Cook & Conquer by Zaw

Cook & Conquer by Zaw Cooking, knowledge sharing and lifestyle

22/05/2026

အဟာရပြည့်ဝတဲ့ သီးစုံပဲကုလားဟင်း၊ ငါးနီတူခြောက်ကြော်နဲ့ မြန်မာအလွမ်းပြေ ငါးပိထောင်း

Thai language ရပြီး Sales Experience ရှိတယ်ဆိုရင် အောက်မှာပါတဲ့ email ဖြစ်ဖြစ် သူ့ကိုပဲဖြစ်ဖြစ် ပို့ပေးပြီး လျှောက်လို့ရ...
27/09/2024

Thai language ရပြီး Sales Experience ရှိတယ်ဆိုရင် အောက်မှာပါတဲ့ email ဖြစ်ဖြစ် သူ့ကိုပဲဖြစ်ဖြစ် ပို့ပေးပြီး လျှောက်လို့ရပါတယ်နော် (screenshot မှာ name ရော email ရောပါ ပါတယ်)

Hello အားလုံးပဲ မင်္ဂလာပါရှင်Cook & Conquer by Zaw Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် 🥳ဒီတစ်ခါ မင်မင်က အလုပ်ရသွားပေမဲ့ အလု...
27/09/2024

Hello
အားလုံးပဲ မင်္ဂလာပါရှင်
Cook & Conquer by Zaw Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ် 🥳
ဒီတစ်ခါ မင်မင်က အလုပ်ရသွားပေမဲ့ အလုပ်ဆင်းဖို့ရက်ကလဲ လိုနေသေးတာမလို့ UAE မှာအလုပ်ရှာမဲ့သူတွေအတွက် CV ရေးဖို့ အခက်အခဲရှိနေတဲ့သူတွေ အင်တာဗျူး call မရဘူးဆိုတဲ့ သူတွေအတွက် မင်မင်အားနေတုန်းလေး CV လေး ပြင်ပေးပါမယ်နော် ☺️ (အခကြေးငွေ ပေးစရာမလိုပါဘူးနော်)
မင်မင် ၂ လခွဲလောက် လျှောက်ခဲ့ပါတယ် အင်တာဗျူး ၁၀ ခုကျော်လောက်အထိရခဲ့ပါတယ် အလုပ်ရပြီးတဲ့အထိလဲ အင်တာဗျူး call တွေ ရနေဆဲပါပဲရှင်
မင်မင်အားနေတုန်းလေး တတ်နိုင်သလောက်ကူညီပေးတာပါနော်
(ပုံကတော့ ဒီတိုင်းကြိုက်လို့ ထည့်ထားတာပါနော်😁)

Yuki beauty salon Al Rigga မှာ ဆန်နဲ့ဆီ လှူနေပါတယ်နော်လိုအပ်သူများသွားယူလို့ရပါတယ်
21/09/2024

Yuki beauty salon Al Rigga မှာ ဆန်နဲ့ဆီ လှူနေပါတယ်နော်
လိုအပ်သူများသွားယူလို့ရပါတယ်

Union Day to Day မှာ Starbucks 2.5 AED နဲ့ ချနေပါတယ် အရသာတော့ ၃ မျိုးတွေ့ခဲ့ပါတယ်တန်တုန်းမြန်မြန်ဝယ်ထားလိုက်နော်😁
18/09/2024

Union Day to Day မှာ Starbucks 2.5 AED နဲ့ ချနေပါတယ်
အရသာတော့ ၃ မျိုးတွေ့ခဲ့ပါတယ်
တန်တုန်းမြန်မြန်ဝယ်ထားလိုက်နော်😁

အားလုံးပဲ မင်္ဂလာပါရှင်Cook & Conquer by Zaw page မှ ပြန်လည်ကြိုဆိုပါတယ်ရှင် 👩🏻‍🍳 ဒီတခါကတော့ ကြက်အမြစ်ဆီပြန် ချက်နည်းလေး...
14/09/2024

အားလုံးပဲ မင်္ဂလာပါရှင်
Cook & Conquer by Zaw page မှ ပြန်လည်ကြိုဆိုပါတယ်ရှင် 👩🏻‍🍳
ဒီတခါကတော့ ကြက်အမြစ်ဆီပြန် ချက်နည်းလေးပါရှင် (အမြစ်နေရာမှာ ကြက်သား၊ အသဲ ဖြစ်ဖြစ် အစားထိုးပြီး ချက်လို့ရပါတယ်)
ပါဝင်ပစ္စည်းများ
ထုံးစံအတိုင်း ဒယ်အိုး ၊ ရေ နဲ့ ယောင်းမ 😁
ကြက်အမြစ်
ဆီ
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ဂျင်း၊ ခရမ်းချဉ်သီး(၁ လုံး)
ပျဉ်တော်သိမ်ရွက် ( မရှိလဲရပါတယ်နော်)
ဆနွင်းမှုန့်
ဆား၊ အချိုမှုန့်၊ ငံပြာရည် အရောင်တင်မှုန့်
မဆလာ (ကြိုက်ရင်ထည့်လို့ရပါတယ်)
ကြက်အမြစ်ကိုရေဆေးပြီး ဆနွင်း၊ ဆား အချိုမှုန့် ထည့်ပြီး နှပ်ထားပါ
ကြက်သွန်နီ အဖြူ ဂျင်းတို့အား ထောင်းထားပါ ( နုတ်နုတ်စင်းထားလဲရပါတယ်)
ခရမ်းချဉ်သီးလဲ နုတ်နုတ်စင်းထားပါ (မထည့်ချင်လဲရပါတယ်)
ဒယ်အိုးထဲ ဆီထည့်ပါ ပူလာရင် ထောင်းထားတဲ့ ကြက်သွန်နီ ၊ ဖြူ၊ ဂျင်းတို့ကို ထည့်ပါမယ်
အနံ့မွှေးပြီးအရောင်ပြောင်းလာရင် အရောင်တင်မှုန့်ထည့်ပါမယ်
ခရမ်းချဉ်သီး ထည့်ပါမယ် ဆား၊ ငံပြာရည် အချိုမှုန့် ရေအနည်းငယ်ထည့်ပြီး ကြေအောင်ချေရပါမယ် ကြေလာရင် ပျဉ်တော်သိမ်ရွက်ထည့်ပါမယ်
တော်တော်လေးကြေပြီး ဆီပြန်လာရင် နှပ်ထားတဲ့ အမြစ်ထည့်ပါမယ် ခနကြာအောင်မွှေပေးပြီး အမြစ်နူးလောက်တဲ့အထိ ရေထည့်ပါမယ် ဆီလည်ရေလည်ကြိုက်ရင် ရေအနည်းငယ်ချန်ပြီး မဆာလာအုပ် အရသာမြည်းပြီး အဆင်ပြေရင် ရပါပြီ
ဆီပြန်တာကြိုက်ရင်တော့ ရေခမ်းပြီး ဆီပြန်တဲ့အထိတည်ပြီး မဆာလာအုပ်ပြီးရင် အိုးချလို့ရပါပြီ
မင်မင်ချက်ထားတာကတော့ ဆီပြန်လေးပါ
(အမှားပါသွားရင်လဲ တောင်းပန်ပါတယ်ရှင် တစ်ယောက်နဲ့တစ်ယောက် ချက်နည်းမတူလို့ပါ)

13/09/2024

Edit CV လက်ခံတာ ပိတ်လိုက်ပါပြီ
Hello
Just for sharing
Accountant position (Fluency English & Chinese) ရတဲ့သူရှိရင် အောက်ကပေးထားတဲ့ အစ်မရဲ့ WhatsApp ကို Resume ပို့ပေးလို့ရပါတယ် (ကျွန်မနံပါတ်မဟုတ်ပါဘူးနော် အသိအစ်မက ပြောလို့ sharing လုပ်ပေးတာပါ)
056 605 9670
(လစာလဲကောင်းတယ်လို့ပြောပါတယ်)

အားလုံးပဲ မင်္ဂလာပါရှင်Cook & Conquer by Zaw Page အသစ်လေးမှ ကြိုဆိုပါတယ်ရှင်🥳👩🏻‍🍳ဒီနေ့ကတော့ သီးစုံပဲဟင်းချက်နည်းလေး တင်ပ...
05/09/2024

အားလုံးပဲ မင်္ဂလာပါရှင်
Cook & Conquer by Zaw Page အသစ်လေးမှ ကြိုဆိုပါတယ်ရှင်🥳👩🏻‍🍳
ဒီနေ့ကတော့ သီးစုံပဲဟင်းချက်နည်းလေး တင်ပေးမှာ ဖြစ်ပါတယ် (ကုလားပဲအစားထိုး ပဲနီလေးနဲ့ချက်မှာပဲဖြစ်ပါတယ်ရှင်😊)
ပါဝင်ပစ္စည်းများ
ဒယ်အိုး or ဒန်အိုး 😁
ရေ 😉
ပဲနီလေး
အာလူး
ဗူးသီး
ခရမ်းသီး
ဒန့်ဒလွန်သီး
ရုံးပတေသီး
(ကိုယ်နှစ်သက်ရာ အသီးများထပ်ထည့်လို့ရပါတယ်ရှင်)
ကြက်သွန်နီ/ ဖြူ/ ဂျင်း
ပဉ်တော်သိမ်ရွက်
ဆီ/ဆား/ အချိုမှုန့်/ ငံပြာရည်/ အရောင်တင်မှုန့်/မဆလာ တို့ပဲဖြစ်ပါတယ်

ချက်နည်း👇🏻
ပဲနီလေးကို ရေဆေးပြီး ရေစိမ်ထားပေးပါ
ထည့်မည့်အသီးများအား အနေတော် လှီးဖြတ်ပြီး ရေဆေးထားပေးပါ
ကြက်သွန်နီ၊ အဖြူ၊ ဂျင်း တို့အား နုတ်နုတ်စင်းထားပေးပါ (ထောင်းထားလဲရပါတယ်ရှင်)
အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ပူလာရင် ကြက်သွန်နီတို့အားထည့်ပါ (ဆနွင်းမှုန့်ထည့်လို့ရပါတယ်ရှင်) အနံ့မွှေးလာလျှင် အရောင်တင် အနည်းငယ်ထည့်ပါ ပြီးနောက် ရေဆေးထားသော အသီးများထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ ( ရုံးပတေသီးတော့ မထည့်သေးပါဘူးရှင် သူကနူးအိတာမြန်တာမလို့ ကျွတ်ကျွတ်လေးစားချင်လို့ နောက်ဆုံးမှ ထည့်ပါမယ်ရှင်) နူးအိတာကြိုက်ပါက ထည့်လို့ရပါတယ်
အနံ့မွှေးလာပြီဆိုရင် ပဲနီလေးထည့်ပြီး ဆီထပ်ပြီးသတ်ပါ အချိုမှုန့် ဆား ငံပြာရည်အနည်းငယ် မဆာလာထည့်ပြီး မွှေပါမယ် ပြီးရင် ရေထည့်ပါမယ်
ရေထည့်တာက အသီးတွေ ရေမြှပ်တဲ့အထိ ထည့်ပါမယါရှင် အရည်ကျဲတာကြိုက်နှစ်သက်ရင် ပိုထည့်လို့ရပါတယ်
အသီးတွေ နူးပြီ အရသာအဆင်ပြေပြီဆိုရင် ရုံးပတေသီးထည့်ပြီး ကိုယ့်စိတ်ကြိုက် အနေအထားဖြစ်ရင် ရပါပြီရှင်
အားလုံးပဲ စားကောင်းကြပါစေရှင်👩🏻‍🍳

Address

Dubai
00000

Telephone

+971542252930

Website

Alerts

Be the first to know and let us send you an email when Cook & Conquer by Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cook & Conquer by Zaw:

Share

Category