ME Zar

ME Zar သတင်းနှင့် ပြန်ကြားရေး

09/04/2024

၉.၄.၂၀၂၄ ရက်နေ့၊ ၁၀ ၂၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၀ ၂၄ အချိန် မီးငြိမ်းပါသည်။

31/01/2023

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃)နှင့် ခလရ(၃၂)ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ တပ်ရင်းမှူး ဇနီးကို အရှင်ဖမ်းမိထား

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၃)နှင့် ခရလ (၃၂) တပ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ခိုင်မာသော KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့အဝင်ရှိ အဆိုပါ စစ်ကောင်စီတပ် ခလရ(၂၈၃)နှင့် ခရလ (၃၂)တို့ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကျန်ရှိသော ခလရ (၂၈၄) တပ်ရင်း ဆက်လက်တိုက်ခိုက်ခံနေရပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“စစ်ကောင်စီတပ်ဘက်က အသေအပျောက်များတယ်၊ အရှင်ဖမ်းမိသူတွေလည်း ရှိတယ်။ ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

KNLA သတင်းရင်းမြစ်၏အဆိုအရ တိုက်ပွဲအတွင်း ခလရ(၃၂)တပ်မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇင်ဦး၏ ဇနီးဖြစ်သူ ဒေါ်သီရီဝေလည်း အရှင်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က ကြာအင်းဆိပ်ကြီးမြို့ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု အများ အပြားပြုလုပ်နေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ယခုကြာအင်းဆိပ်ကြီးတိုက်ပွဲနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းစောင့်ကြည့်နေဆဲ ဖြစ်သည်။

အလားတူ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သော BGF စခန်းကုန်းနှစ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှစတင်ကာ သိမ်းပိုက်ထားပြီး လက်ရှိတွင် ထိုနေရာ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့
#ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)
#ခလရ(၂၈၃)
#ခလရ(၃၂)
#တိုက်ပွဲများပြင်းထန်နေ

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက် Lion Battalion Commando - ဗျူဟာစ...
25/01/2023

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်

Lion Battalion Commando - ဗျူဟာစစ်ကြောင်း နဲ့ ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေက တစ်ဘက် စစ်ကောင်စီက တစ်ဘက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ရော Mi 35 ရဟတ်ယာဥ် တွေနဲ့ပါ စစ်ကူပေးနေတယ်လို့ ဗျူဟာစစ်ကြောင်းကထုတ်ပြန်ပါတယ်။
ကျုံဒိုးမြို့အနီး ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိတဲ့ကျေးရွာတွေမှာ လက်နက်ကြီးကျလို့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးပြီး ဒေသခံတွေတိမ်းရှောင်နေရ တယ်လို့ ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်လာပါတယ်။
ဒီသတင်းအပြည့်အစုံအပါအဝင် MEZERမြန်မာပိုင်းရဲ့ ဇန်နဝါရီ ၂၅ ရက်ထိပ်တန်းသတင်းများစည်းမှု
https://www.mezer.com/burmese/articles/cv2nywxply9o
ဓာတ်ပုံ - Lion Battalion Commando
MEZER

14/01/2023

အောင်လပွဲ ပွဲချိန်နဲ့ ရုပ်သံလိုင်း ‼️‼️‼️

➡️ မနက်ဖြန် စနေနေ့မနက်အစောပိုင်းကထဲက စလာမှာပါ။ ၇ ခွဲပတ်ဝန်းကျင်လောက် Fight Card စမှာပါ။

➡️ အောင်လရဲ့ပွဲက နောက်ရောက်လာတာကြောင့် ခန့်မှန်း ၉ နာရီခွဲ ၁၀ နာရီဝန်းကျင်လောက် လာမှာပါ။

➡️ ရှေ့ကပွဲတွေ ပွဲစောစောပြတ်သွားရင် နည်းနည်းပိုစောနိုင်ပါတယ်။

🔴 ဘယ်ရုပ်သံလိုင်းတွေကကြည့်လို့ရမလဲ ❓❓❓

✅ TV ကကြည့်မယ့်သူတွေအတွက် Skynet Sports 3 , HD နဲ့ Canal plus ကပါထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

✅ ဖုန်းကကြည့်မယ့်သူတွေအတွက်ကတော့ US or UK VPN ခံပြီး Youtube မှာ One Championship Live လို့ ရိုက်ရှာလိုက်ရင်ရပါပြီ။

➡️ ကျွန်တော့်ဖုန်းမှာဆိုရင်တော့ US VPN ခံရင်ရပါတယ်။

➡️ ကဲဒါဆိုရင်တော့ .... ပွဲချိန်လည်းသိပြီ ‼️ ကြည့်ရမယ့်ရုပ်သံလိုင်းတွေလည်း သိပြီဆိုတော့ အားပေးဖို့ဘဲကျန်တော့တယ်ဗျာ။

🤩🤩🤩 တူတူအားပေးကြရအောင်ဗျာ 🤩🤩🤩

🔴🔴 မြန်မာ့ MMA သတင်းတွေကို အချိန်နဲ့တစ်ပြေးညီသိချင်ရင် page ကို like and follow လုပ်ထားပါ 🔴🔴🔴

၁ ရက်ကြာပျောက်ဆုံးနေသည့် အဌားကားဖြင့်ပစ္စည်းလိုက်ပို့သူအား သေဆုံးလျက်ပြန်လည်တွေ့ရှိရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်...
06/01/2023

၁ ရက်ကြာပျောက်ဆုံးနေသည့် အဌားကားဖြင့်ပစ္စည်းလိုက်ပို့သူအား သေဆုံးလျက်ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်ဝင်းထွန်း(၃၄)နှစ်သည် ဇန်နဝါရီ ၄ ရက်ညပိုင်းက ပျောက်ဆုံးသွားခဲ့ပြီးနောက် တွံတေးမြို့နယ်ရှိ ကားလမ်းဘေး၌ ဇန်နဝါရီ ၅ ရက်ညပိုင်းတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကိုကျော်ဝင်းထွန်းသည် အဌားကားဖြင့်ပစ္စည်းလိုက်ပို့ခြင်းအား လုပ်ကိုင်နေသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး အခင်းဖြစ်ပွားသည့်ညက ရွှေပေါက္ကံသို့ ပစ္စည်းသွားယူပြီးနောက် ည ၁၀ နာရီခန့်အထိ ပြန်ရောက်လာခြင်းမရှိ၍ ဖုန်းဆက်ရာတွင်လည်း စက်ပိတ်ထားသည်ဟု သိရသည်။

"အဲဒီနေ့ည ၁၀ နာရီလောက်အထိ အိမ်ပြန်မရောက်လာလို့ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်လို့သိရတယ် ည ၈ နာရီလောက် ကိုကျော်ဝင်းထွန်း ရွှေပေါက္ကံမှာရှိနေတုန်းကတော့ ဖုန်းဆက်လို့ရသေးတယ်လို့သိထားတယ်"ဟု ကိုကျော်ဝင်းထွန်း၏ ရုပ်အလောင်းအားသယ်ယူပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ထိုသို့ ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ရာမှ ဇန်နဝါရီ ၅ ရက်ည ၉ နာရီခန့်တွင် တွံတေးမြို့နယ်၊မမျိုးစုကျေးရွာနှင့်ကင်းကျေးရွာသွားလမ်းမဘေး၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရပြီး ၎င်းမောင်းနှင်သည့် အဌားကားကိုလည်း ပြန်လည်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

"တစ်ကိုယ်လုံးနီးပါးပေါ့ လက်တွေခြေထောက်တွေ မျက်နှာနဲ့ပါးစပ်ကိုလည်း ပုဆိုးနဲ့တုပ်ပြီးချည်ထားတဲ့အနေအထားနဲ့သေဆုံးနေတာကိုတွေ့ရတယ် ပြင်ပဒဏ်ရာတော့မတွေ့ဘူး"ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ကိုကျော်ဝင်းထွန်း၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းမှလှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Website တွင်ဖတ်ရန် >> https://www.popularmyanmar.com/?p=97767

👉နေ့စဉ်သတင်းများကို Popular News Journal ရဲ့ Telegram နှင့် Twitter တို့ကို Follow & Subscribe လုပ်ထားပြီး ဖတ်ရှုနိုင်ပါပြီ….👈

✅ Popular Journal Telegram >>https://t.me/popularjournal
✅ Popular News Twitter >> https://twitter.com/popularnewsmm

တောင်စွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံးရန်ကုန်၊ ဇန်နဝါရီ ၅ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို...
05/01/2023

တောင်စွန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၉၀ ကျော်သေဆုံးပြီး PDF ၈ ဦးကျဆုံးခဲ့ကြောင်း ကော်သူလေး တပ်မ တော်၊ Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တောင်စွန်းကျေးရွာတွင်းရှိ စစ်ကောင် စီ နှင့်BGFအင်အား ၁၉၀ ကျော် တပ်စွဲခြေကုတ်ယူထားသော် ဗျုဟာ တောက်ပို့ စခန်းကုန်းနှင့် BGF များတပ်စွဲ ထားသော် စခန်းများကို ဗိုလ် အယ်စေးဝါး ဦးဆောင်သော Lion-battalion ဗျုဟာ စစ်ကြောင်းနှင့်SOF (တောင်ပိုင်းတိုင်းစစ်ဒေသ )အထူးစစ်ဆင်ရေးအဖွဲ့နှင့် KNU/KLNA တပ်ရင်း (၁၆) ၊ AMGRYဒရုန်းတပ်ဖွဲ့ ၊S.S.D.Fဒရုန်းတပ်ဖွဲ့၊ FEDERAL MING ဒရုန်း တပ်ဖွဲ့ AIMS ဒရုန်းတပ်ဖွဲ့နှင့် A.U.R.Sမိုင်းအဖွဲများက ပူးပေါင်းတိုက်ခဲ့ ကြ ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ BGF စခန်း ၂ ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရသည်။

"စစ်ကောင်စီတပ်နှင့်BGFစစ်ခွေးတွေဘက်က ကျနော်တို့ စနိုက်ပါတွေရဲ့ လက် ချက်နဲ့ ၂၃ကောင်သေဆုံးပြီး တိုက်ပွဲမှာပါ အပါအဝင်ဆိုရင် စစ်ခွေးနဲ့ BGF စုစုပေါင်း၉၀ ကျော်သေဆုံးပါတယ်။ ၄ ရက်တာအတွင်း စစ်ကောင်စီ ဘက်မှ Mi35 ၊ Y130အပေါ့စားတိုက်ခိုက်ရေးလေယာဥ်၊ SU-30 တိုက် လေ ယာဥ်တွေနဲ့ အကြိမ်ရေ ၆၀ ကျော် လေကြောင်း တိုက်ခိုက်ပါတယ်။ Lion-Battalion စစ်ကြောင်းမှစောဘုန်းအောင်(ခ)အနဲလေး စောလဲ့မူး နှင့် SOF အထူး စစ်ဆင် ရေးတပ်ဖွဲမှရဲဘော် ၆ ဦး တော်လှန်းရေးရဲဘော်စုစုပေါင်း ၈ဦး တိုင်း ပြည် နှင့်လူမျိုးအတွက်မြင့်မြတ်စွာ အသက်ပေးသွားခဲ့ပါတယ်" ဟု Lion-battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- Lion-battalion ဗျုဟာ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။

ကြာအင်းဆိပ်ကြီးတိုက်ပွဲဆက်လက် ပြင်းထန်နေ၊ နှစ်ဖက်အကျအဆုံးရှိသလို အပြန်အလှန် ဖမ်းဆီးထားသူများလည်းရှိ မနေ့ ဇန်နဝါရီ ၄ ရက်မ...
05/01/2023

ကြာအင်းဆိပ်ကြီးတိုက်ပွဲဆက်လက် ပြင်းထန်နေ၊
နှစ်ဖက်အကျအဆုံးရှိသလို အပြန်အလှန် ဖမ်းဆီးထားသူများလည်းရှိ

မနေ့ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီး မြို့အ၀င် နေရာအနီး စစ်ကောင်စီ တပ်ရင်း ဌာနချုပ်နဲ့အခြေစိုက်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်း တိုက်ခိုက်မှုကနေ တိုက်ပွဲတွေ ဒီနေ့မနက်ထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲအတွင် နှစ်ဖက်လုံးမှာ ထိခိုက်ကျဆုံးသူတွေရှိသလို နှစ်ဖက်တပ်တွေကြား အပြန်အလှန် ဖမ်းဆီးရမိသူတွေလည်းရှိနေတယ်လို့ ရှေ့တန်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“မနေ့ကတည်းက တိုက်နေတာ။ အခုမနက်အထိ ရတခ(အရှေ့တောင်တိုင်း စစ်ဌာနချုပ်) ရဟတ်ယာဉ်က လာပစ်နေတယ်၊ ကျေးရွာတွေ ဘက်ကို၊ လူနေရပ်ကွက်တွေ ဘက်ကိုပေါ့။ မြို့ထိပ် က စစ်တပ် ၃၂ တပ် ၊၂၈၄ တပ် နှစ်ခုကိုတော့ KNLA ပူးပေါင်းအဖွဲ့တွေ ၀င်စီး ပြီး ပြန်ဆုတ် သွားတယ်။ စစ်ကောင်စီ တပ်စောင့်ထားတဲ့ နောက်တန်းကင်း ရဲမေတွေ စစ်သားတွေ ဖမ်းမိ ထားတယ်။ စစ်ကောင်စီ ဘက်ကို စစ်ကူလာတဲ့ BGF ပူးပေါင်း အဖွဲ့ တွေ ဘက်က စစ်ကြောင်းနဲ့ တိုးပြီး KNLA ပူးပေါင်းအဖွဲ့ ရဲဘော်အချို့ အရှင်ဖမ်းခံ လိုက်ရ တာတွေ လည်း ရှိတယ်။ နှစ်ဖက် စလုံး သေတာ ကျတာ ထိတာတွေ ရှိတယ် ၊ အတိအကျ ကတော့ ပြောမရ သေးပါဘူး” လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့ ဇန်နဝါရီ ၅ ရက်ထိပ်တန်းသတင်းများစုစည်းမှု
https://www.bbc.com/burmese/articles/c72zqwjwj8eo

ဓာတ်ပုံ- CJ

ဒါပေမဲ့ အဲဒီလိုလိုင်းပြန်ပွင့်ပြီးတစ်ရက်အကြာ ဇန်နဝါရီ ၄​ ရက် နေ့ညပိုင်းမှာတော့ အင်တာနက်ပြန်လည်အသုံးပြုလိ...

စပါးခွံသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပုဂ္ဂလိက အ​နေဖြင့် လျှပ်စစ်ဓာတ်အားစမ်းသပ်ထုတ်လုပ်လျက်ရှိရာ တလလျှင် လျှပ်စစ် ယူနစ်...
05/01/2023

စပါးခွံသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပုဂ္ဂလိက အ​နေဖြင့် လျှပ်စစ်ဓာတ်အားစမ်းသပ်ထုတ်လုပ်လျက်ရှိရာ တလလျှင် လျှပ်စစ် ယူနစ် ၁၂သိန်း မှ ၁၄သိန်း ဝန်းကျင်သုံးစွဲနိုင်

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီလဝါဆိပ် ကမ်းဖွံ့ဖြိုးရေးဇုန်ရှိ Wilmar Myanmar ကုမ္ပဏီမှ သီလဝါဆိပ်ကမ်းတွင် ခေတ်မီဘက်စုံသုံးနိုင်ငံတကာဆိပ်ခံတံတားနှင့်မြေဖွံ့ဖြိုးရေးလုပ်ငန်းများကို BOT စာချုပ်ဖြင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေခြင်းအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီးဦးမျိုးမြင့်အောင်၊သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့က ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက သွား​ရောက် ကြည့်ရှုခဲ့ကြသည်။

ကုမ္ပဏီတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဆန်၊ဂျုံ၊ဆီနှင့်ဆန်စက်လုပ်ငန်းများလည်ပတ်ရန်နှင့်စပါးခွံလောင်စာဖြင့် လျှပ် စစ်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ရန်ကုန်မြို့တော်ဝန်နှင့်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

Wilmar Myanmar ကုမ္ပဏီမှ စီးပွားရေးရာလုပ် ငန်းများ၊ဂျုံနှင့်ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊စားသုံးဆီနှင့်ဆက်စပ်ထုတ်ကုန်လုပ်ငန်းများ၊ဆန်နှင့်ဆန်ဆက်စပ်ထုတ်ကုန်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ယင်း လုပ်ငန်းများအတွက် စပါးခွံသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားကို စမ်းသပ်ထုတ်လုပ်လျက်ရှိရာ ပုံမှန်ထုတ်လုပ်လျက်ရှိသော ဓာတ်အားစနစ်မှ ၁ လလျှင် လျှပ်စစ်ဓာတ်အား ယူနစ် ၁၂ သိန်းမှ ၁၄ သိန်းအထိ သုံးစွဲ၍ ရ​နေ​ကြောင်းသိရသည်။

ထို့​ကြောင့် နိုင်ငံ၏မဟာဓါတ်အားလိုင်း မှ ဆွဲယူသုံးစွဲမှု လျှော့ချနိုင်ခဲ့​ကြောင်းသိရသည်။မဟာဓါတ်အားလိုင်း မှယူနစ် ၅၀၀၀ ထိ လျှော့ချသုံးစွဲနိုင်ခဲ့သည်ဟုဆိုသည်။

Website တွင်ဖတ်ရန် >> https://www.popularmyanmar.com/?p=97590

👉နေ့စဉ်သတင်းများကို Popular News Journal ရဲ့ Telegram နှင့် Twitter တို့ကို Follow & Subscribe လုပ်ထားပြီး ဖတ်ရှုနိုင်ပါပြီ….👈

✅ Popular Journal Telegram >>https://t.me/popularjournal
✅ Popular News Twitter >> https://twitter.com/popularnewsmm

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်၊သီလဝါဆိပ် ကမ်းဖွံ့ဖြိုးရေးဇုန်ရှိ Wilmar Myanmar ကုမ္ပဏီမှ သီလဝါဆိပ်ကမ်းတွင် ခေ.....

05/01/2023
ကမ္ဘာ့ပထမဆုံး ကမ်းလွန်ရေနက်ပိုင်း လေအားလျှပ်စစ်ရဟတ်တာဘိုင် ကိုယ်ထည်ပိုင်းတည်ဆောက်မှုပြီးစီးတရုတ်အမျိုးသား ကမ်းလွန်ရေနံကေ...
05/01/2023

ကမ္ဘာ့ပထမဆုံး ကမ်းလွန်ရေနက်ပိုင်း လေအားလျှပ်စစ်ရဟတ်တာဘိုင် ကိုယ်ထည်ပိုင်းတည်ဆောက်မှုပြီးစီး

တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) မှ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ထားသော ကမ္ဘာ့ပထမဆုံး ကမ်းလွန် ရေနက်ပိုင်း ရေပေါ်လေအားလျှပ်စစ်ရဟတ်တာဘိုင်၏ ကိုယ်ထည်ပိုင်း တပ်ဆင်မှုပြီးစီးပြီဟု အင်္ဂါနေ့ထုတ် သိပ္ပံနှင့် နည်းပညာ နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

၎င်းသည် ရေအနက်မီတာ ၁၀၀ ကျော်နှင့် ကမ်းလွန်ပင်လယ်ပြင်အကွာအဝေး ကီလိုမီတာ ၁၀၀ ကျော်တွင် တည်ဆောက်တပ်ဆင်မည့် ကမ္ဘာ့ပထမဆုံးသော ကမ်းလွန်ရေနက်ပိုင်း လေအားလျှပ်စစ်စီမံကိန်းဖြစ်သလို တရုတ်နိုင်ငံ၏ ပထမဆုံးသော ရေနက်ပိုင်း ကမ်းလွန်လေအားလျှပ်စစ်စီမံကိန်းလည်းဖြစ်သည်။

အဆိုပါ လေအားလျှပ်စစ်ရဟတ်တာဘိုင်ကို တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဝမ်ချမ်းမြို့မှ ၁၃၆ ကီလိုမီတာအကွာ ကမ်းလွန်ပင်လယ်ပြင်တွင် တပ်ဆင်မည်ဖြစ်ပြီး၊ လေပြင်းတိုက်ခတ်မှုနှင့် သမုဒ္ဒရာလှိုင်းလုံးကြီးများကလည်း တည်ဆောက်ရေးစီမံကိန်းအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းသိရသည်။

ယင်းစီမံကိန်းပြီးစီးပါက တာဘိုင်မှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် ကမ်းလွန်ရေနံမြေအုပ်စု၏ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်မည်ဖြစ်ပြီး နှစ်စဉ်ဓာတ်အား ကီလိုဝပ်နာရီ ၂၂ သန်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်သည်။ နှစ်စဉ် လောင်စာဓာတ်ငွေ့ ကုဗမီတာ ၇.၇၃ သန်းကို ချွေတာပြီး နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တန်ချိန် ၂၂၀၀၀ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ နေ့စဉ်ထုတ် သတင်းစာက ဆိုထားသည်။

05/01/2023

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် အပါအဝင် ကုလ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက်များ စစ်ကောင်စီ မလိုက်နာလျှင် အရေးယူမှုများ ရှိလာနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

ဇန်နဝါရီ ၅ ရက်၊ ၂၀၂၃

ဒီသတင်းနဲ့အတူ နောက်ဆုံးရ
ထူးထူးခြားခြား သတင်းတွေကို သိနိုင်ဖို့ မြန်မာပြည် ခေတ်သစ် မီဒီယာ ကို Like လုပ်ခဲ့ဖို့ ဦးစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်း သား အားလုံး လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန် အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်များ မလိုက်နာလျှင် စစ်ကောင်စီကို လုံခြုံရေးကောင်စီက ဆက် လက် အရေးယူမှုများ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းကအ ထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဆုံးဖြတ်ချက်ချပြီးတဲ့ကာလ၊ Report တင်မယ့်ကာလ ။ ဒီဆုံးဖြတ်ချက်ထဲမှာပါတဲ့အ ချက်အလက် တွေ။ဥပမာ- ခုန က ပြောတဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတကြီးအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ဆိုတဲ့ အချက်အလက်မျိုးတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ ဆိုတဲ့ အချက်မျိုးတွေ အဲဒီအချက်အလက် တွေနဲ့ ပတ်သက်ပြီး Report တင်တဲ့အခါမှာ Reflect လုပ်ရမယ့်အပိုင်းရှိတယ်။ နောက်တစ်ပိုင်းက လည်း အာဆီယံနဲ့ပူး ပေါင်းဆောင်ရွက်ရမယ့်အပိုင်း။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်မှု နဲ့ပတ်သက်ပြီး Report တင်ရမှာတွေရှိတယ်။ အဲဒါတွေ မတိုးတက်ဘူးဆိုရင် နောက်တစ်ဆင့်ပေါ့။ နောက်တစ်ဆင့်ဆိုတဲ့ဥစ္စာမှာ ဘယ်အတိုင်းအတာထိမြန်မြန်သွားနိုင်မလဲ ဆိုတာ က မြေပြင်မှာ ဖြစ်ပေါ်မှု ရယ် ကျနော်တို့ကို ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ ခိုင်ခိုင်မာမာရပ်တည်ပြီး တွန်းအား ပေးမှု တွေ ကတော့ အများကြီး အဓိက Factor တွေဖြစ်လာမယ်လို့ သုံးသပ်ပါတယ်။ မလုပ်ရင် တော့ မလုပ်သလိုတော့ လုံခြုံရေးကောင်စီက ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူးလို့တော့ သုံးသပ်ပါတယ်။ ဒါပထမဆုံး Resolution လည်းဖြစ်ပါတယ်" ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် ၇၄ နှစ်တာကာလအတွင်း ပထမဆုံးသော ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ချမှတ်ခဲ့ပြီး စစ်ကောင်စီ က ကျူးလွန်နေသော အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက် ချင်း လွှတ်ပေးရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ဗြိတိန်က တင် သွင်း သည့် အဆိုပြုချက် ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြု လိုက် ခြင်းသည် စစ်တပ်ထံသို့ ခိုင်မာသော သတင်း စကား ပေးပို့လိုက်ခြင်း ဖြစ် ပြီး အဆိုပါဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရန် မျှော်လင့်သည် ထုတ်ဖော်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာ အသုံး ပြုနိုင်သော အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများဖြစ်သော်လည်း မြန်မာ့အရေး အပြီး သတ် ဆုံး ဖြတ် ချက်ကို မကန့်ကွက်ကြတော့ဘဲ မဲမပေးဘဲ နေခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် တရုတ်နှင့်ရုရှား၊ အိန္ဒိယတို့က မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် မဲမပေးဘဲ နေခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက မြန်မာ့အရေး လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်သည်။

သာကေတ အဝိုင်းနှင့်ဒေါပုံ ရန်ပြေ အနီးရှိWifiရုံးခွဲများတွင်တာဝန်ထမ်းဆောင်ရန်(နီးစပ်ရာချပေးမည်)ရုံးဝန်ထမ်း ကျား/မ (6ဦး) အမ...
05/01/2023

သာကေတ အဝိုင်းနှင့်ဒေါပုံ ရန်ပြေ အနီးရှိWifiရုံးခွဲများတွင်တာဝန်ထမ်းဆောင်ရန်(နီးစပ်ရာချပေးမည်)

ရုံးဝန်ထမ်း ကျား/မ (6ဦး) အမြန်အလိုရှိသည်

အသက်၁၇မှ၄၀အတွင်းဖြစ်ရမည်

ပညာအရည်အချင်းမကန့်သက်ထားပါ

ရုံးစည်းကမ်းလိုက်နာပြီးအလုပ်ကြိုးစားသူ ဖြစ်ရမည်

စကားအပြောအဆိုချိုသာရမည်

လစာ-225000ကျပ်
အချိန်ပိုကြေး-တစ်နာရီ(1800)
အပိုဆုကြေး-လစဉ်(20000)

အလုပ်ချိန်-9to4

ပိတ်ရက်-sunday

ဖယ်ရီအကြိုအပို့ရှိသည်

သာကေတ/ဒေါပုံ တွင်းနေသူဦးစားပေးမည်

အတွေ့အကြုံမလိုပါအလုပ်ကသင်ပေးမည်

လျောက်ထားလိုလျင်(5.1.2023မှ12.1.2023)အတွင်းလူကိုယ်တိုင်လာရောက်လျောက်ထားနိုင်ပါသည်

ဆက်သွယ်ရန်ရုံးဖုန်း-09755274019

Address

Yangon
Tharaka
PHYOMINKHANT8921

Website

Alerts

Be the first to know and let us send you an email when ME Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category