09/06/2026
ကိုယ်တွေဖက်ရပ်တည်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေ ဝန်းရံထားတဲ့ အားရစရာပွဲ။
online လက်မှတ်လေးတွေ ဝယ်အားပေးကြနော်။
"မော်ကွန်းတင် ဂုဏ်ပြုလွှာ"
💛💛💛💛💛💛💛💛💛
တော်လှန်မိဘပြည်သူအပေါင်း စ်တ္တသုခ၊ ကာယသုခ နှစ်ဖြာသော သုခနဲ့ပြည့်စုံပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း ကျွန်တော်တို့ "နှစ်ပါးသဘင် ပြည်တော်ဝင်" အဖွဲ့တော်သားများက ဆုတောင်းမေတ္တာပို့သအပ်ပါသည် ခင်ဗျာ။🙏🙏🙏
💘 ကျွန်တော်တို
"နှစ်ပါးသဘင်ပြည်တော်ဝင်" ဇာတ်ပွဲ မြေပြင်ရိုက်ကူးရေးပွဲလေးက ဇွန်လ (၆)ရက်၊ စနေနေ့မှာ အောင်မြင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ် ခင်ဗျာ။
👫အဆိုပါပွဲလေးအတွက် ရန်ကုန်တိုင်းစစ်ဒေသ၊ တပ်ရင်း အမှတ်5103 ကစတင်အကူအညီတောင်းချိန်မှစပြီး ပွဲကျင်းပပြီးစီးသည့်အထိ အစအဆုံးထိ ငွေအားလူအားစိုက်ထုတ်ကာ ဦးဆောင်စီစဥ်ပေးခဲ့ပါသော ကိုဥက္ကာ+မအိအိအောင် မိသားစုကို အထူးအထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပဏာမ အနေနဲ့ ပြောကြားပါရစေ ခင်ဗျာ။
👏👏👏
💓 ဇာတ်ပွဲမှာ အတီးပိုင်းဆိုင်ရာအတွက် လိုလေးသေားမရှိရလေအောင် တီးခတ်ဖျော်ဖြေ အားဖြည့်ပေးပါသော သောင်းရင်းသုခုမ အဖွဲ့တော်သားများအား လည်းကောင်း။
💛 One star ကိုအောင်သော် ဦးဆောင်သော နွေဦးကာရံဒေါင်းတို့အားမာန် အဖွဲ့အားလည်းကောင်း။
💛အကပဒေသာများနှင့် ကူညီအားဖြည့်ပေးပါသော
👉 CDM မင်းသားကိုငြိမ်း
👉 CDM မင်းသား အောင်မြင်ဗိုလ်
👉 မင်းသားချော သားအောင်ဆက်
👉 မင်းသားငယ်လေး အားသစ် နှင့်တကွ
👉 CDM မင်းသမီးချော မစန်းနီလာဝင်း
👉ဒေါင်းမင်းသမီးသက်ထားခင်
👉မင်းသမီးချောလေး ဝါဝါလှိုင်
👉 CDM ကျောင်းဆရာ ကိုပီတာ
👉 CDM ဆရာမ မညိမ်း
👉 မင်းသမီးချောဝင့်ဝင့်
👉 မင်းသမီးချော ခရေသင်း
👉 မင်းသမီးချော နှင်းသီရိလွင် တို့အား လည်းကောင်း
🤝 ပွဲအတွက် ကန့်လန့်ကားများစသည့် အပြင်အဆင်များအတွက် စနစ်တကျ စီစဥ်ကူညီပေးပါသော လူရွှင်တော် ကိုပန်းချစ် အားလည်းကောင်း။
👉 မင်းသားမင်းသမီးများအား အလှအပရေးရာအတွက် ကူညီပါဝင်ပေးပါသော မိတ်ကပ်ပညာရှင် လမင်းအိမ် နှင့်အဖွဲ့တော်သားများအား လည်းကောင်း။
💛ပွဲအတွက် ကန့်လန့်ကာများနှင့်တကွ ဇာတ်အသုံးအဆောင်များ၊ မင်းသမီးဝတ်စုံများ ချုပ်လုပ်ပေးပါသော ဒီဇိုင်နာ မနောနော အားလည်းကောင်း၊
🤝 မင်းသား မင်းသမီးများအတွက် အကဝတ်စုံများအပြင် အကလေ့ကျင့်သောရက်များတွင် အာဟာရဒါနအဖြစ် ထမင်း နှင့် အအေး ကျွေးမွေးလှူဒါန်ပေးသော
ကိုရဲမင်း AAC နှင့် ဇနီးမဖြူသဇင်ဦး တို့အားလည်းကောင်း
🤱အကတိုက်ချိန်နှင့် Live လွှင့်ချိန်တို့တွင် မုန့်ဟင်းခါးနှင့် နန်းကြီးသုပ်အာဟာရ ကျွေးမွေးအားဖြည့်ပေးပါသော တပ်ရင်းမှုး၏မိခင် CDMဆရာမကြီးဒေါ်ရွှေရွှေ အားလည်ကောင်း
🤜 Rehersal နှင့် အခမ်းအနားအပြင်အဆင်နေ့တွင် အာဟာရဒါန အဖြစ် ထမင်းကျွေးမွေးလှူဒါန်းပေးပါသော ဘဝသစ် ထမင်းဆိုင် မိသားစု အားလည်းကောင်း
👧 အကတိုက်သောရက်တွင် ပဲထမင်း အာဟာရ လှူဒါန်းအားဖြည့် ပေးပါသော မယ်ကံကောင်းဒံပေါက် နှင့်စားဖွယ်စုံ ဆိုင်မှ ပိုင်ရှင် မမျိုးငယ်ငယ်နိုင် အားလည်းကောင်း
🧡 အကတိုက်သောရက်များတွင် ထမင်းချက်ပြုတ်ပေးပါသော တေးရေး တေးဆို ကိုဥက္ကာမိုး(ဧရာမြေ)၊ မထူး တို့အားလည်းကောင်း
💛 အာဟာရဒါန အလှူရှင် ကိုကျော်စွာအောင် (Snozy ကူဖီးလ်)မိသားစု တို့အား လည်းကောင်း
🗣 နှစ်ပါးသဘင် ပြည်တော်ဝင် ပွဲလေးအတွက် online မှ ကူညီဝန်းရံပေးပါသော ကိုမင်းကိုနိုင်၊ ကိုပေါက်၊ ကိုမင်းမော်ကွန်း တို့ကိုလည်းကောင်း
🤝 အကတိုက်တဲ့နေရာအထိ လာရောက်အားပေးပြီး ကြည့်ရှုစောင့်ရှောက်ပေးပါသော ဆရာကြီးဦးမြင့်သိန်း(BLC)၊ ဆရာကြီးဦးသိန်းနိုင်(တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ်) နှင့် Australia မှ တကူးတက လာရောက်အားပေးပါသောကိုဝင်းထိုက် တို့အားလည်းကောင်း
💖 အကတိုက်ချိန်တွင် promote အတွက်အင်တာဗျူးနှင့်တကွ ပွဲအတွက်လဲ ကဗျာရွတ်ဆိုအားဖြည့်ပေးပါသော ကိုနေဘုန်းလတ် နှင့် PVTVအဖွဲ့တော်သားများအားလည်းကောင်း
📷 ပွဲအတွက် ဓာတ်ပုံံများရိုက်ပေးပါသော Revography Team နှင့်၊ သံလွတ်ခက် အဖွဲ့ တို့အားလည်းကောင်း
📷 online ပွဲအတွက် Video ရိုက်ကူးပေးပါသော ကိုကျီးကန်းနှင့်ဆက်လျှောက်အဖွဲ့ သားများအားလည်းကောင်း၊ ဒါရိုက်တာကိုထက်မြတ်နှင့်ဒီခရီးကြမ်းလားအဖွဲ့သားများအားလည်းကောင်း
🎤အသံပိုင်းဆိုင်ရာ ကူညီပေးပါသော ကိုဂီးနှင့် ကိုDenial Saw တို့အားလည်းကောင်း
🤜 Motion Video Designs , LED , Vinyl , Social Post & Background Setting Designs များကို စီစဉ် ရေးဆွဲပေးပါသော Designer Ko Aung Thet Paing နှင့် Ko Saw Nanda လည်းကောင်း၊
🧡 ဇာတ်သဘင်ပိုင်းဆိုင်ရာ Content များနှင့် ဓာတ်ပုံဒီဇိုင်းများရေးဆွဲပေးပါသော မင်းသားချော အောင်မြင်ဗိုလ် အားလည်းကောင်း၊
💛လတ်မှတ်ရောင်းသောနေရာမှာသုံးဖို့ အကောင့်များပေးသုံးပါသော နိုင်ငံတကာမှ တော်_လှန်မိသားစုများအားလည်းကောင်း၊
🤝 ဝိုင်းဝန်းကူညီပေးပါသော ကိုလပြည့် နှင့်အဖွဲ့အား လည်းကောင်း။
🤵ထိုင်းစကားပြန်အဖြစ် ကူညီပေးပါသော ကိုသူရိန် အားလည်းကောင်း
✍ပွဲနေ့တွင် MC Script ရေးသားပေးခြင်းအပြင် ပွဲစဉ်အစအဆုံးကူညီပေးပါသော ကိုကော်နာ အားလည်းကောင်း။
💛 အစစ အရာရာကူညီအားဖြည့်ပေးပါသော မချယ်ချယ်နှင့်ကိုကြိုင်တို့ အားလည်းကောင်း။
💛 Opera အတွက် လိုအပ်သော ဇာတ်အသုံးအဆောင်များ ကူညီပြုလုပ်ပေးပါသော မဟာနွယ်၊ ရဲဘော် Saw Black နှင့် စာလုံးဒီဇိုင်းများ ကူညီရေးဆွဲပေးပါသော ရဲဘော်ကိုစ တို့အားလည်းကောင်း။
💵 live လွှင့်ချိန်တွင် ပွဲလက်မှတ်များ ဝယ်ယူအားပေးရုံမျှမက အဖွဲ့တော်သားများအားဆုငွေများ ချီးမြှင့်ပေးပါသော ကိုအာပုံနာ အားလည်းကောင်း။
❇ မင်းသားမင်းသမီးများအတွက် ဝတ်စုံဒီဇိုင်းများကို အလှဆင်ရာတွင်လည်းကောင်း၊ ပွဲအတွက်အစစ အရာရာ ကူညီအားဖြည့်ပေးပါသော ကိုခွန်အောင်
မင်း+ CDM တရားသူကြီး မမေမွန်ကြွယ် တို့အားလည်းကောင်း။
💛 ပွဲကျင်းပသောနေ့ လုံခြုံရေးအတွက် ကူညီအားဖြည့်ပေးပါသော ဆရာကင်၊ကိုရဲမင်းဇင်၊ကိုဖိုးစည်၊ကိုအောင်အောင်တို့အားလည်းကောင်း၊
💛Media ဖြင့်ဝိုင်းဝန်းကူညီပေးပါသော DVB၊BBM၊သံလွင်ခက် Media များအားလည်းကောင်း
👉 သီချင်းတိုက်ဖို့ နေရာလေးကူညီပေးပါသော မမြတ်နိုးဖြူ၊ကိုမင်းမင်းစိုးရွှေတို့အားလည်းကောင်း
💛ပွဲကျင်းပခွင့်ပေးပါသော ဟိုတယ်ပိုင်ရှင်နှင့်တကွလိုအပ်သမျှအစစအရာရာကူညီပေးပါသော ဟိုတယ်ဝန်ထမ်းများအားလည်းကောင်း၊
👉မြေပြင်ပွဲတွင်တခဲနက်လာရောက်ကြည့်ရူ့အားပေးဆုချီးမြှင့်ပေးကြပါသော ဓမ္မဘက်တော်သားညီကိုမောင်နှမများအားလည်းကောင်း၊
👉Online လတ်မှတ်များဝယ်ယူအားပေးကြပါသော ညီကိုမောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မော်ကွန်းတင်မှတ်တမ်းတင်အပ်ပါသည်။