21/01/2024
#ကိုယ့်စိတ်နဲ့ကိုယ် ရှင်သန်ပါ
စာနာတယ် သနားတယ်နဲ့ …
နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ် ။
ကူညီတယ် ကူညီတယ်နဲ့ …
အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ် ။
ချီးကျူးတယ် ချီးကျူးတယ်နဲ့ …
အပုပ်ချသွားတတ်တဲ့ သူတွေရှိမယ် ။
လောကကြီးထဲမှာ …
နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
အတွင်းသဘောက …
ပုပ်ပွနေတတ်ကြတာကို သင်သိထားပါ ။
ဘဝသင်ခန်းစာဆိုတာ …
ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
စိတ်ဆင်းရဲတဲ့ ဒုက္ခခံစားရမှုတွေကို
ရှောင်ရှားနိုင်ပါလိမ့်မယ် ။
ဒါကြောင့် နှုတ်ခမ်းဖျာက
စကားတွေမှာ သာယာပြီး
လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့ ။
လူတိုင်းကိုလည်း အထင်မကြီးနဲ့ ။
လူတိုင်းကိုလည်း အယုံမလွယ်နဲ့ ။
လူတိုင်းကိုလည်း အားမကိုးမိစေနဲ့ ။
လူဆိုတာ အားနည်းချက်ကိုမှ
ချနင်းသွားတတ်ကြတယ် ။
မြေပျော့ရင် ခြေရာကျန်သလို
စိတ်ပျော့ရင် တစ်သက်လုံး
ဒဏ်ရာထင်ကျန် နေတတ်တယ် ။
မိမိအားနည်း အခက်အခဲများကို
ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။
အမြဲတမ်း
စိတ်ဓာတ်မာကျော ရဲရင့်သူဖြစ်နေပါစေ ။
မိမိဘဝကို မိမိကိုယ်တိုင်
လျှောက်လှမ်းကြရာမှာ
မိမိကိုယ်ကိုအားကိုးပါ။ ယုံကြည်ပါ ။
ရဲရင့်ပါ ဇွဲလုံလ ဝီရိယထားပါ ။
စိတ်ဓါတ်မာကျောပါ ။
ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့ ။
ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
ပြန်လှည့်မကြည့်ပါနဲ့ ။
မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
မိမိသွေးသား စိတ်ဝိဉာဏ်တို့
တည်ကြည် ခိုင်မြဲနေပါစေ ။
မိမိဘဝကို ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ ။