感謝 Gratitude

感謝 Gratitude ဘဝကို အေးချမ်းသက်သာစေဖို့...
(-ကိုယ်ရေးချင်တာလေးတွေရေးပါတယ်..
-နှစ်သက်သဘောကျတဲ့ ဖတ်မိတဲ့စာများကို ဘာသာပြန်မျှဝေပါတယ်... )

ကိုယ့်ဘဝကို ၁၈၀'ပြောင်းလဲသွားခဲ့စေသော..အရင်က ကြမ်းပြင်မှာ အဝတ်တွေ အထုတ်တွေများစွာနဲ့.... ခုတော့ ...  Day155 ဝိဘဝတဏှာ၂၀၁၁...
2026/10/25

ကိုယ့်ဘဝကို ၁၈၀'ပြောင်းလဲသွားခဲ့စေသော..
အရင်က ကြမ်းပြင်မှာ အဝတ်တွေ အထုတ်တွေများစွာနဲ့.... ခုတော့ ...
Day155 ဝိဘဝတဏှာ

၂၀၁၁မတ်လတုန်းက ဂျပန်မှာ ငလျင်ကြီးလှုပ်သွားပြီး ဆူနာမီ လာတုန်းက အိမ်တွေ အလုံးလိုက်မျောပါတာ.. လူတွေလဲ အများကြီးသေတာ ကြားဖူး၊ တွေ့ဖူးကြမှာပေါ့။
အမှိုက်အလေးချိန်က 3 million tons လောက်ရှိတယ်ပြောကြတယ်။ ပင်လယ်ထဲမျောသွားတဲ့အမှိုက်တွေ မပြောသေးဘူး။ ကျန်နေတဲ့အမှိုက်တွေကို TVကနေ ကြည့်ရင်းကို သံဝေဂ အကြီးကြီးရမိတယ်။ ဒီအမှိုက်တွေသိမ်းဖို့ လူအင်အား ငွေအင်အား အများကြီးထပ်ကုန်ရတယ်။
အခု လွိုင်ကော်ဆိုလဲ ရေကြီးမီးလောင်သူခိုးသောင်းကျန်းတော့ ဘာမှမကျန်။ တသက်လုံး ပင်ပန်းကြီးစွာ ရှာထားသမျှတွေဟာ သဘာဝဘေး၊ ရန်သူမျိုးငါးပါးဘေးနဲ့ တွေ့လိုက်တာနဲ့ တချက်တည်းနဲ့ မျက်စိအောက်က ပျောက်သွားကြတယ်။ တချို့ အသက်ပါပျောက်သွားကြတယ်။

ဘယ်လောက်ပဲ နင်တို့ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ နင်တို့လောဘဒေါသမောဟတွေနဲ့ ရှာထားရှာထား လက်တဖြတ်အတွင်းမှာ ကုန်သွားနိုင်တယ်နော လို့ သတိပေးနေသလိုပါပဲ ။
အဲဒီဆူနာမီ အပြီး၃နှစ်လောက်ကို အင်္ကျီမဝယ်ဖြစ်တော့ပေမဲ့ .. လူတွေဟာ တကယ်မေ့လွယ်တယ်နော်.. နောက်တော့လဲ ဒီလိုပဲ ဝယ်လိုက်စားလိုက်ပျော်လိုက်ပါးလိုက် ပြန်ဖြစ်သွားတယ် ။

ဂျပန်မှာ ရာသီပြောင်းအချိန်တွေမှာ အဝတ်အထည်တွေပစ္စည်းတွေ ဈေးချရောင်းပါတယ်။ 30%,50%70%off တွေဆိုတော့ ဈေးချချိန်ရောက်ပြီဆို အရမ်းပျော်ပဲ။ တထည်လိုချင်ပေမဲ့ တဝက်ဈေးဆိုတော့ ၂ထည်ဝယ်ဖြစ်တာမျိုး.. လုံးဝမလိုအပ်ပေမဲ့တချိန်ချိန်မှာ အသုံးဝင်မှာပေါ့ဆိုပြီး ဈေးပေါတော့ အများကြီးဝယ်ဖြစ်တယ်။
၂၀၂၀နောက်ပိုင်းမှာတော့ အပိုလုပ်တာတွေ တဖြည်းဖြည်းလျော့လာပေမဲ့ ဝယ်ဖြစ်နေသေးတယ်။
ညောင်တုန်းဘုန်းဘုန်း ဟောတဲ့ ဝိဘဝတဏှာကို အခုနောက်ပိုင်း မှာတော့ အရမ်းကို ဆင်ခြင်မိသွားတယ်။ ၂၀၂၄လွတ်အောင်တွေးမှာ မဟောခင် တခါ အိမ်တရားပွဲလေးမှာ ဟောတာ နာပြီးကတည်းက အပိုတွေဝယ်ချင်တဲ့ ကိုယ့်အတွက် အရမ်းကိုက်တဲ့ စကားလုံးဖြစ်ခဲ့တယ်။
ဝိဘဝတဏှာဆိုတာ ကိုယ်လဲမသုံးပဲ၊ မသုံးနိုင်ပဲ ၊မလိုအပ်ပဲ ၊အသုံးမဝင်ပဲ အပိုတွေကို လိုချင်တာကို ပြောလို့ ရပါတယ်။
အင်္ကျီကြိုက်တဲ့သူကလည်း ဗီဒိုထဲမှာအများကြီး တကယ်တန်းဝတ်တာက ကိုယ်သက်တောင့်သက်သာရှိတဲ့ ၅ထည်လောက်ကိုပဲ ပတ်ဝတ်နေမိတာ။ အကောင်းဆုံးဈေးအကြီးဆုံးပစ္စည်းတွေဆိုရင် မသုံးရက်လို့ ဗီဒိုထဲ သွင်းထားပြီး တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့် တာမျိုးလဲ ရှိတယ်နော်။
ဖိနပ်၊ ထီး မိတ်ကပ် လက်ဝတ်ရတနာ အသုံးအဆောင်ပစ္စည်းအစုံပေါ့။
တကယ်တမ်း ကိုယ့်ရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ပစ္စည်းတွေ ကြည့်လိုက်ရင် လိုအပ်လို့ဝယ်ထားတာထက် လိုချင်လို့ ဝယ်ထားတာက များနေတာကိုတွေ့ရတယ်။ ဝိဘဝတဏှာတွေ အများကြီးပဲ။
အင်္ကျီမဝယ်တော့ဘူးဟေ့ လို့ ဆုံးဖြတ်ထားတော့ တဏှာကလှည့်စားတယ်။ အတွင်းခံ တွေတော့ ဝယ်ရမှာပေါ့တဲ့ သတိထားမိတော့ အတွင်းခံချည်းပဲတသေတ္တာ ဖြစ်လာတယ်။
ကလေးကနှစ်တိုင်းထွားလာတာ သူ့အတွက်တော့ ဝယ်ရမှာပေါ့လေ ဆိုတော့ ကလေးအင်္ကျီတွေ သိမ်းရတာ အလုပ်ဖြစ်ပြန်ရော..
တော်မှပါဆိုတော့ မနက်စာ ခြံထဲမှာစားတိုင်း ဖဘ ပေါ်တင်ဖြစ်လာတော့ ခွက်လှလှလေး ဝယ်ရင် ကောင်းမလားဆိုပြီး သွားဖြစ်သေးတယ်။
မသွားခင် ဝိဘဝတဏှာတရားလေးနာထားတော့ ဘာလေး လိုချင်လိုချင် ဝိဘဝတဏှာနဲ့ ကိုင်ပေါက်လိုက်တာ ပိုက်ဆံကုန်တော်တော်သက်သာသွားတယ်။
အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို ပဲ ပြောထားပေမဲ့ တရားရှာတာကအစ ဝိဘဝတဏှာက နေရာတိုင်းမှာ အသုံးပြုလို့ရပါတယ်။
ပါဠိတွေကို အနက်ပြန်တဲ့အခါ အမျိုးမျိုးရှိပေမဲ့ ကိုယ်ကတော့ အများကြီးမမှတ်နိုင်တာမို့ ကိုယ့်heartထိတဲ့ အနက်ကိုပဲ မှတ်ထားပါတယ်။ ဥပမာ အနတ္တဆိုရင် ငါဆိုတာမရှိဘူးစသဖြင့် အများကြီးအဓိပ္ပာယ်ဖွင့်နိုင်ပေမဲ့ ငါမရှိဘူးဆိုတာ ကိုယ့်အတွက်(အရင်က) နားလည်ရခက်တယ်။
ကိုယ့်အတွက်က လောကကြီးဟာ ကိုယ်ထင်ထားသလို ကိုယ် မျှော်လင့်သလို ဖြစ်မလာဘူး။ ဆိုတာလေးနဲ့ မှတ်ထားလိုက်တော့ တခုခုနဲ့ တိုက်တိုင်း အနတ္တဆိုတာကို ပွားဖြစ်တယ်။ နေရာအတော်များများမှာ အသုံးကျတယ်။
ဝိဘဝတဏှာအကြောင်း သေချာသိချင်ရင် ဘုန်းဘုန်းဟောတာကတော့ တော်တော်စုံပါတယ်။ နာကြည့်ပါနော် ။ ကော်မန့်မှာတင်ထားပါတယ် ။
တရားတပုဒ်နာရင်း ကျင့်သုံးရင်း ဘဝမှာ နေထိုင်ရတာ ပေါ့ပါးသက်သာလာရင်း။

စကားစကား ပြောဖန်များ.... စကားထဲက ဇာတိပြ ဆိုသလိုပါပဲ... ကိုယ့်အကျင့်တွေ ကိုယ်ဘယ်လိုမျိုးလဲ ဆိုတာတွေ ကို ဖော်ပြနေပါတယ်... ...
2026/10/25

စကားစကား ပြောဖန်များ.... စကားထဲက ဇာတိပြ ဆိုသလိုပါပဲ... ကိုယ့်အကျင့်တွေ ကိုယ်ဘယ်လိုမျိုးလဲ ဆိုတာတွေ ကို ဖော်ပြနေပါတယ်... ဘာလုပ်လုပ် သတိလေးနဲ့... အသိလေးနဲ့...
၁။ လူကိုထိခိုက်နာကျင်စေမယ့် နောက်ပြောင်စကားမျိုး မပြောဘူး
တခြားလူကို ထိခိုက်စေတယ်ဆိုရင် အဲဒီစကားက မလိုအပ်တဲ့ စကားသက်သက်ပဲ..
၂။ အကြောင်းအရာကို အကြီးကြီးချဲ့ပြီး မပြောဘူး..
၃။ အမြင်ချင်းမတူရင်တောင် တမင်တကာ ဝင်တိုက်ခိုက်တာမျိုး မလုပ်ဘူး...
၄။ သူများကို မကောင်းပြောတာနဲ့ အတင်းတွေကို ပါးစပ်ကမထုတ်ဘူး..
၅။ မလိုအပ်ဘဲ အကြံမပေးဘူး...
၆။ ကိုယ်ေပြာတာမှန်တိုင်း သူများကို အနိုင်မကျင့်ဘူး
၇။ လူအများရှေ့မှာ သူများကို အရှက်မခွဲဘူး
၈။ အဲဒီလူမရှိတဲ့နေရာမှာ ချီးကျူးပေးတယ်..
၉။ ကိုယ့်ကိုတန်ဖိုးမထားဘဲ ဆက်ဆံတဲ့သူနဲ့ဆို အဝေးမှာနေတယ်..
၁၀။ ကိုယ့်ဘက်က နည်းနည်းလေးပဲမှားတာနဲ့ ချက်ချင်းတောင်းပန်တယ်..

Day154 ပြောင်းလဲချင်စိတ် လူတွေဟာ ပြောင်းလဲနိုင်ပါတယ်.. နောက်ကျတာ  မရှိပါဘူး။ဘယ်လောက်  ခက်ခဲပါစေ၊ အောက်ဆုံးရောက်နေပါစေ၊လူ...
2026/10/24

Day154 ပြောင်းလဲချင်စိတ်

လူတွေဟာ ပြောင်းလဲနိုင်ပါတယ်..

နောက်ကျတာ မရှိပါဘူး။

ဘယ်လောက် ခက်ခဲပါစေ၊

အောက်ဆုံးရောက်နေပါစေ၊

လူတွေဟာ ပြောင်းလဲနိုင်ပါတယ်...

ပြောင်းလဲချင်စိတ်ရှိလာရင်ပေါ့..

ကံကောင်းချင်သူများ.. * နံနက်တိုင်း အိမ်အဝင်ဝကို သန့်ရှင်းရေးလုပ်ခြင်း * မနက်စောစောမှာ ပြတင်းပေါက်ကို ဖွင့်ခြင်း * အိမ်သာ...
2026/10/24

ကံကောင်းချင်သူများ..
* နံနက်တိုင်း အိမ်အဝင်ဝကို သန့်ရှင်းရေးလုပ်ခြင်း
* မနက်စောစောမှာ ပြတင်းပေါက်ကို ဖွင့်ခြင်း
* အိမ်သာအဖုံးကို ပိတ်ထားခြင်း
* ပိုက်ဆံအိတ်ထဲမှ ဘေလ် (ပြေစာ) များကို မထည့်ထားခြင်း
* ငွေစက္ကူများ၏ အနားများကို သပ်သပ်ရပ်ရပ် စီထားခြင်း
* ချွတ်ထားသော ဖိနပ်များကို သပ်သပ်ရပ်ရပ် စီထားခြင်း
* "ကျေးဇူးတင်ပါတယ်" ဟု အမြဲတမ်း ပြောလေ့ရှိခြင်း
* ညည်းတွား စကားလုံးများမပြောဆိုခြင်း
* တွေ့ချင်သောသူထံသို့ ချက်ချင်းသွားရောက်တွေ့ဆုံခြင်း, အချိန်မဆွဲခြင်း..
* ဖုန်းကို လွန်လွန်ကဲကဲ မကြည့်ခြင်း
* ရယူခြင်းထက် ပေးကမ်းစွန့်ကြဲခြင်း
* မအိပ်မီ ကောင်းမွန်သောအရာ (၃) ခုကို ရေးမှတ်ခြင်း
ဘယ်နှချက်လုပ်ဖြစ်ကြလဲနော်.. ကိုယ်ကတော့ screen time များတာလျှော့ရမယ်...

Day 153 ပြောင်းလဲနိုင်တာသူများနဲ့ အတိတ်ကို ကိုယ်ဘယ်လိုမှ ပြောင်းလဲဖို့ ကြိုးစားလို့ မရဘူး သူ့ကံမျိုးစေ့နဲ့ သူလာနေကြတာ......
2026/10/23

Day 153 ပြောင်းလဲနိုင်တာ

သူများနဲ့ အတိတ်ကို ကိုယ်ဘယ်လိုမှ ပြောင်းလဲဖို့ ကြိုးစားလို့ မရဘူး
သူ့ကံမျိုးစေ့နဲ့ သူလာနေကြတာ...
ကမ္ဘာပေါ်မှာ ပန်းတွေအများကြီး ပွင့်နေတာ... ပုံစံမတူ၊ အရောင်မတူ၊ ပွင့်ချိန်လည်းမတူကြဘူး...
အားလုံး သူ့ဟာနဲ့သူတော့ လှနေကြ၊ အဆင်ပြေနေကြတာပဲ...အဆင်မပြေတာလဲရှိမပေါ့... ဒီလိုပဲ ရှင်သန်နေကြတာပဲ..
ဒါကို နင်ကဒီအရောင်မပွင့်နဲ့ ဒီအချိန်ပွင့် သွားလုပ်လို့မရဘူး...

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ အနာဂတ်ကိုတော့ ပြောင်းလဲနိုင်တယ်။
အေးချမ်းမှုသာ ရွေးချယ်ရာ..
ပျော်ရွှင်အောင်နေကြပါ...
ကျန်းမာအောင်နေကြပါ...

ရှောင်လေဝေးဝေး * နှုတ်ဆက်ရင်လည်း မသိကျိုးနွံပြုတယ် (သို့) အေးစက်စက် ဆက်ဆံတယ်။ * အမြဲတမ်း စိတ်တို/မျက်နှာပျက်နေပြီး စကားသ...
2026/10/23

ရှောင်လေဝေးဝေး
* နှုတ်ဆက်ရင်လည်း မသိကျိုးနွံပြုတယ် (သို့) အေးစက်စက် ဆက်ဆံတယ်။
* အမြဲတမ်း စိတ်တို/မျက်နှာပျက်နေပြီး စကားသွားပြောရခက်တယ်။
* ကိုယ့်အကြောင်းပဲ ပြောပြီး သူများပြောတာကို လမ်းခုလတ်မှာ ဖြတ်ပြောတယ်။
* အမြဲတမ်း ကိုယ်ပဲ ဗဟိုချက်မဖြစ်နေမှ ကျေနပ်တယ်။
* ကိုယ့်ထက် တော်တဲ့/သာတဲ့သူတွေကို နောက်ကနေ ခြေထိုးဆွဲချတတ်တယ်။
* သူများအကြောင်း မကောင်းပြောဖို့ပဲ တာစူနေတယ်။
* ပါးစပ်မစောင့်နိုင်ဘူး (နှုတ်မလုံဘူး)။ "ဒီမှာတင် ပြောတာနော်..." လို့ ဆိုတတ်တယ်။
* အမြဲတမ်း ငြင်းဆို/ကန့်ကွက်ခြင်းနဲ့ စတင်တတ်တယ်။
* ခဏခဏ ကိုယ်ပဲ အသာရအောင်/အထက်စီးကနေ ပြောဆိုပြုမူတတ်တယ်။
* သူများရဲ့ ရုပ်ရည် သို့မဟုတ် စွမ်းဆောင်ရည်ကို လှောင်ပြောင်ပြီး အထက်စီးက ကြည့်တယ်။
* ကျေးဇူးတင်စကားနဲ့ တောင်းပန်စကား မပြောနိုင်ဘူး။
* ကိစ္စသေးသေးလေးနဲ့ စိတ်ဆိုး/ဒေါသထွက်တတ်တယ်။
* "နောက်တာပါ" လို့ ပြောပြီး သူတစ်ပါးကို စိတ်ဒဏ်ရာရအောင် လုပ်တတ်တယ်။

Day152  ဆက်ဆံရေးဘဝကပင်ပန်းတယ်.. စားဝတ်နေရေးထက် လူမှုဆက်ဆံရေးက စိတ်ကို ပိုပင်ပန်းစေတယ်..အပြင်လူဆို ထွက်သွားလိုက်၊ရှောင်သွ...
2026/10/21

Day152 ဆက်ဆံရေး

ဘဝကပင်ပန်းတယ်..
စားဝတ်နေရေးထက် လူမှုဆက်ဆံရေးက စိတ်ကို ပိုပင်ပန်းစေတယ်..
အပြင်လူဆို ထွက်သွားလိုက်၊ရှောင်သွားလိုက်လို့ ရသေးတယ်...
မိသားစုပြသနာ၊ လင်မယား ဖြစ်လာပြီ ဆိုရင် ဘယ်လိုမှ ရှောင်ကွင်းမရ... ထွက်ပြေးလည်း မရတာမျိုးပေါ့...
ဒီလိုအခြေအနေတွေမှာ စိတ်မထားတတ်ရင် တကယ့်ကို ပင်ပန်းဆင်းရဲရပါတယ်..
မိသားစုဆိုတာ အပြန်အလှန် ကျေးဇူးရှိကြတယ်.. ကိုယ်ငယ်ငယ်ကတည်းက ဒီမိသားစုနဲ့ နေ့ခဲ့ရတာကိုး... ဒါကိုမမေ့ရင်... ကောင်းတာလေးတွေ ကို ယူပြီး ဆက်ဆံရင် အဆင်ပြေမယ်..
မိသားစုပင် ဖြစ်လင့်ကစား ဗီဇ၊ အထုံတွေမတူကြဘူး... အရပ်အရှည်အတိုတောင် ညှိမရဘူး..
တဘက်ကို ဒီလိုဖြစ်စေချင်.. ဒါတွေ လုပ်စေချင် ၊ အဲဒီလို ပြောစေချင် .... အဲဒီ​စေချင်တွေကို တတ်နိုင်သမျှ နည်းအောင် ကြိုးစားနိုင်လေ သက်သာလေ ဖြစ်လိမ့်မယ်...
သူ့ကောင်းကွက်တွေ မြင်အောင်ကြည့်ပြီး ကိုယ့်စိတ်အေးဖို့ စိတ်ထားတတ်ဖို့ တရားလေး လက်ကိုင်ထားပြီး မေတ္တာစစ်နဲ့ ဆက်ဆံရင်(သူပြောင်းလဲလာတာထက် ) ကိုယ် အေးချမ်းလာမယ်...
ပစ်ထားတာမျိုးဘက် ရောက်တတ်တယ်နော်.. အဲ့လို မဟုတ်ပြန်ဘူး... ဖေးမရင်း ကိုယ်တတ်နိုင်တာအားလုံး လုပ်ပေးရင်း သူ့ကို ဖြစ်စေချင်တာတွေ လျှော့ရမှာပါ... ဒါဆို ကိုယ့်ဘက်တာဝန် ကျေပွန်ပါပြီ...
(ညောင်တုန်းဘုန်းဘုန်းတရားကို ကိုးကားသည်)

တစ်ယောက်တည်း အချိန်ပေးဖို့ ဘာကြောင့် လိုအပ်လဲ -၁။ ဘာမှမတွေးဘဲ ငြိမ်ငြိမ်လေး နေလိုက်တာက ဦးနှောက်ကို အချက်အလက်တွေ ပြန်စီစဉ...
2026/10/21

တစ်ယောက်တည်း အချိန်ပေးဖို့ ဘာကြောင့် လိုအပ်လဲ -
၁။ ဘာမှမတွေးဘဲ ငြိမ်ငြိမ်လေး နေလိုက်တာက ဦးနှောက်ကို အချက်အလက်တွေ ပြန်စီစဉ်ဖို့ အချိန်ပေးလိုက်တာနဲ့ တူတူပါပဲ။
၂။ စိတ်ဖိစီးမှုတွေ ဖြစ်စေတဲ့ ဟိုမုန်းတွေ လျော့နည်းသွားစေတယ်။
၃။ သူများတွေရဲ့ ခံစားချက်တွေနောက်ကို လိုက်ပါပြီး ပင်ပန်းနေရတာတွေကို ခေတ္တရပ်နားလိုက်နိုင်ပါတယ်။
၄။ တခြားလူေတွကို အာရုံစိုက်ဖို့ လုပ်နေရတဲ့ ဦးနှောက်အပိုင်းလေးတွေကို အနားပေးလိုက်နိုင်တယ်။
၅။ ရှုပ်ထွေးတာတွေ လျော့သွားပြီး မှတ်ဉာဏ်ထဲမှာ ပိုပြီး စွဲမြဲစေတယ်။
၆။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခွင့်တွေ များလာပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း တိုးလာတယ်လေ။
၇။ သူများနဲ့ အဆင်ပြေအောင် နေရင်း တင်းမာနေရတာတွေ ပြေလျော့ပြီး သွေးဖိအားလည်း ကျသွားစေတယ်။
၈။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရင်းနဲ့ အမြင်အာရုံတွေ ရှင်းလင်းလာပြီး အမှန်အကန် တွေးတောနိုင်လာတယ်။
၉။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ ပြန်လည်ကောင်းမွန်လာတယ်။
၁၀။ သူတစ်ပါးကို စာနာနားလည်ပေးနိုင်တဲ့ စွမ်းရည်တွေလည်း ပြန်ပြီး တိုးတက်လာပါတယ်။
တခါတလေ ငြိမ်ငြိမ်လေး တယောက်တည်းနေကြည့်ပါ..
ဒီလို တစ်ယောက်တည်း အချိန်လေးပေးတာက ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်အတွက် အများကြီး အကျိုးရှိစေတယ်နော်...

Day 151 ပျော်ရွှင်မှုသာ ရွေးချယ်ပါ..လင်မယားအကြောင်းပြောတော့ အမျိုးမျိုးရှိတာပေါ့လေ... ဒါပေမဲ့ သေချာစဥ်းစားကြည့်တော့ ကိုယ...
2026/10/20

Day 151 ပျော်ရွှင်မှုသာ ရွေးချယ်ပါ..

လင်မယားအကြောင်းပြောတော့ အမျိုးမျိုးရှိတာပေါ့လေ...
ဒါပေမဲ့ သေချာစဥ်းစားကြည့်တော့ ကိုယ်သည်းခံသလိုသူလည်း သည်းခံရတာပါပဲ..
ညောင်တုန်းဘုန်းဘုန်းက အမြဲ ဘဝဆိုတာ တိုတိုလေး.. မပျော်ရွှင်ရင် မတန်ဘူး..ပျော်အောင်နေရမယ်လို့ ဆုံးမပါတယ်...
ဥပမာ.. ·လင်မယားဆိုတာ များသောအားဖြင့် တသက်လုံးပေါင်းရတာ.. လူတယောက်မှာ မကောင်းတာချည်း၁၀၀%တော့ မဖြစ်နိုင်ဘူး.. ကိုယ်လည်း၁၀၀% ကောင်းတာ မဟုတ်ဘူး..
သူမကောင်းတာတွေချည်းကြည့်ပြီး လိုက်စိတ်တိုနေတာ..သူမှားခဲ့တာကို အကြိမ်ကြိမ် ပြန်ပြောရန်တွေ့နေတာ .. သူလည်းစိတ်မချမ်းသာသလို ကိုယ့်မှာပူလောင်ပြီပေါ့.. (လင်မယားမှမဟုတ် လူတိုင်းအပေါ်သုံးလို့ရပါတယ်)

ကျွန်မအမျိုးသားဆို ဆေးလိပ်မသောက်၊ အရက်မသောက်၊ လောင်းကစားမလုပ်... အစားလေး စားတာပဲ သူ့မှာရှိတယ်. .(ကြူးနေတာ ..မကြိုက်တာအကုန်ပြောနေရင် ဒီနေ့ မပြီးတော့လို့ 😅)
ဆိုတော့ ခွင့်လွတ်ပေးလို့ရပါတယ်...
သူ့ကိုခွင့်လွတ်ပေးတာထက် ကိုယ့်အေးချမ်းမှုကို ရွေးချယ်လိုက်ပါတယ်.. ...
သူကျန်းကျန်းမာမာနဲ့ အသက်ရှင်နေရင် ကိုယ်လည်းသက်သာတယ်လေ..
တကယ့်မေတ္တာစေတနာနဲ့ ဟင်းတွေချက်ပေး ၊ တရားစကားတွေပြောပေး၊ လမ်းတူတူလျှောက်တယ်..အစစအရာရာ support လုပ်ပေးတယ်...
သူပြောင်းလဲလာမယ်လို့ မျှော်လင့်မထားဘူး.. ကိုယ်လုပ်ပေးစရာကို လုပ်ပေးတာပဲ.. စိတ်က သန့်ရှင်းနေတယ်...
ဟင်းချက်ရတာလည်း ပျော်တယ်...
လူတွေက တကယ်ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ် ချစ်တတ်လာပြီဆိုရင် နေတိုင်းရွေးချယ်စရာတွေမှာ ပျော်ရွှင်မှုကိုသာ ရွေးချယ်လာတယ်...
မကျန်းမာတဲ့အစားအစာ မစားဘူး..
ရေများများသောက်၊ လမ်းများများလျှောက်...
အတွေးတွေကို သတိနဲ့ လုံခြုံစေတယ်...
သူများအကြောင်း မပြောဘူး..
လောဘ၊ဒေါသ၊ မနာလိုစိတ်တွေကို သတိနဲ့ ဖြစ်ရုံဖြစ်ပြီး ပျက်သွားတာသိစေတယ်...
မကြိုက်တဲ့သူတွေအပေါ်မှာတောင် တတ်နိုင်ရင် မေတ္တာထားနိုင်အောင်ကြိုးစားတယ်...
မတတ်နိုင်တဲ့မဆုံး ဥပေက္ခာနဲ့နေနိုင်အောင် ကြိုးစားတယ်...
(ဒီနေရာမှာ တဘက်က တော်တော်ဆိုးတဲ့အပိုင်းတွေ ရှိပါတယ်... ကိုယ့်ကို ရိုက်နှက်နှိပ်စက်တာမျိုး..ဒီပတ်ဝန်းကျင်က ကိုယ့်အသက်အန္တရယ်ရှိတယ် .. မလုံခြုံတာ မျိုးဆိုရင်တော့ စွန့်ခွာဖို့ ပြင်ဆင်၊ဆုံးဖြတ်ရပါမယ်.. )
ကိုယ့်စိတ်ကို မကောင်းမှုတွေနဲ့ ပူလောင်နေတာကို သတိနဲ့ တိုနိုင်သမျှတိုစေတယ်...
ဒီလိုဖြစ်အောင် ဘယ်လိုနေရမလဲမေးရင် တရားမှန်မှန်နာတယ်.. ဆင်ခြင်တယ်... သတိနဲ့နေတယ်...
တရားထိုင်စဥ်မှာပဲ မဟုတ်ပဲ နေ့စဥ်အချိန်တွေမှာပါ သတိလေးထားဖို့ လေ့ကျင့်တယ်...
အနတ္တနဲ့အနိစ္စ ကို အမြဲ​ဆင်ခြင်ပါတယ်...ပြသနာအားလုံး ရှင်းနိုင်တဲ့ တရားတွေပဲ ဖြစ်ပါတယ် ...
အနတ္တလက္ခဏာသုတ်တရားကို ကောမန့်မှာ တင်ထားပါတယ်..
အနိစ္စကတော့ ဖြစ်ပြီးပျက်သွားတာကိုပြောတာပါ... ဘယ်တော့မှ ပြန်မလာခြင်းမျိုးနဲ့ပျက်သွားတာကို သိရင် ဘာကိုမှပြသနာမလုပ်တော့ပါ...

ငယ်ငယ်က ဆယ်တန်းအောင်ပြီးနောက်မှာပေါ့... အချိန်တွေအားနေတော့ တရားစခန်းတွေဝင်ဖြစ်တယ်..  စာအုပ်တွေအများကြီး ဖတ်ဖြစ်ခဲ့တယ်......
2026/10/20

ငယ်ငယ်က ဆယ်တန်းအောင်ပြီးနောက်မှာပေါ့...
အချိန်တွေအားနေတော့ တရားစခန်းတွေဝင်ဖြစ်တယ်.. စာအုပ်တွေအများကြီး ဖတ်ဖြစ်ခဲ့တယ်... မဝယ်နိုင်ပေမဲ့ ရင်းနှီးတဲ့ စာဖတ်ဝါသနာပါတဲ့ အစ်ကိုတစ်ယောက်က စာအုပ်တွေ အမြဲငှားပေးတယ်...
အကြိုက်ဆုံးတွေကတော့ ဆရာတော် ဦးဇောတိက (မဟာမြိုင်)ရဲ့ စာအုပ်တွေပါပဲ...
ဂျပန်ရောက်ပြီး အိမ်ရှင်မဖြစ်... အချိန်တွေအားနေပြန်ရော...
တရားထိုင်ချင်လာပြန်တယ်... တရားနာချင်လာပြန်တယ်... ဘုရားတရားနဲ့ ဝေးကွာနေတာ ကြာပြီမို့ ဘာက စလုပ်ရမှန်းမသိဘူး..
YouTube ကနေ ဦးဇောတိက (မဟာမြိုင်)လို့ ရိုက်ရှာမိတယ်... ဆရာတော်အသံကိုပထမဆုံးကြာဖူးတာပဲ... အသံကြားကြားချင်း မျက်ရည်ကျလာမိတာ အခုထိမှတ်မိတယ်...
အရင်ကဖတ်ထားတဲ့စာအုပ်တွေကို အကြိမ်ကြိမ် အသံနဲ့နာယူမိတယ်..
တခြားတရားတွေလည်း နေ့တိုင်းနာတယ်... တရားလည်းထိုင်ဖြစ်တယ်...
စိတ်တွေက လုပ် နေတုန်းတော့အဆင်ပြေတယ်...
ပြောင်းလဲမသွားဘူး.. အေးချမ်းမသွားဘူး...
အဲဒီတုန်းက မြန်မာကိုတစ်နှစ်တခါပြန်တယ်...
ပြန်ရင်တပတ်တော့ တရားစခန်းသွားဝင်တာပဲ... ဒါလည်းဒုံးရင်းပဲ...
နောက်ပိုင်းမှာသိလာတာက ကိုယ်ဟာ သမထနဲ့ ဝိပဿနာတောင် မကွဲပြားခဲ့တာပါပဲ...
ထမင်းချက်နည်းမသိပဲ ထမင်းချက်နေရင် ဘယ်အဆင်ပြေပါ့မလဲ...
နည်းမှန်သိသွားပြီး ရေဒီလောက်ထည့်.. မီးအရှိန်ဒီလောက်နဲ့ချက်ရမယ် ဆိုတာသိသွားရင် ထမင်းကောင်းကောင်း စားရမှာပေါ့...
စကားပြန်စရရင် ခုတလော ကိုယ့်စိတ်ထဲမှာ အပျော်ဆုံးလူသား ဆိုတဲ့စကားကို ခဏခဏ ကြားယောင်နေတယ်...
ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်... ခံစားေနမိတယ်..
ဘာလဲအပျော်ဆုံးလူသားဆိုတာ ... ငါအရင်က အဲဒီတရားဖတ်ဖူးသလိုပဲ...လို့ သတိရပြီး ရှာကြည့်တော့ တွေ့ရတယ်... ပြန်နာဖြစ်တယ်...
အရင်ကနဲ့မတူတဲ့ နားလည်မှုနဲ့ ဝမ်းသာမိတယ်...
--- တရားတွေလုပ်နေတယ်.. ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲဘူး.. အားမရဘူးဆိုတဲ့သူတွေရှိတယ်...
အားမငယ်ပါနဲ့...
ထမင်းချက်နည်းကို သင်ယူပါ...
ထမင်းချက်နည်းဆိုတာတရားနာယူတာပါပဲ..
မှန်ကန်တဲ့နည်းဖြစ်ဖို့လိုတယ်... ယုံကြည်မှုနဲ့ တစိုတ်မတ်မတ် လုပ်ဖို့လိုပါတယ်..
တနေ့မှာ အပျော်ဆုံးလူသားတွေ ဖြစ်လာဖို့... သတိနဲ့... အသိဥာဏ်နဲ့... ဖြည်းဖြည်းနဲ့ မှန်မှန်လေး သွားကြဖို့ ရည်ရွယ်ပါတယ်
တရားကို ကောမန့်မှာတင်ထားပါတယ်

住所

Shizuoka Fujicho

ウェブサイト

アラート

感謝 Gratitudeが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する