Burma Shop

Call Website Contact the business

Burma Shop A Vancouver e-commerce startup offering authentic Myanmar products to Burmese community in Canada.

ခံတွင်း မတွေ့တာ ကြာခဲ့ပါပြီလေ ကနေဒါ ရောက်ကတည်းက လို ပြောနိုင်မယ်သူတို့ ဆီက အစားအသောက်တွေ မကောင်းဘူး မဟုတ်ပါဘူးအရသာ ရှိတယ...
10/21/2026

ခံတွင်း မတွေ့တာ ကြာခဲ့ပါပြီလေ
ကနေဒါ ရောက်ကတည်းက လို ပြောနိုင်မယ်
သူတို့ ဆီက အစားအသောက်တွေ မကောင်းဘူး မဟုတ်ပါဘူး
အရသာ ရှိတယ် ၊ နှစ်သစ်မိတာလေးတွေ လည်းရှိတယ်။
ဒါပေမယ့် မြန်မာ လူမျိုး တစ်ယောက်လေ
မြန်မာ အရသာ ကို တမ်းတတဲ့ စိတ်ကိုတော့
တခါ တခါ ထိန်းချုပ်မရဘူးပေါ့
ထမင်းစားပွဲမှာ
ဟင်း နှစ် အစုံအလင်
အတို့အမြုပ် တစ်ဖုံ နဲ့
ငပိ ငါးခြောက်က ပါသေး
မြိန်ရင်း စားရင်း
ရေနွေးကြမ်း ပူပူလေး သောက်လိုက်
အထက်အညာက မှာထားတဲ့ အချဥ်လေး တို့လိုက်နဲ့
တော်တော် ခံတွင်းတွေ့ခဲ့တဲ့
ထမင်း ဝိုင်းလေးတွေပါ။
ကနေဒါ ရောက်ကတည်းက
ဒီအရသာ ပျောက်နေခဲ့တာ။
ဘယ်လိုပဲ ရပ်ဝေး ပြည်ပကို ရောက်ရောက်
ကိုယ့် ရွှေမြန်မာတို့က
မြန်မာအရသာ ကို လွမ်းတဲ့ဒဏ်ကိုတော့
ခံစားကြရတာပဲမဟုတ်လား ?

မြန်မာ အစားအစာတွေ စားချင်လာရင် Burma Shop website ကနေ လတ်ဆပ်တဲ့ မြန်မာအစားအစာတွေ ဝင်ရောက်ကြည့်ရူ့မှာယူနိင်ပါတယ်။

🛒 Order @ www.burmashop.co

Website မှာ Order တင်လို့ရသလို အောက်က Page Messenger နဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။

💬 Messenger Chat: https://m.me/burmashop.co
📞 Phone: +1 236 501 8815



ပိတ်ရက်အတွက် လွယ်ကူရိုးရှင်းတဲ့ မနက်စာဆိုတာMonday ကတည်းက မြန်မြန်ရောက်ပါစေဆိုပြီး မျှော်လင့်ခဲ့ရတဲ့ ပိတ်ရက်လေး…အခုတော့ ရ...
10/17/2026

ပိတ်ရက်အတွက် လွယ်ကူရိုးရှင်းတဲ့ မနက်စာဆိုတာ
Monday ကတည်းက မြန်မြန်ရောက်ပါစေဆိုပြီး မျှော်လင့်ခဲ့ရတဲ့ ပိတ်ရက်လေး…အခုတော့ ရောက်ရှိလာပြန်ပြီ။
ဒီလိုပိတ်ရက်လေးမှာ အိပ်ရာထနောက်ကျတတ်သလို၊ တစ်ပတ်လုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေအတွက် စိတ်ရော ကိုယ်ပါ အနားပေးဖို့ အကောင်းဆုံးအချိန်တစ်ခုပေါ့။
ပိတ်ရက်မနက်ခင်းမှာ မြန်မာဆန်ဆန်မနက်စာလေးကို အချိန်ပေးပြီး ဖြည်းဖြည်းချင်းပြင်ဆင်စားရတဲ့ အရသာက ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။
အိပ်ရာနိုးတာနဲ့ မီးဖိုချောင်ထဲဝင်ပြီး ညကကျန်တဲ့ ထမင်းဖြူလေးကို ဆီမွှေးမွှေးလေးနဲ့ ကြော်၊ အာပဲ့ခြောက်လေးကို မီးဖိုပေါ်မှာ ကင်ပြီး ကြက်ဥကြော်လေးနဲ့အတူ တွဲစားရတာဟာ ဘယ်လိုမှ မရိုးနိုင်တဲ့ အရသာတစ်မျိုးပါပဲ။
မြန်မာတွေက ထမင်းကြော်ကို လက်ဖက်၊ ငါးပိထောင်း၊ ငါးပိကြော်စသဖြင့် မျိုးစုံတွဲစားတတ်ကြပါသေးတယ်။
ပြီးတော့ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီပူပူလေးတစ်ခွက်ကို ဖြည်းဖြည်းချင်းသောက်ရင်း စားနေရချိန်မှာ မြန်မာပြည်က အမေ့အိမ်ကို သတိရမိပြန်တယ်။
ဒီလို ရိုးရှင်းတဲ့ မနက်စာလေးက ငယ်ဘဝကို အမှတ်ရစေပြီး မိသားစုနဲ့ အတူရှိနေသလို ခံစားရစေပါတယ်။ အဝေးရောက်နေပေမဲ့ အိမ်နဲ့တစ်သားတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးနိုင်တာက ဒီလိုရိုးရှင်းတဲ့ မြန်မာ့အစားအစာလေးတွေကြောင့်ပါပဲ။
ဒီလိုအိမ်လွမ်းစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ Burma Shop ကို သတိရလိုက်ပါ။
Burma Shop မှာ အိမ်လွမ်းစာအစုံအလင်ကို ဝယ်ယူပြီး နွေးထွေးတဲ့ အိမ်ရဲ့အငွေ့အသက်ကို ပြန်လည်ခံစားလိုက်ပါ။
Order Now: www.burmashop.co
Website မှာ Order တင်လို့ရသလို အောက်က Page Messenger နဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။
Messenger Chat: https://m.me/burmashop.co
Phone: +1 236 501 8815



Burma Shop ဟာ မြန်မာပြည်ကနေ အဝေးတစ်နေရာမှာ ရှိနေတဲ့ ကနေဒါရောက် မြန်မာတိုင်းအတွက် အိမ်နဲ့တူတဲ့ ခံစားချက်ကို ပေးချင်တာပါ။ ...
10/16/2026

Burma Shop ဟာ မြန်မာပြည်ကနေ အဝေးတစ်နေရာမှာ ရှိနေတဲ့ ကနေဒါရောက် မြန်မာတိုင်းအတွက် အိမ်နဲ့တူတဲ့ ခံစားချက်ကို ပေးချင်တာပါ။ ဒါကြောင့် ရောင်းချတဲ့ ပစ္စည်းတိုင်းကိုလည်း စိတ်တိုင်းကျပြီး စိတ်ချလက်ချ ဝယ်ယူနိုင်ဖို့ အကောင်းဆုံးကြိုးစားထားပါတယ်။

Burma Shop မှာ အားပေးဝယ်ယူဖူးတဲ့ Customer များရဲ့ စကားသံတွေကို အမြဲနားစွင့်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့လည်း ကြိုးစားနေပါတယ်။

Burma Shop ရဲ့ အကြီးမားဆုံး ဆုလာဘ်ကတော့ ဝယ်ယူသူတွေရဲ့ စိတ်ကျေနပ်မှုပါပဲ။ အားပေးဝယ်ယူဖူးသူတွေဆီက Feedback တွေက ကျွန်တော်တို့ကို အားတက်စေပြီး အားထုတ်လုပ်ကိုင်ချင်စိတ်တွေကိုပါ ပေးပါတယ်။

Feedback ပေးတဲ့ Customer တစ်ဦးချင်းစီတိုင်းကိုလည်း Burma Shop ကနေ အထူးကျေးဇူးတင်ရှိပါတယ်။ ဝယ်ယူသူတိုင်းရဲ့ စကားသံတွေဟာ Burma Shop ရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပါတယ်။

ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Feedback/ Review ရေးပေးတဲ့ Customer တိုင်းကို နောက်တစ်ကြိမ်ဝယ်ယူမှုအတွက် 5% Discount ပေးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် Burma Shop မှာ ဝယ်ယူဖူးတယ်ဆိုရင် Feedback လေးရေးပြီး 5% discount ရယူလိုက်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဝယ်ယူသူတိုင်း စိတ်ချမ်းသာရမယ်ဆိုတာ အာမခံတာကြောင့် Burma Shop မှာ အခုပဲမှာယူလိုက်ပါနော်။

🛒 Order Now: www.burmashop.co

Website မှာ Order တင်လို့ရသလို အောက်က Page Messenger နဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။

💬 Messenger Chat: https://m.me/burmashop.co
📞 Phone: +1 236 501 8815




# CustomerReview

09/29/2026

ကနေဒါရဲ့ အေးစိမ့်စိမ့်မနက်ခင်းတွေမှာ တစ်ခါတလေကျရင်တော့ Sandwich တွေ၊ ပေါင်မုန့်ကင်တွေထက် အိမ်ကမီးဖိုချောင်ထဲမှာ အမေနယ်ပေးလေ့ရှိတဲ့ ထမင်းဆီစမ်းပူပူလေးကို ပိုပြီး တမ်းတမိတတ်ကြတာ သဘာဝပါ။
အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းဖြူလေးကို ပဲဆီမွှေးမွှေးလေးရယ်၊ ဆားလေးနည်းနည်းရယ်နဲ့ နှံ့အောင်နယ်ထားတဲ့ အဲ့ဒီရိုးရှင်းတဲ့အရသာက ဘယ်လောက်ပဲ အဝေးရောက်ရောက် မေ့လို့မရနိုင်တဲ့ အိမ်လွမ်းစာပါပဲ။
ဒါပေမဲ့ အဲ့ဒီထမင်းဆီစမ်းလေးကို ပိုပြီး အသက်ဝင်သွားစေတာကတော့ ဘေးနားမှာ အသားထူထူ ငါးရံ့ခြောက်ကင် မွှေးမွှေးလေး ရှိနေတာပါပဲ။
အလုပ်သွားခါနီး အချိန်သိပ်မရတဲ့ မနက်ခင်းမျိုးမှာ ဟင်းတွေအများကြီး ချက်မနေနိုင်ရင်တောင် ငါးရံ့ခြောက်ကင်လေးကို မီးလေးနဲ့ ခဏလောက်ပြ၊ အသားလေးတွေကို နွှင်ပြီး ထမင်းဆီစမ်း (ဒါမှမဟုတ်) ထမင်းကြော်လေးနဲ့ တွဲစားလိုက်ရုံပါပဲ။
အလုပ်မရှုပ်ဘဲ မိနစ်ပိုင်းအတွင်း ပြင်ဆင်နိုင်ပေမဲ့ ရလိုက်တဲ့အရသာကတော့ တစ်နေ့တာလုံးကို အားအပြည့်နဲ့ စတင်နိုင်ဖို့ အကောင်းဆုံး ခွန်အား ဖြစ်စေမှာပါ။
အလုပ်ထဲရောက်လို့ ပင်ပန်းလာရင်တောင် မနက်က စားခဲ့ရတဲ့ ငါးရံ့ခြောက်ကင်နဲ့ ထမင်းဆီစမ်းအရသာကို ပြန်တွေးပြီး ပြုံးမိနေဦးမှာ အသေအချာပါပဲ။
အဝေးရောက်နေပေမဲ့လည်း ဒီလို ရိုးရှင်းပြီး နွေးထွေးတဲ့ အရသာမျိုးကို ဖန်တီးဖို့က အခုဆိုရင် ခက်ခဲမနေတော့ပါဘူး။
တစ်ခါတစ်လေမှာ လွယ်ကူရိုးရှင်းတဲ့ မနက်စာအတွက် ထမင်းဆီစမ်း၊ ထမင်းကြော်တို့နဲ့ တွဲစားဖို့ "အကြီးမ ငါးရံ့ခြောက်ကင်" ကို Burma Shop မှာ ဝယ်ယူလို့ရနေပြီနော်။
🛒Shop Now: www.burmashop.co
Website မှာ Order တင်လို့ရသလို အောက်က Page Messenger နဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။
🗨Messenger Chat: https://m.me/burmashop.co
📲Phone: +1 236 501 8815



#ငါးရံ့ခြောက်ကင်

ကနေဒါရဲ့ အေးစိမ့်တဲ့ ရာသီဥတုမှာ အိမ်ကအမေချက်ပေးတဲ့ ကြာဇံဟင်းခါး ပူပူနွေးနွေးလေးကို သတိရတာကတော့ ရှောင်လွှဲလို့မရတဲ့ အိမ်လ...
09/25/2026

ကနေဒါရဲ့ အေးစိမ့်တဲ့ ရာသီဥတုမှာ အိမ်ကအမေချက်ပေးတဲ့ ကြာဇံဟင်းခါး ပူပူနွေးနွေးလေးကို သတိရတာကတော့ ရှောင်လွှဲလို့မရတဲ့ အိမ်လွမ်းဝေဒနာတစ်ခုပါပဲ။
တစ်ခါတစ်လေ အိမ်ကိုလွမ်းလွန်းလို့ ကိုယ်တိုင်ပဲ လက်စွမ်းပြပြီး လုပ်စားဖြစ်ပေမဲ့ ဇွန်းနဲ့တစ်ခတ် မြည်းကြည့်လိုက်တိုင်း တစ်ခုခု လိုနေသလိုမျိုး ခံစားရတတ်ပါတယ်။
အဲ့ဒီလို မပြည့်စုံသလို ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ ကြာဇံဟင်းခါးရဲ့ ဘေးမှာ အမြဲဝန်းရံပေးလေ့ရှိတဲ့ "ရှောက်သီးသုပ်" ချဉ်ငံစပ်လေး မရှိလို့ပါပဲ။
ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ်ဆိုတာ ခွဲခြားလို့မရတဲ့ "Perfect Match" အတွဲအဖက်လို့တောင် ဆိုရမှာပါ။
ကြာဇံဟင်းခါးရဲ့ ငရုတ်ကောင်းနံ့ သင်းသင်းလေးနဲ့ အသားဟင်းရည် အချိုကို ရှောက်သီးရဲ့ အချဉ်ဓာတ်က ပိုပြီး ပေါ်လွင်စေတာကြောင့် စားရင်းနဲ့ ပိုပြီး မြိန်လာစေတာပါ။
ရှောက်သီးရဲ့ အချဉ်ဓာတ်၊ ငရုတ်သီးစိမ်းရဲ့ အစပ်နဲ့ ငပိ၊ ပုစွန်ခြောက်မွှေးမွှေးလေးတွေ ပေါင်းစပ်လိုက်တဲ့ ရှောက်သီးသုပ်ရဲ့ အရသာဟာ ကြာဇံဟင်းခါးကို အိမ်မှာစားရသလိုမျိုး ပိုပြီးပြည့်စုံသွားစေတော့တာပါပဲ။
ရှောက်သီးသုပ်လေး မပါတဲ့ ကြာဇံဟင်းခါးဆိုတာ ဇာတ်လိုက်မပါတဲ့ ရုပ်ရှင်လိုပါပဲ။ အမေချက်ပေးတဲ့ အရသာအတိုင်း ပြည့်ပြည့်စုံစုံ စားချင်ရင်တော့ ရှောက်သီးသုပ်လေးက မပါမဖြစ်နော်။
အိမ်မှာ အမေချက်ပေးသလို ကြာဇံဟင်းခါးနဲ့ တွဲစားဖို့အတွက် လိုက်ဖက်တဲ့ Ready Made ရှောက်သီးသုပ်လေးကို Burma Shop မှာ မှာယူနိုင်ပါတယ်။
လွမ်းနေရတဲ့ မြန်မာပြည်က အရသာအတိုင်း မြန်မာအစားအစာတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပြီမို့ အခုပဲ Burma Shop မှာ မှာယူပြီး အိမ်လွမ်းစိတ်ကို အကောင်းဆုံး အရသာတွေနဲ့ ကုစားလိုက်ရအောင်!
🛒Order Now- www.burmashop.co
website ကနေတစ်ဆင့် မှာယူလို့ရသလို
🗨Messenger Chat Box: https://m.me/burmashop.co
📲Phone: +1 2365018815
များသို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။



09/19/2026

ပိတ်ရက်မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း မြန်မာပြည်ကလို မနက်စာလေး စားလိုက်ရတာဟာ နိုင်ငံခြားရောက် မြန်မာတွေအတွက်တော့ တကယ့်မင်္ဂလာရှိတဲ့ မနက်ခင်းပါပဲ။
အပြင်မှာ နှင်းတွေကျပြီး အေးစိမ့်နေတဲ့ ရာသီဥတုမှာတော့ ရင်ထဲကိုနွေးသွားစေမယ့် မုန့်ဟင်းခါးလေးတစ်ပွဲကိုပဲ မနက်စာအဖြစ် ရွေးချယ်မိတာပေါ့။
အိမ်ထဲမှာပဲ အနွေးထည်လေးဝတ်၊ ကိုယ်တိုင်ချက်ထားတဲ့ မုန့်ဟင်းခါးအိုးထဲက အငွေ့တထောင်းထောင်းနဲ့ ရနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ရတဲ့ ခံစားချက်ကတော့ ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုပါပဲ။
ပူပူနွေးနွေး မုန့်ဟင်းခါးတစ်ပွဲကို အကြော်လေးချိုးထည့်၊ သံပရာသီးလေးညှစ်၊ ငရုတ်သီးမှုန့်လေးဖြူးပြီး အားပါးတရ စားလိုက်ရတဲ့အရသာက ရင်ထဲကိုရော စိတ်ထဲကိုပါ နွေးထွေးသွားစေတာမျိုးပါ။
အရင်လို ငါးတွေပြုတ်၊ အရိုးတွေနွှင်ပြီး အချိန်ကုန်ခံချက်နေစရာ မလိုတော့ဘဲ မိနစ်ပိုင်းအတွင်းမှာတင် အိမ်ကလက်ရာအတိုင်း မုန့်ဟင်းခါးအရသာစစ်စစ်ကို စားလို့ရနေပါပြီ။
ဗီဒီယိုထဲကအတိုင်း Ready-made အထုပ်လေးကိုသုံးပြီး ချက်လိုက်ရုံပဲမို့ "ချက်ရမှာ ပျင်းလို့" ဆိုတဲ့ အကြောင်းပြချက်တွေ ပေးစရာမလိုတော့ဘူးပေါ့။
ချက်ရတာလည်း "အေးဆေး" ပဲမို့ အားလပ်ရက်မှာ ပင်ပင်ပန်းပန်း အလုပ်ရှုပ်မခံချင်တဲ့ ကာကာတို့အတွက် အကိုက်ညီဆုံးပေါ့။
အားလပ်ရက်မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဝိုင်းဖွဲ့ပြီး အလွမ်းပြေ မုန့်ဟင်းခါးလေး ချက်စားချင်သူတွေအတွက်လည်း အဆင်ပြေတယ်နော်။
ဗန်ကူးဗားမှာပဲနေနေ၊ တိုရွန်တိုမှာပဲရှိရှိ... ကိုယ့်အိမ်မီးဖိုချောင်လေးထဲမှာတင် မြန်မာပြည်က မုန့်ဟင်းခါးဆိုင်မှာ ထိုင်စားနေရသလို အရသာမျိုးကို လွယ်လွယ်ကူကူ ဖန်တီးလိုက်ရအောင်!
အရသာလည်းရှိပြီး အချိန်အများကြီးပေးစရာမလိုတဲ့ မုန့်ဟင်းခါးလေးချက်ဖို့အတွက် လိုအပ်တဲ့ အနှစ်ထုပ်တွေနဲ့ ပဲကပ်ကြော်တွေကို Burma Shop မှာ အစုံအလင် ဝယ်ယူလို့ရပါတယ်။
ကဲ... ဒီတစ်ပတ် အားလပ်ရက်မှာ မုန့်ဟင်းခါးချက်စားဖို့ ဘယ်သူတွေ အစီအစဉ်ရှိလဲ?
အခုပဲ Burma Shop Website မှာ မှာယူလိုက်တော့နော်!
Shop Now: www.burmashop.co
Website မှာ Order တင်လို့ရသလို အောက်က Page Messenger နဲ့ ဖုန်းနံပါတ်တွေကနေလည်း ဆက်သွယ် မှာယူနိုင်ပါတယ်။
Messenger Chat: https://m.me/burmashop.co
Phone: +1 236 501 8815




Call now to connect with business.

မြန်မာလူမျိုးတွေအနေနဲ့ လက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြမ်းကို ဘယ်လိုအချိန်အခါတွေမှာ သောက်သုံးလေ့ရှိကြလဲ?မြန်မာတို့ရဲ့ နေ့စဉ်ဘဝမှ...
09/18/2026

မြန်မာလူမျိုးတွေအနေနဲ့ လက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြမ်းကို ဘယ်လိုအချိန်အခါတွေမှာ သောက်သုံးလေ့ရှိကြလဲ?
မြန်မာတို့ရဲ့ နေ့စဉ်ဘဝမှာ လက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြမ်းသောက်တာဟာ ဓလေ့တစ်ခုလို စွဲမြဲနေပါပြီ။
ပြည်ပမှာနေထိုင်တဲ့ မြန်မာလူမျိုးတွေအတွက် မြန်မာ့လက်ဖက်ရည်နဲ့ လက်ဖက်ရည်ကြမ်းရဲ့ အရသာကို လွမ်းဆွတ်တောင့်တနေကြမှာပါ။ လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်ရည်ဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဘယ်လိုနေရာယူထားလဲဆိုတာကို ပြန်ပြောင်းပြောပြချင်ပါတယ်။
လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) ယဉ်ကျေးမှု
မြန်မာ့လူမှုအဖွဲ့အစည်းမှာ လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့ဓလေ့ဟာ အင်မတန်တွင်ကျယ်တဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ မြို့တိုင်း၊ ရွာတိုင်းမှာရှိတဲ့ အိမ်တိုင်းနီးပါးမှာ ရေနွေးကြမ်းအိုးတစ်လုံးနဲ့ ခွက်ငယ်လေးတွေ အမြဲတမ်းအသင့်ရှိနေတတ်ပြီး ဧည့်သည်လာရင် အဲဒါတွေနဲ့ ပထမဆုံးဧည့်ခံလေ့ရှိပါတယ်။ ရပ်ရေးရွာရေး၊ သာရေးနာရေးကိစ္စတွေမှာလည်း လက်ဖက်ရည်ကြမ်းဝိုင်းတွေဟာ မပါမဖြစ်အရေးပါပါတယ်။
လသာတဲ့ညတွေမှာ၊ ဒါမှမဟုတ် အားလပ်ရက်တွေမှာ ရေနွေးကြမ်းဝိုင်းဖွဲ့ပြီး စကားစမြည်ပြောတာ၊ ရပ်ရွာအရေးတွေ ဆွေးနွေးတိုင်ပင်တာတွေက မြန်မာတို့ရဲ့ ရိုးရာဓလေ့တစ်ခုပါပဲ။
လက်ဖက်ရည်သောက် ဓလေ့
ခေတ်သစ်မှာတော့ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုလိုမျိုး နောက်ထပ်အမြစ်တွယ်လာတာက လက်ဖက်ရည်သောက်တဲ့ဓလေ့ပါ။ နံနက်ခင်းတိုင်းမှာ လက်ဖက်ရည်တစ်ခွက်မပါရင် မပြည့်စုံဘူးလို့တောင် ခံစားကြသူတွေ ရှိပါတယ်။
လက်ဖက်ခြောက်ကောင်းကောင်းကိုနှပ်ပြီး နို့ဆီ၊ သကြားတို့နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် စကားလက်ဆုံပြောရင်း အပန်းဖြေသောက်သုံးတတ်ကြပါတယ်။ ဒီဓလေ့လေးတွေဟာ မြန်မာ့ရိုးရာမှာ မရှိမဖြစ်ပါပဲ။
အိမ်နဲ့ဝေးနေတဲ့ ရွှေမြန်မာတွေအတွက် Burma Shop
မြန်မာပြည်နဲ့ ဝေးကွာနေပေမယ့် ဒီလိုချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေကို မမေ့နိုင်သေးတဲ့ ရွှေမြန်မာတွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။
Burma Shop မှာ မြန်မာ့ရိုးရာ လက်ဖက်ခြောက်အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ပြီး အိမ်လွမ်းစိတ်ကို ဖြေဖျောက်နိုင်ပါပြီ။ ကိုယ်ကြိုက်နှစ်သက်တဲ့ လက်ဖက်ရည်ကြမ်း ဒါမှမဟုတ် လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော်ပြီး မြန်မာပြည်ရဲ့ ရသာကို ပြန်လည်ခံစားလိုက်ပါ။
Burma Shop မှာ
ဦးကာက ကောက်ညှင်းမွှေး ရေနွေးကြမ်းလည်း ရနိုင်သလို
လက်ဖက်ရည်အနေနဲ့လည်း နဂါးပျံ အဆင့်မြင့်လက်ဖက်ခြောက်၊ Royal Myanmar Tea Mix၊ Premier 2 Plus 1 အမှတ်တံဆိပ်တွေကို ဝယ်ယူလို့ ရပါတယ်။
Burma Shop မှာ ချက်ချင်း Click ပြီး သင့်ရဲ့လက်ဖက်ရည်သောက်ချိန်ကို စတင်လိုက်ပါတော့!
Order Now- www.burmashop.co
website ကနေတစ်ဆင့် မှာယူလို့ရသလို
Messenger Chat Box: https://m.me/burmashop.co
Phone: +1 2365018815
များသို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

နွေရာသီကုန်လို့ ဆောင်းဦးရောက်လာပြီဆိုတော့ ခန္ဓာကိုယ်လေး နွေးထွေးဖို့ လိုအပ်လာပြီပေါ့။ Burma Shop မှာ အေးတဲ့ ရာသီနဲ့လိုက်...
09/16/2026

နွေရာသီကုန်လို့ ဆောင်းဦးရောက်လာပြီဆိုတော့ ခန္ဓာကိုယ်လေး နွေးထွေးဖို့ လိုအပ်လာပြီပေါ့။ Burma Shop မှာ အေးတဲ့ ရာသီနဲ့လိုက်ဖက်တဲ့ မြန်မာအစားအစာတွေ မှာယူလိုက်တောနော်!

🛒 Website မှာ စိတ်ကြိုက်ရွေးဝယ်ဖို့: www.burmashop.co
💬 Messenger ကနေ မှာယူဖို့: https://m.me/burmashop.co
📞 Phone: (236) 501-8815




နွေရာသီ ပျော်ရွှင်မှုတွေကို အိမ်ကအရသာတွေနဲ့ ဖြည့်ဆည်းဖို့.. Burma Shop ရဲ့ ရင်ခုန်စရာ Summer Sales အထူးအစီအစဉ်ကြီး လာပါပ...
07/18/2026

နွေရာသီ ပျော်ရွှင်မှုတွေကို အိမ်ကအရသာတွေနဲ့ ဖြည့်ဆည်းဖို့..
Burma Shop ရဲ့ ရင်ခုန်စရာ Summer Sales အထူးအစီအစဉ်ကြီး လာပါပြီ!

တစ်ခါတလေကျရင် ပစ္စည်းမှာချင်ပေမဲ့ ဝေးလံတဲ့ မြို့တွေက ကာကာတို့အတွက် Shipping ခတွေ ကြီးမှာ စိုးရိမ်ပြီး အော်ဒါတင်ဖို့ လက်တွန့်နေရတဲ့ နေ့ရက်တွေကို အခု Summer မှာတော့ အပြီးတိုင် မေ့ပစ်လိုက်လို့ ရပါပြီ။

ဘာလို့လဲဆိုတော့ Burma Shop ကနေ ကနေဒါရောက် မြန်မာမိသားစုတွေအားလုံး အကြိုက်ဆုံးပစ္စည်းတွေကို စိတ်ကြိုက် ချက်စား၊ စားသောက်နိုင်အောင် လုံးဝ အမိုက်စား သတင်းကောင်းတစ်ခု ယူဆောင်လာလို့ပါပဲ။

သတင်းကောင်းလေးက ဘာလဲဆိုတော့...

ကာကာတို့ ကြိုက်သလောက်မှာ၊ ကိုယ်စားချင်တာတွေကို ဘယ်လောက်ပဲ အားပေး အားပေး ကနေဒါတစ်နိုင်ငံလုံး အနှံ့ကို ပို့ဆောင်ခ Flat-rate $9.99 တည်းနဲ့တင် အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ပစ္စည်းအလေးချိန် ဘယ်လောက်ပဲဖြစ်ဖြစ်၊ ဘယ်မြို့ကပဲ မှာမှာ Shipping Fee က $9.99 ထဲမို့လို့ တကယ်ကို တန်လွန်းလို့ လက်မနှေးတမ်း မှာယူသင့်တဲ့ အခွင့်အရေးကြီးပါပဲ။

ပိတ်ရက် Picnic အတွက် လက်ဖက်သုပ်၊ အကြော်စုံတွေနဲ့ ready-made ဟင်းဘူးတွေကို ဝယ်စုမလား၊ အိမ်မှာ အလုံအလောက်ရှိအောင် Stock ဖြည့်ထားမလား... အခုပဲ စိတ်ကြိုက် ရွေးချယ်လိုက်တော့နော်။

ဒီ Summer Sales အစီအစဉ်က ပစ္စည်းတွေ အကုန်မြန်တတ်တာမို့ ကိုယ်စားချင်တာလေးတွေ လက်ဦးဖို့ အခုကတည်းက အမြန်ဆုံး အော်ဒါတင်ထားလိုက်ရအောင်။

ကိုယ့်ရဲ့ နွေရာသီ ထမင်းဝိုင်းလေးကို မြန်မာအရသာစုံစုံလင်လင်နဲ့ ဆင်နွှဲဖို့ အခုပဲ Website ထဲ ဝင်ကြည့်လိုက်တော့နော်!

🛒 Website မှာ စိတ်ကြိုက်ရွေးဝယ်ဖို့: www.burmashop.co

💬 Messenger ကနေ မှာယူဖို့: https://m.me/burmashop.co

📞 Phone: +1 236 501 8815




အပြင်မှာ ရာသီဥတုတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ... အလုပ်ကပြန်လာလို့ ပင်ပန်းနေတဲ့ညမျိုးမှာ မီးဖိုချောင်ထဲကနေ မွှေးပျံ့နေတဲ့ မြ...
07/17/2026

အပြင်မှာ ရာသီဥတုတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ... အလုပ်ကပြန်လာလို့ ပင်ပန်းနေတဲ့ညမျိုးမှာ မီးဖိုချောင်ထဲကနေ မွှေးပျံ့နေတဲ့ မြန်မာဟင်းနံ့လေးကို ရလိုက်တာနဲ့တင် စိတ်ထဲမှာ နွေးထွေးသွားရတာ ပြည်ပရောက် ရွှေမြန်မာတိုင်းရဲ့ အထူးခြားဆုံး ခံစားချက်ပါပဲ။

ကြားထဲမှာ ပစ္စည်းလေးတွေ ပြတ်သွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ကာကာတို့ကိုလည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြလို့ တကယ်ပဲ ကျေးဇူးတင်မိပါတယ်။

အခုဆိုရင် ကာကာလေးတို့ ခဏခဏ လာမေးလေ့ရှိတဲ့ အသည်းစွဲ Product တွေကို အရင်ထက် ပိုများများ၊ ပိုစုံစုံလင်လင်နဲ့ ပြန်လည်ဖြည့်တင်းပေးထားပြီးဖြစ်လို့ အရင်အတိုင်း စိတ်ကြိုက် ပြန်မှာလို့ ရနေပြီနော်။

ဒါတင်မကသေးပါဘူး... အရင်က မတင်ဖူးသေးတဲ့ မြန်မာ့အစားအစာ Brand အသစ်တွေကိုလည်း အခုတစ်ခေါက်မှာ ထပ်မံထည့်သွင်းပေးထားပါတယ်။

အလုပ်တွေ ဘယ်လောက်ပဲရှုပ်ရှုပ် မိနစ်ပိုင်းအတွင်း အမြန်ချက်စားလို့ရမယ့် Ready-to-cook အထုပ်လေးတွေရော၊ ထမင်းနဲ့မြိန်အောင်စားဖို့ Ready-made products တွေပါ အစုံအလင်မို့လို့ အိမ်ကထမင်းဝိုင်းအတိုင်း ပြန်လည်ဖန်တီးဖို့ အသင့်ပါပဲ။

လူအများကြီး စောင့်နေကြတဲ့ ပစ္စည်းတွေဖြစ်သလို အသစ်ရောက်တဲ့ အရသာတွေကလည်း အရမ်းမြန်မြန် ကုန်တတ်တာမို့လို့ လက်မနှေးဘဲ အခုပဲ ဦးဦးဖျားဖျားလေး ရွေးချယ်လိုက်ဖို့ တိုက်တွန်းပါရစေ။

ကိုယ့်ရဲ့ အသည်းစွဲ အိမ်လွမ်းစာလေးတွေနဲ့ New Arrivals ပစ္စည်းအသစ်တွေကို သိချင်ရင်တော့ အခုပဲ Website ထဲ ဝင်ကြည့်ပြီး မြန်မြန်လေး အော်ဒါတင်လိုက်တော့နော်!

👉 ကဲ... ပစ္စည်းတွေ လက်မနှေးတမ်း စိတ်ကြိုက်ပြန်မှာဖို့ Burma Shop Website ထဲကို အခုပဲ ဝင်လိုက်ရအောင်!

🛒 Website မှာ စိတ်ကြိုက်ရွေးဝယ်ဖို့: www.burmashop.co

💬 Messenger ကနေ မှာယူဖို့: https://m.me/burmashop.co

📞 Phone: +1 236 501 8815




Address

Vancouver, BC

Alerts

Be the first to know and let us send you an email when Burma Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Shop:

Shortcuts

Share

Category