VVIP Simcard Service

VVIP Simcard Service simcard service

02/09/2025

ကဒ်ပျောက် နှင့် သတိထားစရာများ

1. Atom ကဒ် သုံးပြီဆိုရင် ကိုယ်က ဘာကဒ်သုံးတယ်ဆိုတာ သိထားဖို့လိုပါတယ်။Atom မှာဆိုရင် B2B ကဒ်နဲ့ ရိုးရိုး ကဒ် ဆိုပြီး ရှိပါတယ်။
2. Atom ရိုးရိုး ကဒ် သုံးမယ်ဆိုရင် ကိုယ့်ဆင်းကဒ်ကို အမည်ပေါက် မှတ်ပုံတင် ထားဖို့ အရေးကြီးပါတယ်။အကယ်၍ ကိုယ့်အမည်ပေါက်မတင်ထားရင် 15ရက်အတွင်း နီးစပ်ရာရုံးမှာ အပျောက်လျောက်ဖို့လိုပါတယ်။Call 5​ ခု လိုပါတယ်။အမည်ပေါက် မဟုတ်ဘဲ 15ရက်အတွင်း ကဒ်ပျောက်ပြန်မလျောက်ရင် ကဒ်ပြန်ရဖို့ မလွယ်တော့ပါဘူး....
3.Atom B2Bကဒ် သုံးမယ်ဆိုရင် ရက် 90အတွင်း ပြန်လျောက်ဖို့ လိုပါတယ်။ ကိုယ်ဘယ်ဆိုင်က ဝယ်တယ်ဆိုတဲ့အချက်အလက်လေးလဲ မှတ်ထားပါ။အထွက်ကော 5ကော မှန်ဖို့လဲ လိုပါတယ် .....

အဲ့ အချက်အလက် တွေ သတိထားမယ်ဆိုရင် ATOM ကဒ်ပျောက်လျောက်တာ လွယ်ကူပါလိမ့်မယ်။


1.Ooredoo ကတော့ရိုးရှင်းပါတယ် ။ Ooredoo က မှတ်ပုံတင် မမှန်လဲ အထွက်ကော 5ကော သိခဲ့ရင် 6လ အတွင်း ဆို အပျောက်ပြန်ထုတ်ပေးလို့ရသလို ၊မှတ်ပုံတင် မှန်ခဲ့ရင် လဲ အပျောက်ပြန်ထုတ်ပေးလို့ရပါတယ်...
#အကောင်းဆုံးကတော့ဆင်းကဒ်ကိုမှတ်ပုံတင်ထားပါ



1.MPT က တော့ လျောက်ရ အလွယ်ဆုံး Operator ပါ။ အမည်ပေါက်ဖြစ်နေဖို့ လိုပါတယ်။အမည်ပေါက်မဟုတ်ခဲ့ရင် အထွက်ကော 5ကော လိုပါတယ်။ ၆လ အတွင်းဖြစ်နေဖို့လိုပါတယ်။အဲ့လို ဆို Mptအပျောက်လျောက်လို့ရပါပြီ။

MPT ရဲ့ system အရ ဘေမထည့်တာ ကြာရင် one way block /two way block ကနေ auto delete ဆိုပီး အဆင့်ဆင့် ပိတ်ပါတယ်။ အဲ့ဒါ ကြောင့် မသုံးတာ ကြာနေပီဆို ဘေ လေး ထည့်ပီး အဝင်/အထွက်ကော လေးတွေ လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။



1.Mytel ကလဲ အပေါ်က ကဒ် နည်းတူပါဘဲ မှတ်ပုံတင် မှန်ရင် (သို့မဟုတ်) အထွက်ကော 5ကော သိရန် လိုပါတယ်

#ဘယ်ဆင်းကဒ်မဆိုအသုံးမပြုတာ3လမကျော်သင့်ပါဘူး #မသုံးတာ၃လ ကျော်ရင် Operator က အသစ်ထုတ်ရောင်းနိုင်တာမို့ ကိုယ့်ရဲ့ဆင်းကဒ်ကို အလေးထားရင် တန်ဖိုးထားရင် 2ပတ်တခါလောက် ဘေထည့်ပီး အထွက်ကော ၅ကော လောက်အမြဲ ခေါ်ပေးစေချင်ပါတယ်....

#ကဒ်ပျောက်နဲ့ပတ်သက်ရင်
#လေးမျိုးလုံးကို
မှာ ပြန်လျောက်နိုင်တာမို့ လိုအပ်ရင် အမြန်ဆုံးဆက်သွယ်ဖို့ အကြံပြုပါရစေ....

SIMCARD SERVICE
09945645565
ဗိုလ်ချုပ်လမ်းမကြီး ၊ကလေးမြို့၊ မြို့မစျေးအနီး

Address

Bogok Road
Kalaymyo
02091

Website

Alerts

Be the first to know and let us send you an email when VVIP Simcard Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category