ရန်
အသင်မတို့ထံလာခဲ့သည်။
သူမကို အသင်မတို့
ခွင့်လွတ်မည်လော”ဟုမေးရာ
အမျိုးသမီးများက
“အိုတမန်တော်၊
ကျွန်တော်မျိုးမတို့သည်
တမန်တော်နှင့်
အလ္လာဟ်အရှင်မြတ်ကို
သက်သေပြုလျက်ဆိုပါမည်။
ယခုမှစ၍ သူမသည်
ကျွန်အဖြစ်မှ
လွတ်လပ်သူဖြစ်ပါပြီ”ဟု
ဆိုကြ၏။
တမန်တော်မြတ်သည်
ကြီးစွာပီတိဖြစ်လျက်
မိမိအိမ်သို့ ပြန်ရောက်လျှင်
“ချီးမွမ်းသမျှသည်
အလ္လာဟ် အရှင်မြတ်အဖို့သာတည်း။
ဤ ဒိရ်ဟာမ် ရှစ်ပြားသည်
အလွန်ပင် မင်္ဂလာရှိလှ၏။
ထိုဒိရ်ဟာမ်များဖြင့်
ကြောက်ရွံ့စိုးရိမ်သူသည်
ဘေးကင်းလုံခြုံမှုကိုရသည်။
ကြေကျွန်သည်လည်း
ကျွန်အဖြစ်မှ
ကျွတ်လွတ်ရသည်။
အ၀တ်အစားမရှိသူနှစ်ဦးသည်လည်း
၀တ်စရာအ၀တ်တစ်ထည်စီရသည်”ဟု
ကြည်နူးစွာရေရွတ်နေ၏။
-
ဤသည်
တမန်တော်မြတ်၏
ကရုဏာကို ဖော်ပြသောဖြစ်ရပ်
အနည်းငယ်မျှသာ ဖြစ်၏။

မေတ္တာကရုဏာဖြင့် လွှမ်းသော
တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို
လေ့လာ၍ စံအဖြစ်ထားလျက်
လက်တွေ့ကရုဏာတရား
ပွားများကြပါစို့။
-

အလ်ဟာဂ်ျ မောင်လာနာ
အဗ်ဒုရ်ရဟီမ် မြင့်လွင်(ကျုံဒိုး)
B.E(Met)၊ မဒနီ၊
အလ်အဇ်ဟရ်-ကိုင်ရို
-
(၁၄၈၅-တမန်တော်နေ့
အထိမ်းအမှတ်မဂ္ဂဇင်းမှ)

ယခုနှစ် ဖိစ်သ်ရဟ်ကြေး လူတစ်ဦးလျှင် လေးထောင် ( ၄၀၀၀ )ကျပ်တိတိ သတ်မှတ်ထားပါသည်။အိုလမာ- အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ...
10/04/2023

ယခုနှစ် ဖိစ်သ်ရဟ်ကြေး လူတစ်ဦးလျှင် လေးထောင် ( ၄၀၀၀ )ကျပ်တိတိ သတ်မှတ်ထားပါသည်။

အိုလမာ- အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်

ရိုဇဟ်ဥပုဒ် စောင့်ထိန်းခြင်းအတွက် နိယသ်ပြုခြင်း.....👉 ရမ်ဇာန်လမြတ်၏ ရိုဇဟ်ဥပုဒ် တစ်ခုချင်းဆီအတွက်သီးခြားစီ  နိယသ်ပြုရန် ...
18/03/2023

ရိုဇဟ်ဥပုဒ် စောင့်ထိန်းခြင်းအတွက် နိယသ်ပြုခြင်း.....
👉 ရမ်ဇာန်လမြတ်၏ ရိုဇဟ်ဥပုဒ် တစ်ခုချင်းဆီအတွက်
သီးခြားစီ နိယသ်ပြုရန် အရေးကြီး၏၊
👉 နေမွန်းမတည့်မီအလျင် ရမ်ဇာန်လတွင် ရိုဇဟ်အတွက်
နိယသ်ပြုလိုက်လျှင် ရိုဇဟ်ပိုင်သွားမည်ဖြစ်၏၊ မွန်းလွဲပြီးမှ
နိယသ်ပြုလျှင် ရိုဇဟ်မပိုင်ပါ၊
👉 နိယသ်ပြုရန် နှုတ်မှစကားလုံးဖြင့် ပြောဆိုရန် မလိုအပ်
ပါ၊ စိတ်ထဲမှ ရည်ရွယ်လိုက်လျှင် လုံလောက်သည်၊
👉 စဲဟ်ရီစားခြင်းသည်လည်း နိယသ်ပြုခြင်းပင်ဖြစ်၏၊
👉 ရိုဇဟ်၏ နိယသ်ပြုပြီးမှ စဲဟ်ရီစားခြင်းသည်လည်း
ပိုင်ပါသည်၊ ရိုဇဟ်ပိတ်ချိန်အထိ စားသောက်ခွင့်ရှိသည်၊
(ကိသာဗုလ် မဆာအိလ်ကျမ်း တွဲ၂) #စအာဒသ်စာပေ

Address


Website

Alerts

Be the first to know and let us send you an email when Al Noor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Grocery Store?

Share