30/05/2026
ဂျပန်မှာ အခြေချတော့မယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် အမြင့်ဆုံးပန်းတိုင်ကတော့ "ဂျပန်နိုင်ငံသား ခံယူခြင်း (Kika)" ပါပဲ။ ဒါပေမယ့် ဒီလမ်းက ထင်သလောက် မလွယ်ကူလှပါဘူး။
အောက်ပါ အရည်အချင်းတွေအပြင် "စွန့်လွှတ်ရဲတဲ့ သတ္တိ" လည်း လိုအပ်ပါတယ်။
✅ အဓိက လိုအပ်ချက် (၇) ချက်
နေထိုင်တမ်း: ဂျပန်မှာ (၅) နှစ်ဆက်တိုက် နေထိုင်ထားရမယ်။ (မှတ်ချက် - Trainee, Tokutei Ginou နဲ့ နေခဲ့တဲ့ကာလတွေကို ထည့်မတွက်တာမျိုး ရှိတတ်ပါတယ်)။
အသက်အရွယ်: အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်။
ငွေကြေး: ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ရမယ်။
စာရိတ္တ: အခွန်မှန်မှန်ဆောင်ထားရမယ်၊ ရာဇဝတ်မှု ကင်းရှင်းရမယ် (ယာဉ်စည်းကမ်း ချိုးဖောက်မှု ခဏခဏရှိရင်တောင် ထိခိုက်နိုင်ပါတယ်)။
သစ္စာရှိမှု: ဂျပန်အစိုးရကို ဆန့်ကျင်လိုစိတ် မရှိသူဖြစ်ရမယ်။
ဘာသာစကား: ဂျပန်လို ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်ရမယ်။
စွန့်လွှတ်ခြင်း: ဒါက အခက်ခဲဆုံးပါ... ဂျပန်က နိုင်ငံသားနှစ်မျိုး ခံယူခွင့် (Dual Citizenship) မပေးပါဘူး။ ဂျပန်နိုင်ငံသားဖြစ်ချင်ရင် မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရပါမယ်။
သင်ရော... ဒီအချက်တွေ ပြည့်စုံရင် ဂျပန်နိုင်ငံသားအဖြစ် ခံယူမှာလား? ဒါမှမဟုတ် PR (Eiju) နဲ့ပဲ နေမှာလား? Comment မှာ ဆွေးနွေးပေးသွားပါဦး။
နိုင်ငံသားလျှောက်ရင် Interview မှာ ဂျပန်လို ဖြေနိုင်ဖို့နဲ့ စာရွက်စာတမ်းတွေ ဖတ်နိုင်ဖို့ ဒီ App နဲ့ နေ့တိုင်း လေ့ကျင့်ပါ။
📰 Todai Easy Japanese News
ဂျပန်သတင်းတွေကို လွယ်ကူတဲ့ ဂျပန်စာနဲ့ ရေးပေးထားသလို၊ Kanji တွေကိုလည်း Furigana တပ်ပေးထားလို့ Reading စွမ်းရည် တိုးတက်ဖို့ အရမ်းကောင်းပါတယ်။
📲 Download Link: https://clk.bz/LfcKa
#ဂျပန်နိုင်ငံသားလျှောက်ခြင်း
Learn Japanese in context – READING, LISTENING, SPEAKING and JLPT With more than 10 fresh news articles daily, you can practice at your own level, from N5 beginner to N1 advanced. Improve your reading skills, expand your vocabulary, and understand Japanese the way natives use it. Why choose Todaii...