24/11/2024
ရုံးကစျေးရောင်းရင်ဆူတယ်ဆိုလို့မုန့်ပဲပတ်စားတော့မယ်နော်🥹
အိုကာယာမထဲကပထမဆုံးမာလာထန်ဆိုင်လေး 🍲
မာလာရှမ်းကောလည်းရပေမယ့်ဒီနေ့sauceမရှိလို့မနက်ဖြန်လောက်ဆိုရပြီတဲ့🥰🥰
ကိုယ်ကြိုက်တဲ့အသားအရွက်တွေရွေးပြီးအစပ်levelရွေးရုံပဲ 100gကို 300လားမမှတ်မိတော့ဘူး
ခေါက်ဆွဲက200ထပ်ပေးရတယ် instant noodlesရောတခြားခေါက်ဆွဲအပြားကြီးတွေရောရှိတယ်(ကိုယ်တော့မဖတ်တတ်လို့ instant noodlesနဲ့ပဲစားခဲ့တယ်🥹)နောက်မှgoogleမှာရှာကြည့်မှသိတယ်ခေါက်ဆွဲအပြားကြီးပါရှိတာကို🤣
အစပ်ကို၃မျိုးရွေးလို့ရတာကိုမှ中နဲ့စားခဲ့တာမတရားတော့မစပ်ပါဘူး 🤗 အရသာကတော့တော်တော့်ကိုကောင်းတယ်ရာသီဥတုနဲ့လုံးဝလိုက်တယ်🥰(သွားစားကြည့်လို့မကြိုက်ရင်တော့မသိဘူးနော်😏)
ဆိုင်ရှင်တွေရောဝန်ထမ်းတွေရောသဘောကောင်းပြီးသေချာရှင်းပြတယ်🥰စားဖူးသမျှတရုတ်ဆိုင်တွေထဲတကယ်ကို優しいအဖြစ်ဆုံးပဲ🤣❤️
အများကြီးရွေးထည့်ထားတာကိုမှ၁၄၀၀လောက်ပဲကျတာအပြင် အရင်လိုအိုဆာကာထိတကူးတကမသွားရတော့လို့မင်မင်တော့အရမ်းကြိုက်တယ် နောက်လည်းသွားအုန်းမယ်🥰🥰နောက်တစ်ခေါက်တော့မာလာရှမ်းကောစားမယ် 😋
အီကြာကွေးတို့ပဲသွေးတို့အသားလုံးအစုံပလုံတို့ပါရှိလို့ထည့်စားခဲ့တယ်အဟိ😆
ဆိုင်လိပ်စာနဲ့နာမည်ကပုံထဲမှာထည့်ထားပေးတယ်နော်ဘယ်လိုသွားရမလဲဆိုတော့ကိုယ်လည်းသူများခေါ်တာလိုက်သွားတာမို့လို့ကွကိုယ်ပဲကြည့်သွားလိုက်ကြနော်🥹
#岡山 #マーラータン