27/07/2023
\\''စကားပြောတတ်ဖို့လိုတယ်''//
------------------------------------------------
ဝေဖန်ထောက်ပြတာနဲ့ ကဲ့ရဲ့တာမတူဘူး
ဝေဖန်ထောက်ပြတယ်ဆိုတာ အမှားကိုပြင်နိူင်ဖို့အတွက် အကျိုးအကြောင်းစီလျော်အောင် တည့်မတ်ပေးတာ။ကဲ့ရဲ့တယ်ဆိုတာ
လူတစ်ဖက်သားကို အရှက်ရသွားအောင်
အကောင်းအဆိုးမသေချာပဲ အထင်နဲ့အမြင်မခွဲခြားပဲ သူတစ်ပါးကိုနစ်နာစေလိုတဲ့စိတ်နဲ့အပြစ်တင်လွန်းတာပါ။
တစ်ခါတလေ လူတွေက ကိုယ့်စကားမှအမှန် သူတစ်ပါးပြောရင်မှားနေတယ်ထင်နေတာ အမှန်တော့ တူညီတဲ့စကားတွေပါပဲ။
သေချာ ဂဃနဏမသိပဲ ဝေဖန်အပြစ်တင်ချင်တဲ့စိတ်ကြောင့်သာ အတ္တစိတ်တွေများသွားကြတာပါ။
မှန်တိုင်းလည်း မပြောသင့်တဲ့စကားရှိတယ်
မှန်တိုင်းလည်း မဝေဖန်သင့်တဲ့အကြောင်းရှိတယ် လူဆိုတာ ထီးနန်းနဲ့နေနိူင်မှ လူပီသတာမဟုတ်ဘူး စည်းနဲ့ကမ်းနဲ့နေနိူင်မှလူပီသတာပါ...ဒါကြောင့် ဘာကိုပဲလုပ်လုပ် စည်းထားဖို့လိုပါတယ်...ဘာစကားကိုပဲပြောပြော လူ့စည်းကမ်းအရသိဖို့လိုပါတယ်။
လူတစ်ယောက်အကြောင်းအပေါ်ယံသိရုံလောက်နဲ့မဝေဖန်ပါနဲ့ သင်တွေ့တာက စာအုပ်တစ်အုပ်ရဲ့အပေါ်ယံမျက်နှာဖုံးပါ
စာအုပ်ရဲ့အတွင်းစာမျက်နှာတွေမှာ ဘယ်လိုအကြောင်းတရားတွေရှိတယ်ဆိုတာ သင်မမြင်နိူင်တဲ့အတွက် ဝေဖန်မစေမိပါစေနဲ့။
အကြောင်းတရားအစုံကို သေချာဂ၊ဃ၊န၊ဏမသိရင်တိတ်တိတ်နေပါ ပါးစပ်နဲ့လူမသတ်ပါနဲ့ လူတစ်ယောက်ကို အနိူင်ယူဖို့ ဘာလက်နတ်မှမလိုဘူး တစ်ချို့စကားလုံးတွေက လူတစ်ယောက်ရဲ့စိတ်ကို ဟိုးအောက်ဆုံးထိကျသွားနိူင်တယ်ဆိုတာမမေ့ပါနဲ့။
စကားကြောင့်သာ အားဖြစ်ပါစေ
စကားကြောင့်သာ ကုသိုလ်ဖြစ်ပါစေ
စကားကြောင့်သာ ကူညီနိူင်ပါစေ
စကားကြောင့်သာ မေတ္တာတွေပွားနိူင်ပါစေ
အမုန်းတွေမယူပဲ အပြောတွေကိုတတ်နိူင်သမျှချိုသာနိူင်ပါစေ။
ကိုယ်တိုင်မသိပေမယ့် ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖတ်လူစိတ်ချမ်းသာတယ်ဆိုရင်ပဲ ကုသိုလ်ရနေပါပြီ။